<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- data-ad-client=pub-8069393761167719 --> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d20801606\x26blogName\x3d7Monkeys\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://7monkeys.blogspot.com/search\x26blogLocale\x3den_US\x26v\x3d2\x26homepageUrl\x3dhttp://7monkeys.blogspot.com/\x26vt\x3d-6179638430644425932', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>
3 comments | Monday, October 30, 2006

ဘဝရှင်မင်းတရားအလောင်းမဟာချီးထုတ် ကြောင်ပူမင်း (ခေါ်) မောင်သန်းရွှေ နှင့် တကွ မူးတော်မတ်တော် ကျွန်ယုံတော် အပေါင်း ၉၆ ပါးသောရောဂါတို့အနက်မှ တစ်ပါးပါးဖြင့် ဖြစ်စေ၊ မတော်တဆမှုကြောင့် ပင်ဖြစ်စေ ဤနေ့ဤရက်မှစ၍ အမြန်ပင် အနိစ္စသဘောနှင့် ကိစ္စချော၍ မာလကီးယား ကြွပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

မုန်းတဲ့
မောင်မောင်ကြွား(ခ) အလက်ဇန်းဒါးမောင်ကြွားစ် (ခ) စိန်မျောက်မျောက်(a.b.c.d Prof of monkey university)
ခေတ္တ ထိုင်း၊မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ အမေရိကား၊ဩစတြေးလျ၊ အင်္ဂလန်၊ ဖင်လန်

မှတ်ချက်။ ။ပြည်တွင်းနေ့စဉ်သတင်းစာများတွင်ဖတ်ရှုရသော မွေးနေ့ဆုတောင်း၊လက်ထပ်ဆုတောင်းများမှ ဆင့်ပွားတွေးတောခံစား၍ ဤသေနေ့ဆုတောင်းကို ရေးပါသည်။

posted by သက်စံ
at 2:35 PM Permalink
1 comments

သား။ ။ဖေကြီးရေ…သားသားကျောင်းမှာ စပယ်ရှယ်မေးခွန်းတခုကိုဖြေရမယ်ဗျ။အဲဒါ ဖေကြီးကိုနည်းနည်းမေးချင်လို့။
အဖေ။ ။ကောင်းပြီလေ ငါ့သား။မေးစမ်းပါ။ဖေကြီးဖြေမှာပေါ့။
သား။ ။နိုင်ငံရေး ဆိုတာဘာလဲဟင်။
အဖေ။ ။ဒါလေးများ ငါ့သားရယ်။ ဥပမာ ဖေကြီးတို့အိမ်ကိုကြည့်ပေါ့။ ဖေကြီးက ဒီအိမ်ရဲ့ဦးစီးဆိုတော့ ဖေကြီးက သန်းရွှေ မင်းမေမေက ဖေကြီးရှာတဲ့ ပိုက်ဆံကို ထိန်းသိမ်းပေးတာဆိုတော့ ကြိုင်ကြိုင် မင်းကို ငါတို့ ကစောင့်ရှောက်ကျွေးမွေးတာဆိုတော့ မင်းက ပြည်သူပေါ့။ ငါတို့ရဲ့ အိမ်ဖော်ကတော့ အလုပ်သမားလူတန်းစားပေါ့၊ မင်းညီလေးက တော့ အနာဂတ်ပေါ့။ နားလည်ပြီလားငါ့သား။
သား။ ။သိပ်တော့နားမလည်သေးဘူးဖေကြီး။ သားစဉ်းစားလိုက်ဦးမယ်။
အဖေ။ ။အင်း…၊ စဉ်းစားလို့ အဖြေရရင်တော့ ဖေကြီးကိုပြန်ပြောပြ။ဟုတ်ပြီလားငါ့သား။
သား။ ။ဟုတ်ကဲ့ဖေကြီး
ညရောက်တော့ သားဖြစ်သူလည်း သူ့ညီလေးအော်ငိုသံကြောင့် နိုးလာပါရော။ ဒါနဲ့ ဘာကြောင့်ငိုနေတာလဲ သွားကြည့်လိုက်တော့ သူ့ညီငယ်က ချီးတွေပေပြီးငိုနေတာ သိလိုက်ရတယ်။ ချာတိတ်လည်း သူ့အဖေ အမေ နေတဲ့ အခန်းကို ပြောဖို့သွားတော့ သူ့အမေကြီးက တခေါခေါ နဲ့ဟောက်သံပေးပြီး အိပ်မောကျနေပြီးတော့ သူ့အဖေကို မတွေ့ရဘူး။ အဲဒါနဲ့ အိမ်ဖော်ကိုသွားပြောမယ်ပေါ့။ အိမ်ဖော်ရဲ့ အခန်းက အသံတွေကြားနေရတော့ ချာတိတ် သဘာဝ သိလိုစိတ်ပြင်းလာတာနဲ့ အခန်းသော့ပေါက်ကတဆင့် ချောင်းကြည့်တော့ သူ့ဖေကြီးနဲ့ အိမ်ဖော်တို့ မောက်မှားနေကြတာတွေ့လိုက်ရတယ်။ဒီလိုနဲ့နောက်ဆုံးတော့ ချာတိတ်လည်း သူ့အခန်းသူပြန်ပြီး ဘဲ အိပ်လိုက်ရတော့တယ်။
နောက်တနေ့ မိုးလင်း တော့ ချာတိတ်သူ့အဖေကိုဒီလိုပြန်ဖြေပြတယ်။
"ဖေကြီးရေ သားအခု နိုင်ငံရေးဆိုတာ ဘာလဲ ကောင်းကောင်းနားလည်ပြီဗျ။"
အဖေလုပ်သူကလဲ
"ကောင်းတာပေါ့ ငါ့သားရယ်။ဖေကြီးကို မင်းသိတဲ့ နိုင်ငံရေးအကြောင်း ရှင်းပြစမ်းပါဦးကွ "လို့ မေးလိုက်တော့
သားဖြစ်တဲ့သူက
"ဒီလိုလေ ဖေကြီးရ။ သန်းရွှေက အလုပ်သမားလူတန်းစားကို မွှေနေတဲ့ အချိန်မှာ ကြိုင်ကြိုင်က ခလောခလူးဟောက်ပြီးအိပ်ပျော်နေတယ်။ ပြည်သူလူထု က လုံးဝလစ်လျူ ရှုခံရပြီးတော့ အနာဂတ် ကတော့ ချီးတွေပေပြီး လူးလိမ့်နေတယ်ဗျ။ ဒါသားသိတဲ့ နိုင်ငံရေးဘဲ။"

မှတ်ချက်။ ။အင်တာနက်တွင်ဖတ်ရှုရသော နိုင်ငံရေး ဟာသတစ်ပုဒ်ကို ဆီလျော်စွာဘာသာပြန်ရေးချင်းဖြစ်ပါ၍ အနည်းငယ်ရိုင်းပါက ခွင့်လွှတ်ပေးကြပါရန်။

posted by သက်စံ
at 1:10 PM Permalink
3 comments




Thanx to the annonymous photo creator on the internet who gave me this idea.

posted by boedawgyi
at 11:52 AM Permalink
0 comments | Friday, October 27, 2006

The Xinhua news agency reports (via AP) that the Chinese government's Internet Society of China will "require bloggers register with authorities under their real names."

"A netizen named Xiaosha said the real name system may water down speech liberties and flexibility of bloggers, and even threaten the safety of their privacies," Xinhua news agency said.

China has more than 17 million bloggers among its huge and fast-growing market of 123 million Internet users, according to previous reports.

Learn how to blog anonymously here.

posted by သက်စံ
at 12:23 PM Permalink
2 comments

Knight Foundation ကနေပြီးတော့
cyberjournalism projects အတွက်
အမေရိကန်ဒေါ်လာ၅သန်းခန့်အကုန်အကျ
ခံမယ်လို့ဆိုပါတယ်။တသီးပုဂ္ဂလများ၊အဖွဲ့အစည်းများ၊ ကုမ္ပဏီလုပ်ငန်းများ မည်သူမဆိုဝင်ဆင်နွှဲလို့ရပါတယ်တဲ့။
သူတို့က အနာဂတ်လူ့အဖွဲ့အစည်းကို ပိုမိုဆန်းသစ်တဲ့ သတင်းနည်းပညာ အထောက်အပံ့များနဲ့ ဖွံ့ဖြိုးတိုးတက်စေခြင်တယ်လို့ဆိုပါကြောင်း။
မှတ်ချက်။ ။သရေယိုစရာကြီး၊ဒါပေမယ့် ကိုယ်တိုင်ဝင်ပါဖို့ အစီအစဉ်မရှိပါ၊ အရည်အချင်းလည်းမရှိပါ ။:)

(via EFF )

posted by သက်စံ
at 11:38 AM Permalink
1 comments | Thursday, October 26, 2006




(via reblog)

posted by သက်စံ
at 7:18 PM Permalink
2 comments | Wednesday, October 25, 2006

posted by Nharni
at 6:02 PM Permalink
3 comments

ဒီနေ့အားအားရှိတာနဲ့တနေ့ကထွက်တဲ့Timesမဂ္ဂဇင်းကိုဟိုလှန်ဒီလှန်ကြည့်နေရင်း"America by the numbers"
ဆိုတဲ့ဆောင်းပါးကိုဖတ်မိပါတယ်။ဒီအထဲကစိတ်ဝင်စားစရာအချက်အလက်လေးတွေကိုပြန်လည်မျှဝေလိုက်ပါတယ်။

ဒေါ်လာ၁၀၀၀ရရန်နာရီမည်မျှအလုပ်လုပ်ရသနည်း?

Howard Stern|ရေဒီယိုကြေညာသူ|၂၄စက္ကန့်

Dr.Phil McGraw|တီဗွီHost|၂မိနစ်၄၂စက္ကန့်

Brad Pitt|ရုပ်ရှင်မင်းသား|၄မိနစ်၄၈စက္ကန့်

Kobe Bryant|NBAကြယ်ပွင့်|၅မိနစ်၃၀စက္ကန့်

Maria Sharapova|တင်းနစ်မယ်|၆မိနစ်

Wolfgang Puck|နာမည်ကျော်စားတော်ကဲ|၇မိနစ်ခွဲ

ညွန်ကြားရေးမှုးချုပ်(average)|၂နာရီ၅၅မိနစ်

ဆရာဝန်(average)|၁၃နာရီ၅မိနစ်

ရဲအရာရှိ(average)|၄၃နာရီ

အထက်တန်းကျောင်းဆရာ(average)|၄၃နာရီ

လယ်သမား(average)|၅၇နာရီ

သန့်ရှင်းရေးသမား(average)|၁၀၃နာရီ

ဘိုးတော်ကြီး(precise)|၁၄၈.၁၄၈နာရီ တိန်...


ဗိုလ်ချုပ်မှုးကြီးသန်းရွှေ(Precise)|ဗိုလ်ချုပ်မှုးကြီးဖြစ်နေရန်သာလိုသည်..ဟိုက်


ကြံကြံဖန်ဖန်ယုံကြည်မှုစစ်တမ်း

Atlantisကဲ့သို့ရှေးဟောင်းအဆင့်မြင့်ယဉ်ကျေးမှုများရှိခဲ့သည်။(ယုံကြည်သူ၄၁%)ဘိုးတော်ကြီး say yes.

အချို့နေရာများတွင်သူရဲခြောက်တတ်သည်။(ယုံကြည်သူ၃၇%)ဘိုးတော်ကြီး say propably yes.

စိတ်စွမ်းအား၁မျိုးတည်းဖြင့်ရုပ်ဝတ္ထုကမ္ဘာကြီးအားလွှမ်းမိုးနိုင်သည်(ယုံကြည်သူ၂၈%)ဘိုးတော်ကြီး say no way.

UFOများသည်အခြားကမ္ဘာများမှအာကသယာဉ်များဖြစ်သည်။(ယုံကြည်သူ၂၅%)ဘိုးတော်ကြီး say I do believe.

နှင်းလူနှင့်နက်စီသတ္တဝါကြီးကဲ့သို့သတ္တဝါများအားတနေ့တွင်ဖေါ်ထုတ်နိုင်မည်။(ယုံကြည်သူ၁၈%)ဘိုးတော်ကြီး say not sure.

နက္ခတ်ဗေဒနှင့်အမျိုးမျိုးသောဗေဒင်၊ရှေ့ဖြစ်ဟောများနှင့်အဆင့်မြင့်ရူပဗေဒတို့ဖြင့်အနာဂတ်အားမြင်နိုင်သည်။
(ယုံကြည်သူယောက်ျား၈%)(ယုံကြည်သူမိန်းမ၁၈%)ဘိုးတော်ကြီး say I don't give a damn.

ဘိုးတော၊်မယ်တော်၊ဗေဒင်ဆရာများသည်တိုင်းပြည်အုပ်ချုပ်သူများအားလွှမ်းမိုးနိုင်သည်။ ဘိုးတော်ကြီး say ကြက်ဆူပင်တော့စိုက်နေတာပဲ...ကိန်

posted by boedawgyi
at 5:53 PM Permalink
3 comments

လွန်ခဲ့တဲ့ ၃၊ ၄ နှစ် ၁၉ ဇူလိုင် အမှတ်တရ ထုတ်ဝေတဲ့ မောင်ညို၊ နွယ်မိုးအောင် နဲ့ မောင်ကိုဝင်းတို့ရဲ့ ကဗျာစာရွက်မှ ကူးယူဖော်ပြပါသည်။ ခံစားနားလည် နိုင်ကြပါစေကုန်။

“မွေးမာတာသို့ ခွင့်ပန်လွှာ”

ခွင့်ပြုပါ အမေ
ကျနော် မိုက်ပါရစေလား။

ဆုံလည် ကုလားထိုင်ပေါ် ထိုင်ပြီး
နရသီဟပတေ့ရဲ့ ဟင်းခွက်တွေနဲ့
အတ္တကို အစာ မကျွေးပါရစေနဲ့ - အမေ။

ပန်းမွေ့ယာ၊ ရွှေကော်ဇောနဲ့
ဖျားယောင်းခံရမဲ့ ဘ၀တွေကို
ကျနော် မတပ်မက်ပါရစေနဲ့ - အမေ။

စိန်စီမြလျှမ်း၊ ရွှေနန်းပြဿဒ်ဆောင် အလယ်မှာ
ရာဇမာန် ယစ်ပြီး
ကျနော် ဘ၀ကို မချစ်ပါရစေနဲ့ - အမေ။

ခွင့်ပြုပါအမေ၊
ကျနော် မိုက်ပါရစေလား။

လူတွေရဲ့ မျက်ရည်စတွေသုတ်
ကျနော်ဟာ ပ၀ါစုတ်ကလေး ဖြစ်ပါရစေ - အမေ။

ဆူးခင်းလမ်းကို ဖြတ်ကူးမဲ့ သူတွေအတွက်
ကျနော်ဟာ
ဖိနပ်လေး တဖက် ဖြစ်ပါရစေ - အမေ။

အမေက
ကျနော့်ကို မေးတယ်
“နင် ခွေးဖြစ်ချင်သလား” တဲ့
ဟုတ်ကဲ့ - အမေ၊
သစ္စာတရားကိုသိ
ကျေးဇူးတရားကိုမြင်
သခင်အတွက်၊ အသက်ကိုမခင်တတ်သော
အကြင်သတ္တ၀ါကို
ခွေးလို့ အမည်သမုတ်ရင်
ကျနော်အဟုတ် ခွေးဖြစ်ပါရစေ - အမေ။

ဂုဏ်ယူလိုက်ပါ့ အမေ
ကျနော် မိုက်ပါရစေနော်။ ။

မောင်ကိုဝင်း

posted by generation96
at 3:20 PM Permalink
2 comments


posted by Nharni
at 10:33 AM Permalink
0 comments | Tuesday, October 24, 2006

"Bloggers are the hackers of the corrupted main stream mediocratic monopoly. Our mission is truth, our numbers are many, and we are taking back the control of the public mind. Liberating it from those whom peddle complacency, conformity, and ignorance. This is our mission and not one of us can do it alone. Join us!"
Annonymous Blogger



Click here to watch the Flash movie

posted by boedawgyi
at 1:34 PM Permalink
1 comments | Sunday, October 22, 2006

Weeklyeleven အပိုင်း ၂ အတွဲ ၂ တွင်ပါရှိသော မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေသ အထူးဆောင်းပါးသတင်းမှာ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌဦးမြတ်သင်းအောင်က ဒီလိုသုံးသပ်ထားပါတယ်။

အခုရေးဆွဲတဲ့ စက်မှုဇုန်ဥပဒေက ပြည်ပရင်းနှီးမြှုပ်နှံသူတွေအတွက် အလွန်အရေးကြီးပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ ဒီဥပဒေကိုလေ့လာပြီးမှလာကြမှာပါ။ အရင်က စက်မှုလုပ်ငန်းတွေမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုနည်းနေတာဟာ အမေရိကန်ကစီးပွားရေးပိတ်ဆို့ မှုကြောင့်လည်း မဟုတ်ပါဘူး။ နိုင်ငံ အခြေအနေကြောင့်လည်းမဟုတ်ပါဘူး။ ဒီလိုမျိုးခိုင်မာတိကျတဲ့ ဥပဒေတွေမရှိသေးလို့ ပါ။

တဆက်တည်းဖတ်ရင်းနှင့်အဆိုပါဥပဒေသည် တရုတ်နိုင်ငံမှ ရှင်ဇင်းစက်မှုဇုန်နှင့် ခပ်ဆင်ဆင်ဆွဲထားသည့်အပြင် Export and Import ၊ အမြတ်ခွန် တို့တွင် အခွန်မရှိယုံမျှမက Saletax လည်းမရှိ၊ High Tech မဟုတ်သည့် လုပ်ငန်းတို့ အား အခွန်ကင်းလွှတ်ခွင့် ၈ နှစ် သာမာန် စက်မှုလုပ်ငန်းများအား အခွန်ကင်းလွှတ်ခွင့် ၅နှစ် အစရှိတဲ့ အခွင့်အရေး မက်လုံးများ၊ ခံစားခွင့် မျာ့း ပေးထားကြောင်းသိရှိရပါသည်။ ၎င်းအပြင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း

အခုလိုတိကျတဲ့ဥပဒေတစ်ခု ပေါ်ထွက်လာမယ် ဆိုရင်တော့ မြန်မာနိုင်ငံကို ဒေါ်လာသန်းပေါင်းထောင်နှင့်ချီသော ရင်းနှီးမြှုပ်နှံမှုတွေ နေ့ခြင်းညခြင်း ရောက်လာမှာပါ လို့ ဆိုပါတယ်။

ပြဿနာတရပ်ကိုဖြေရှင်းရာတွင်ရေတိုဖြေရှင်းနည်းနှင့်ရေရှည်ဖြေရှင်းနည်း ဟူ၍နှစ်မျိုးနှစ်စားရှိသည်ကို မည်သူမဆိုနားလည်ပါသည်။့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရရှိရန် သို့ မဟုတ် မြန်မာပြည်စစ်အစိုးရ လက်ရှိအပူတပြင်းအလိုရှိနေသော ဒေါ်လာငွေကြေးအလျှင်အမြန်ရရှိရန် ရေတိုအနေဖြင့် ထိုကုန်သွယ်ရေးဥပဒေပြဋ္ဌာန်းခြင်းဖြစ်သည် ဟုကျွန်တော်ထင်မြင်ယူဆမိပါသည်။

ဆေးမြီတိုနှင့်တတ်သလောက်မှတ်သလောက် ကုကြသည်ကို မည်သို့ မျှဝေဖန် အပြစ်ပြောလို ခြင်းမရှိပါ။ သို့ပေမယ့် အရာရာကို အကောင်းဖတ်မှရှုမြင် ခြင်းသည် လောကုတ္တရာသာသနာနယ်မြေတွင် ကျင်လည်နေသူများအတွက်သာကောင်းပါသည်။ ကျွန်တော်တို့ လို လောကီရေးရာတွင်မွေ့လျောသူများ အနေဖြင့် မျှော်လင့်မထားသော ပြဿနာများနှင့် ရင်ဆိုင်ရပါက မည်ကဲ့သို့ ဖြေရှင်းမည်ကိုပါ ကြိုတင်ပြင်ဆင်ထားသင့်သည်ဟုထင်ပါသည်။

နိုင်ငံရပ်ခြားမှစီးပွားရေးရင်းနှီးမြှုပ်နှံမှုဆိုသည်နှင့် နောက်ဆက်တွဲ မလွဲမသွေရင်ဆိုင်ရမည်မှာ ငွေကြေးပြဿနာဖြစ်သည်။

၁၉၉၇ တွင် ငွေကြေးပြဿနာကြုံခဲ့ရသော အိမ်နီးချင်းထိုင်းနိုင်ငံကဲ့သို့  မဖြစ်ပွားရန်ကျွန်တော်တို့ ၏ ဘဏ်စနစ်များ မည်မျှကောင်းမွန်အောင်ပြင်ဆင်ပြီးပြီလဲ?

အောက်ဖေါ်ပြပါ ၁၉၉၂ United Nations Environment Program (UNEP) စီရင်ခံစာအရ ကျွန်တော်တို့နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံများအနက်တစ်နိုင်ငံအပါအဝင်ဖြစ်သည့် ထိုင်းနိုင်ငံသည် စက်ရုံများမှ အညစ်အကြေးစည်းကမ်းမဲ့ စွန့်ပြစ်မှုကြောင့် ဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဘေးထွက်ဆိုးကျိုး ကို ဒေါ်လာသိန်းပေါင်းများစွာ အကုန်ခံ၍ ဖြေရှင်းနေရသော နိုင်ငံများဖြစ်သည်ကို တာဝန်ရှိသူများ သတိပြုမိပါသလား?

Approximately 350 miles north of Bangkok, the area surrounding the 2.6-GW capacity Mae Moh thermal power plant complex has recorded a large number of deaths from heart failure and a high occurrence of chronic respiratory problems. The excessive levels of sulfur dioxide (SO2) being emitted in the Mae Moh valley can be attributed to 13 coal-fired power plants at the complex. There have been several notable environmental incidents involving the complex, including one instance in 1992 when excessive SO2 emissions from the power plants sent more than 1,200 villagers to the hospital. The Electricity Generating Authority (EGAT) has responded with the installation of sulfur scrubbers and has promised to take further remedial actions at its other sites.

နောင်တွင် ကျွန်တော်တို့နိုင်ငံတွင်လည်း ကျိန်းသေဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာ များအတွက်ဖြေရှင်းရန် နည်းလမ်းကောင်းများ စဉ်းစားပြီးကြပါပြီလား။ ထုံးစံအတိုင်း မီးစင်ကြည့်ကကြပါမည်လား?

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံသူများ သည် နလပိန်းတုန်းများ မဟုတ်သည်ကို သတိနည်းနည်းလေးချပ်စေခြင်ပါသည်။ ရင်မောမောနှင့် စောင့်ကြည့်ရပါဦးမည်။

မူရင်းသတင်း

Ref:Thai environmental crisis

Ref:Asia financial crisis

မှတ်ချက်။ ။ကျွန်တော်သည် စီးပွားရေးနှင့်ပတ်သတ်၍ နကန်းတလုံးမျှနားလည်မှုမရှိပါ။ မနေနိုင် မထိုင်နိုင် သိသလောက်တတ်သလောက် ဝင်ဆွေးနွေးခြင်းမျှသာဖြစ်သည်။

posted by သက်စံ
at 4:40 PM Permalink
0 comments | Thursday, October 19, 2006

စိတ်တွေလွင့်နေပုံများ စွန်တွေလေဟုန်စီးပြီး ကောင်းကင်မှာ ဝဲနေသလိုမျိုး ဝဲခနဲ ဝဲခနဲလွင့်နေတော့သည်ဲ။ သူမရောက်ချင်တဲ့ လမ်းဆုံလမ်းခွကို ဒီလိုမျိုးရောက်လာရတဲ့ အချိန်တွေမှာ စိတ်လွင့်တာ အဆိုးရွားဆုံးဘဲဖြစ်မည်။ တခါတလေတော့လည်း မမြင်ရသော ကံကြမ္မာဆိုတာပြောရခက် သည်ပင်။ ဘာလို့များ ရွေးချယ်ခွင့် နောက်ထပ် တစ်လမ်းလောက် အပိုမပေးတာလည်း လို့ အဲဒီကံကြမ္မာဆိုတာကြီးကို သူမည်သို့ ပင် စောဒကတက်စေကာမူ သူ့ကို နည်းနည်းလေးတောင် မျက်နှာသာပေးမှုဆိုသည်မှာ သူ့ဘဝတွင်မရှိခဲ့ပါ။ ဘယ်လမ်းကိုရွေး၍ ဘယ်လမ်းကိုလျှောက်ရမည်ကို သူကောင်းကောင်း သိသည်။ ဒါပေမယ့် သူ့ကိုထုနဲ့ထည်နဲ့ အမြဲလိုလိုဖိနှိပ်ထားတဲ့ သူသိပ်သဘောမကျသော ကျေးဇူးတရားများ၊ သူ့ကိုဆိုလျှင်အားကိုးတကြီး နဲ့ကြည့်တတ်သောသူ၏ အိမ်သူသက်ထား၊ နောက်ဖေးထဲက မိသားစုကြောင်အိမ်လေး၊ သူအလွန်မင်းချစ်ရသော သူ့သမီးလေး၏ ဝိုင်းစက်စက်မျက်လုံးလေး အစရှိသည်တို့က သူမသွားချင် မလျှောက်ချင်သောလမ်း ကို မလျှောက်လျှောက်အောင် အမြဲလိုလိုတွန်းအားပေးကြသည်မှာ သူ့အတွက်တော့ အလွန်အကျွံဆိုးရွားလွန်းလှသည်။ တခါတလေ သူ အစွမ်းကုန် အသံကုန် အော်ဟစ်ပြစ်လိုက်ချင်သော်လည်း နောက်ဆုံး တော့ အရင်တုန်းကအတိုင်းပင် အံကြိတ်မျိုသိပ်ခါ ဖျော့တော့လိုက်ရသည်ပင်။ ဒီခံစားချက် တွေကိုလုပ်ဖေါ်ကိုင်ဖက်တွေကို သွားပြောလျှင် သူ့ကိုဂြိုလ်သားတစ်ယောက်လို ကြည့်ပြီး ဝိုင်း ရယ်မောကြမည်ကိုလည်း သူကျိန်းသေသိသည်။ နောက်ဆုံးတော့ မသွားချင်တဲ့လမ်းကို ဘဲ မျက်လုံးစုံမှိတ် သူလျှောက်ရတော့မည်ဆိုသည်မှာ လဲ အရင်အခါတွေ အတိုင်းထူးမခြားနား ပင်ဖြစ်သည်။ ပြီးရင် သူဒါတွေကို ခဏတဖြုတ်မေ့နိုင်ဖို့ အရက်ဆိုင်သွားရဦးမည်။ သူ့ကိုယ်သူ လိမ်နိုင်ဖို့ အရက်သောက်ပြီး အားမွေးရဦးမည်။
အခုတလော သူအသက်ရှုရသည်မှာ ရှောရှောရှုရှုနှင့် မပြေပြစ်တော့၊ ရှုလို့သိပ်မဝတော့။ ရှုလိုက်တိုင်းတစ်ဆို့တစ်ဆို့ နဲ့ ကြပ်လွန်းလှသည်။ ညညမက်တတ်တဲ့ အိပ်မက်တွေထဲမှာ ခြောက်လှန့်တတ်တဲ့ တစ္ဆေလိုလို ဘာလိုလို အကောင်ကြောင့် သူဒီလို အသက်ရှုကြပ်ခြင်းများလားလို့  မတွေးချင်ပါ။ ကျန်းမာရေးကြောင့်လို့ ဘဲ ဘာသိဘာသာ တွေးပြီး စိတ်ဖြေနေရသည်။ အဲဒီတစ္ဆေကောင်ကလဲ သူ့ကို မဟားဒယား ခြိမ်းခြောက်လွန်းလှတော့ ညညအိပ်ရမည်ကို သူတဖြည်းဖြည်း ကြောက်လာသည်။ ဒါတကယ်တော့ မဖြစ်သင့်မှန်း သူသိသည်။ သူများတွေလို သူလည်းအလွယ်တကူ ရှောရှောရှုရှုထမင်းစားရေသောက် ဖြစ်သင့်သည်။ အားလုံးလဲ ဒီလိုပါဘဲ ဟု သူဖြေသိမ့်နိုင်ရမည်။ အဲဒီလို မဖြစ်သည့်အပြင် သူ့ စိတ်လွင့်မှုအခြေအနေ က တနေ့တခြား သာ၍သာဆိုးဆိုးလာသည် ကို သူလက်မခံချင်ခံချင် နဲ့ လက်ခံရသည်မှာ အလွန်အော်ဂလီဆန်စရာ ကောင်းလွန်းလှသည်။
သူငယ်ရွယ်စဉ်တုန်းက စိတ်ကူးထားခဲ့တဲ့ ဘဝအိပ်မက်သည် အခု ကြုံတွေ့ရနေတဲ့ ဘဝမျိုးမဟုတ်။ သူ့အိပ်မက်တို့ သည် ကျွမ်းကျင်သော ပန်းချီဆရာက ချယ်မှုန်းထားတဲ့ ပန်းချီကားအတိုင်း အရောင်သွေးစုံလင်စွာနှင့်တောက်ကြွားဝင့်ဝါလွန်းလှသည်။ သူရှင်သန်ကြီးပြင်းနေထိုင်တဲ့ ပတ်ဝန်းကျင်ကို မည်သို့ မည်ပုံ ပြောင်းလဲပြစ်မည် ၊ မည်သို့ မည်ပုံ အလှဆင် ပြစ်မည် အစရှိသော သူ့အိပ်မက်တို့သည် ဆွေးမြေ့ဟောင်းနွမ်းသွားသော နှစ်များနဲ့အတူ စုံးစုံးမြှုပ်သွားခဲ့သည့်အပြင် သူရွံရှာသော ယန္တယားတစ်ခု၏ ထူးမခြားနား စက်သွားတစ်ခုအနေနဲ့ သူ လည်ပတ်ပေးနေခဲ့ရပြီ။ သူ့ချစ်လှစွာသော သူငယ်ချင်းရောင်ရင်းများသည်လည်း သူ့လိုပင်အရေခွံတွေ ပြောင်းခဲ့ပြီ။ အချိန်နဲ့ အတူသူတို့ အားလုံးရဲ့  ဖြူစင်မှုတွေလည်း စွန်းပေနေတဲ့အင်္ကျီလို ညစ်နွမ်းခဲ့ပြီ။ အားလုံးသည် သူ့လို မျိုး၊ ဒါမှမဟုတ် လမ်းပေါ်တွင်တွေ့ တွေ့နေရသော သာမာန် ရုံးဝန်ထမ်းတဦး၊ ဒါမှမဟုတ် စားသောက်ဆိုင်တွင် ပန်းကုံးအမြောက်အများ စွပ်ပေးနေတဲ့ ပုံစံတူ အရောင်မကွဲ စီးပွားရေးသမား များဖြစ်ကုန်ကြလေပြီ။ သူတို့ ၏ ခပ်ကြမ်းကြမ်းခုန်ခဲ့သော အဖြူရောင် ရင်ခုန်သံများ ရပ်ဆိုင်းသွားသည်ကိုသိလိုက်ရသည်မှာ သူ့အတွက် နာကျင်ခံခက်လွန်းလှသည်။ သူတို့ နဲ့လည်းသိပ်မတွေ့ဖြစ်တော့။ မတွေ့ချင် ဆိုသည်က ပိုမှန်ပေလိမ့်မည်။ တစ်ယောက်နဲ့တစ်ယောက် အိုးတိုးအန်းတန်းမျက်နှာတွေနဲ့ ဟန်လုပ်စကားမပြောချင်တော့။ ဒီလိုနဲ့သူတစ်ယောက်ထဲ တဖြည်းဖြည်းနေသားကျလာခဲ့သည်။ အခုလက်ရှိ ဖြစ်ပျက်နေသည် ကို သူ ငြီးငွေ့လွန်းလှပြီ။ သမီးလေး သာမရှိရင် သူလုပ်ချင်ရာကိုလုပ်ပြစ်ချင်လှပြီ။ ထားပါလေ။လောလောဆယ် နောက်ထပ် အရက်တခွက်သောက်ပြီးရင်တော့ သူအိမ်ပြန်ရမည်။ သူနည်းနည်းရေချိန်ကိုက်ပြီးမူးလာသည်။ ထုံးစံအတိုင်း နောက်တရက်ကို ဟန်လုပ်၍ဖြတ်သန်းရတော့မည်။ သမီးလေးမြန်မြန်ကြီးသိပ်ကောင်းမည် ဆိုတဲ့အတွေးကို ဖြတ်ခနဲ တွေး မိတော့ သူ့ရဲ့စိတ်များတဖျတ်ဖျတ်တုန်ခါလာသည်။ လှုပ်ရှားလာသော စိတ်အစဉ်ကို သူထိန်းမရတော့။ ခေါင်းကို မော့ပြီး ရင်ခေါင်းသံနက်နက်နဲ့ သူအော်ရယ်လိုက်သည်။ မျက်ရည်တွေလည်း ရယ်သံနဲ့ အပြိုင်လှိမ့်ဆင်းလာသည်။ သူဘာဆိုဘာမှ မခြုပ်တည်းချင်တော့ပါ။ ခဏလောက်တော့ လွတ်လပ်သွားသလိုခံစားရသည်။ သူ့ကိုလာလာ ဒုက္ခပေးတဲ့ အိပ်မက်ထဲက တစ္ဆေကို သမီးလေးအတွက် အဲဒီလမ်းကို ရွေးခဲ့တာလို့ သူပြောမည်။ ထပ်ခါတလဲလဲ ပြောရင် နားလည်လောက်မည်ဟု သူထင်သည်။သူအိမ်ပြန်တော့မည်။စာကျက်ရင်း သူပြန်အလာကို စောင့်နေသည့် သမီးလေးပါးကို နမ်းချင်လှပြီ။ သူ့ရင်ထဲကဒဏ်ရာတွေကို သမီးလေးရဲ့ တုံ့ပြန်အနမ်းကဘဲ ကုသပေးနိုင်လိမ့်မည်။ သမီးလေး ဖေ့ကို မမုန်းနဲ့ နော်လို့  တီးတိုးရေရွတ်ရင်း၊ လွင့်မျောနေသော စိတ်အစဉ်ကို ချူပ်တည်းရင်း၊ သူ၏ နားခိုရာအသိုက်သို့ ခြေဦးတည့်လျက်…..

posted by သက်စံ
at 8:44 PM Permalink
2 comments

ဒေါ့ကွန်း ပူဖေါင်း v2.0 တဲ့။သူ့ကို မနှစ် က အီးဘေး ကနေပြီး အင်တာနက်တယ်လီဖုန်းကုမ္ပဏီ Skype ကို အမေရိကန်ဒေါ်လာ ၂.၆ဘီလျံနဲ့ ဝယ်ခဲ့တာကနေ စတင်ခဲ့တာလို့ ဆိုပါတယ်။ နောက်တော့ မီဒီယာတိုင်ကွန်း ရူးပတ်မါးဒေါ့က ၅၈၀မီလျံ နဲ့ အင်တာနက်မိတ်သဟာရဝက်ဘ်ဆိုဒ် myspace ကိုဝယ်ခဲ့ခြင်းအားဖြင့် တဖြည်းဖြည်းအရှိန်ရလာပြီးနောက်ပိုင်း Google ကနေပြီး တော့ ပျမ်းမျှခြင်းတနေ့ လျှင် ဗီဒီယို ကလစ်ပြုလုပ်မှု အကြိမ်အရေအတွက် ၁၀၀ မီလျံရှိတဲ့ အင်တာနက်ဗီဒီယို ဖလှယ်တဲ့ နာမည်ကြီးဝက်ဘ်ဆိုဒ်တစ်ခု youtube ကို ၁.၆၅ဘီလျံ နဲ့ ဝယ်ယူခဲ့တဲ့အချိန်မှာတော့ ဒီပူဖေါင်းကြီးဟာ ၁၉၉၁-၂၀၀၁ ခုနှစ်အချိန်များဆီကလို ကြီးမားဖေါင်းကားလာပါတော့တယ်။ ကျွန်တော်တို့ ကတော့ သူ့ပါသူ ပူခြင်ပူ ဖေါင်းခြင်ဖေါင်း နေသာသမှ လေညာကဘဲ၊ ဒါပေမယ့်ဗျာ မပြောမပြီး မတီးမမြည်ဆို သလို ရှေ့မျက်နှာနောက်ထားပြောရဦးမယ်။ ကျွန်တော်တို့ ဒီဆိုဒ်ကိုလည်း လိုချင်သူရှိရင် ပြောနော် ။ ပဲကြီးလှော်နဲ့ ပေးရင်လဲရတယ်။ ပူဖေါင်းကြီးဖေါင်းတဲ့အထဲမှာ ခေတ်နောက်မကျအောင် ဝင်ဖောင်းချင်လို့ ။ ဒါမှရွာက ဆွေမျိုးသားခြင်းတွေကို သူများထက်ထူးတဲ့နည်းနဲ့ ကြွားနိုင်မှာ။ ပြီးတော့ ငါကွဆိုပြီးလက်မထောင်နိုင်မှာ။ ပဲကြီးလှော်နဲ့ လဲလှယ်ရောင်းတာတော့ သေတောင်ပြောဘူး။

ဟဲ ဟဲ။ နောက်တာ။

TheTorontoStar
Wiki - ဒေါ့ကွန်း ပူဖေါင်း


posted by သက်စံ
at 11:36 AM Permalink
0 comments | Wednesday, October 18, 2006

ဒီနေ့  ကျွန်တော် ဂျီတောခ်ကတဆင့် ထိုင်းက မြန်မာတစ်ယောက်နဲ့ အဆက်အသွယ်ရခဲ့တယ်။ သူက မီဒီယာကို လေ့လာနေတဲ့ကျောင်းသားတစ်ယောက်လို့ ပြောပါတယ်။ ပြီးတော့ သူတို့လုပ်ထားတဲ့ ရွှေမီဒီယာဆိုတဲ့ ဝက်ဘ်ဆိုဒ်လင့်ပေးပါတယ်။ အဲဒီတော့ အဲဒီဆိုက်ဒ်ကိုသွားကြည့်လိုက်တော့ The Cross Border ဆိုတဲ့ Documentry ကိုတင်ပေးထားတာတွေ့ ရတယ်။့သူ့ဦးလေး ကမြန်မာ-ထိုင်း နယ်စပ်မှာ ရုံးကန်နေရတဲ့ ဘဝတွေကို လိုက် မေးပြီး မှတ်တမ်းတင်ထားတာလို့  ပြောပါတယ်။ စကားလည်းနည်းနည်းပြောဖြစ်ကြပါတယ်။ သူ့ဆီမှာ ပြည်တွင်းကရော ပြည်ပရောက် မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ ဓါတ်ပုံတွေ ရှိတယ်ဆိုတာ နဲ့ ကျွန်တော်လည်း သူ့ကို ကျွန်တော်တို့ ဘလောဂ်မှာ ဓါတ်ပုံအက်ဆေးလေးတွေ ဝင်ရေးပေးပါလားလို့  အကူအညီလှမ်းတောင်းလိုက်တယ်။ ထိုင်းနယ်စပ်သာမက နိမ့်ကျနေတဲ့ မြန်မာတွေရဲ့ဘဝကို ကျွန်တော်က စာတွေလောက်နဲ့ ဘဲသိတာဆိုတော့ ဒီထက်မကပိုပြီးသိချင်လာလို့ သူ့ကိုဖိတ်ခေါ်ရတာပါ။ဖြစ်နိုင်မယ်ဆိုရင် ကိုယ် ကိုယ်တိုင် အဲဒီကို သွားချင်စမ်းပါဘိ။ အခုဒီပို့စ်မှာ ဖော်ပြထားတာကတော့ The Cross Border မှတ်တမ်းရုပ်ရှင်ပါ။ဒီရုပ်ရှင်ကြည့်ပြီးတော့ ခင်ဗျားရင်ထဲမှာ လှူခြင်တမ်းခြင်တဲ့ ဆန္ဒလေးများပေါ်လာရင် ကမ္ဘာသိ နယ်စပ်ရောက်မြန်မာတွေကို အင်တိုက်အားတိုက် ကူညီပေးနေ တဲ့ ဒေါက်တာစင်သီယာမောင် တို့ ရဲ့  နိုက်တင်ဂေးလ် ဂျာနယ်မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း။ ဒါမှမဟုတ်လည်း ပြည်တွင်း မှ မိဘမဲ့ ဘုန်းကြီးကျောင်း ပညာသင်ကျောင်းများသို့ လည်း လှူဒါန်းနိုင်ပါတယ်။ ကိုယ့်လူမျိုးကို စောင့်ရှောက်ခြင်းသည် အင်မတန်မှ လူပီသတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ စာထဲကလို ဆိုရင်တော့ အုပ်တစ်ချပ် သဲတစ်ပွင့် ပေါ့ဗျာ။ ဒါပေမယ့် အဲဒီ အုပ်တစ်ချပ် သဲတစ်ပွင့် တွေပေါင်းမှခိုင်မာတိုးတက်တဲ့ တိုင်းပြည်တစ်ပြည် ဖြစ်လာမှာမဟုတ်ဖူးလားခင်မျာ။ ခင်ဗျားတို့  ကျွန်တော်တို့ တတ်သိတတ်ကျွမ်းတဲ့ ပညာရပ်များ နဲ့ ကျွန်တော်တို့ တိုင်းပြည်ကို ပြန်လည်ထူထောင် ကြပါစို့ လားဗျား။


posted by သက်စံ
at 3:32 PM Permalink
5 comments | Tuesday, October 17, 2006



ဖျော့တော့တော့နေရောင်ခြည်သည် လှောင်ပိတ်နေသော ရန်ကုန်ဆောင်းတနေ့၏ နောက်ဆုံးနာရီအချို့ အား တတ်အားသမျှ အလင်းရောင်ပေးနေသည်။ မကြာမီနေဝင်တော့မည်။ အိပ်တန်းတက်ရန် ပြင်နေသောငှက်များအား ဟိုတစုဒီတစုတွေ့နေရသည်။ တခါတရံ ဝှေ့ရန်းရောက်ရှိလာသော အရှေ့မြောက်လေသာမကယ်လျှင် ဆောင်းညနေခင်းဟု ယုံကြည်ရန်အတော်ပင်ခက်လိမ့်မည်။ အလွန်ပင်ပူနွေးအိုက်စပ်လွန်နေသည်လေ။
ဆူးလေးဝန်းကျင်တဝိုက်သည် ထောင်သောင်းချီသော လှုပ်ရှားသွာလာသူများနှင့်အတူ ထုံးစံအတိုင်းမွဲခြောက်ခြောက်အသွင်ဖြင့် ဆောင့်ကြောင့်ထိုင်နေသည်။ ကားအိပ်ဇောမှအမည်းရောင်မီးခိုးငွေ့များ၊ ဆိုင်ခန်းအသီသီး လမ်းဘေးဆိုင်အမျိုးမျိုးတို့မှကျပ်ခိုးများ
နှင့်ညှော်နံ့များ၊ ကဋေကဍာမကသောဖုန်မှုန့်များ၊ လူမျိုးစုံတို့၏ကိုယ်ငွေ့အဖုံဖုံနှင့်.. လေထုသည် မည်သည့်အခါမျှ အရေးတယူတိုင်းထွာဖူးခြင်းမရှိသဖြင့် တိတ်တဆိတ်သာကြိတ်၍ ညစ်ညမ်းနေရရှာသည်။ ရွေးချယ်စရာမရှိသောသတ္တဝါ အပေါင်းသည် ထိုသကောင့် သားလေအား တရှိုက်မက်မက် ရှုသွင်းရှုထုတ်လျှက် အောင့်သက်သက်ဖြင့်အသက်ဆက်နေကြသည်။ အရွယ်အစားအမျိုးမျိုးသော ယင်ကောင်များနှင့် အသက်ပြင်းလှသော ခွေးလေခွေးလွင့်အချို့ကလည်း မြို့တော်ခန်းမအားပမာမခန့်ပြုနေကြသည်။

ထိုစဉ်ဆူးလေညနေသည် ဆယ်ကျော်သက်အရွယ် လိုင်းကားစပယ်ယာတဦး၏ ပြာတာတာ မပြီမသဈေးခေါ်သံနှင့် နိုးထအသက်ဝင်လာသည်။ ဆူးလေညနေသည်ဘေးဘီဝဲယာကိုလည့်ပတ်ကြည့်ရှုရင်း နေ့စဉ်တာဝန်ဝတ္တရားတခုအား စတင်ရန်လုပ်ဆောင်လေသည်။ ဦးစွာပထမ သူ၏အိုဟောင်း၍ဝါကျန့်ကျန့်ဖြစ်နေသော မှတ်စုစာအုပ်အဟောင်းကြီးနှင့် ခဲတံတိုလေးအားထုတ်၏။ လွန်လေပြီးသောသက္ကရာဇ်များမှ ဆူးလေတဝိုက်အဖြစ်အပျက်များသည် ထိုမှတ်စုစာအုပ်ဟောင်းလေးပေါ်တွင် အက္ခရာများအဖြစ်မြှုပ်နှံခြင်း ခံထားရသည်။ ထို့နောက် ကြေမွနေသော အဝတ်အစားတို့အား ခါ၍တမျိုးဆွဲ၍တဖုံဖြင့်ကြည့်ကောင်းအောင် ပြုပြင်သေး၏။ ယခုတော့အသင့်ဖြစ်ပြီ။

ဆူးလေညနေသည် သူ၏ပတ်ဝန်းကျင်အား အညိုရောင်မျက်လုံးများဖြင့် အသေးစိတ်ကြည့်ရှုမှတ်သားနေသည်။ နှစ်ပေါင်းများစွာအတွေ့အကြုံရင့်ကျက်နေပြီဖြစ်သည့် မျက်လုံးများသည် အရာရာကိုမြင်နေရသည်။ ပါးလျှသောနားအစုံသည် အရာရာကိုကြားနေရသည်။
ကောက်ညှင်းထုပ်ကြီးများနှင့်တူသော ဘက်စ်ကားကြီးများအားလည်း မထူးဆန်းတော့သလို ငေးကြည့်နေမိသည်။ ကောက်ညှင်းထုပ်ထဲသို့အထုပ်ခံနေရသော လူများတို့အားလည်း ခုချိန်တွင်မသနားမိတော့။ အတွေ့အကြုံက သင်ကြားပြသပေးသွားပြီးပြီ။ လူပေါင်းများစွာထဲမှ အိမ်ပြန်ချိန်မျက်ဝန်းများအား ဆူးလေညနေသည် ဖယ်ထုတ်မှတ်သားကြည့်နေသည်။ အစိုးရရုံးဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဆိုင်အမျိုးမျိုးမှအလုပ်သမားများ၊ ဆောက်လက်စအဆောက်အအုံများမှအလုပ်သမားများ၊ ကျောင်းသားကျောင်းသူများ၊ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိလာပြီး အကြောင်းအမျိုးမျိုးကြောင့်ပြန်ရမည့်သူများ..၊ အိမ်တွင်စောင့်မျှော်နေမည့်အမေအို၊ အဖေအို၊ ခင်ပွန်း၊ ဇနီးသည်၊ တီတီတာတာသားသမီးများ။ ဘဝယန္တရားအားအရှိန်ပြင်းပြင်းလည်ပတ်စေသောလောင်စာများ..။ ထိုအချိန်တွင် အနီးဝန်းကျင်တဝိုက်ရှိမီးများအားလုံး ရုတ်ချည်းအမှောင်ကျသွားသည်။ မီးပြတ်သွားခြင်းဘဲဖြစ်ရမည်။ အထိုက်အတန့်သော ကာလလေးတခုတော့ အတန်ငယ်အဆင်မပြေဖြစ်သွားရသည်။ သို့သော်မိနစ်ပိုင်းအတွင်း တဒိုင်းဒိုင်းနှင့်အော်ဟစ်တတ်သော ဒေါသကြီးသည့်ကိုယ်ပိုင်မီးစက်ငယ်များက အလင်းရောင်တချို့တဝက်ကိုပြန်လည်ထုတ်လွတ်ပေးကြသည်၊ဆူးလေညနေသည် မတော်တဆမီးပျက်သွားသောနေ့များ၊ မတော်တဆမီးဖျက်သွားသောနေ့များ၊ တမင်သက်သက်မီးပျက်သွားသောနေ့များ၊ တမင်သက်သက်မီးဖျက်သွားသောနေ့များ.. သည်တို့အားပြန်လှန်ကြည့်ရှုရင်း ခဏတာမျှအလုပ်ရှုပ်သွားရသည်။

ဦးထုတ်ဖြူဆောင်းထားသောလူတဦး စူရှသည့်ခရာသံတခုအား ညှစ်ထုတ်လိုက်သည်ကို မြင်လိုက်သည်။ နောက်ဆက်တွဲမည်သို့ဖြစ်မည်ကို ဆူးလေညနေအပါအဝင်ကလေးရော ခွေးပါမကျန်အားလုံးသိကြသည်။ အချို့ကတော့စပ်စုစွာဖြင့် အနားသို့ကပ်၍သွားကြည့်၏။ ဆူးလေညနေကတော့ မနေ့ကပေါင်းများစွာလို မျက်နှာလွှဲနေလိုက်သည်။ နေလုံးလုံးဝင်သွားချေပြီ။ မကြာမီတာဝန်ချိန်ကုန်ဆုံးတော့ မည်။အရာရာသည် ဆူးလေးဝန်းကျင်တဝိုက်တွင် ဖြစ်သင့်သည့်အတိုင်းဖြစ်ပျက်နေကြသည်။ ဝရုံးသုန်းကားလူအုပ်ကြီးများ၊ ကားတန်းကြီးများ၊ ညစ်ပတ်ပေပွနေသောဆိုင်များနှင့်စားသူံးသူများ၊ အေးဓမြတိုက်နေသူများနှင့် ဓါးပြအတိုက်ခံရသူများ၊ နေသားတကျရှိလွန်းလှသည်။

ဝိုးတဝါးလရောင်အောက်တွင် ဆူးလေညနေသည် ညချမ်းအတွက် ထွက်ခွါရန်အသင့်ဖြစ်နေသည်။ မှတ်စုစာအုပ်ကြီးအားလည်း နေသားတကျထားခဲ့ပြီးပြီ။
နောက်ဆုံးမထွက်ခွါမီ..

သမင်လည်ပြန်တချက်ဖြင့် နောက်ဆုံးကြည့်မိလိုက်သည်။ ဖြစ်သလိုပေါ့ကျတခွက်ဖြင့် ဘဝကိုစားမြှုန့်ပြန်နေသည့်ခေါင်းဖြူဖြူအောက်တန်းစားရေးကြီးတစ်ဦး၊ ငွေတစ်ရာတန်တစ်ရွက်အား
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း အရက်ဝယ်နေသည့် ကုန်ထမ်းသမားတစ်ဦး၊ အရင်းပြုတ်သွာ့း၍ငိုမဲ့မဲ့ဖြစ်နေသော ပါးကွက်ကြားနှင့်ဟင်းရွက်သည်မိန်းမ၊ ညစာစားရရန်မသေချာတော့သော ရောင်းမကောင်းသည့် ၈နှစ်အရွယ်ပူပေါင်းသည်လေး၊ နယ်ရှိမိသားစုကိုသာငွေပြန်ပို့နိုင်ရန်အမြဲစဉ်းစားနေသော တောင်ပံမပါသည့် ညဥ့်ငှက်မလေး၊ ညစောင့်တာဝန်ထမ်းရန် လှမ်းလာနေသောပင်စင်စားအဖိုးအိုတစ်ဦး။ ပူလောင်လှသော သက်ပြင်းရှည်တခုမှုတ်ထုတ်သံကို မည်သူမျှမကြားလိုက်ပါ။ သိန်းရာကျော်တန်ကားကြီးကားငယ် အသွယ်သွယ်ကတော့ ဆူးလေအဝိုင်းကြီးအားဝိုင်းကြီးပတ်ပတ်ဒူဝေဝေဖြင့်ကခုန်လျှက်။

posted by boedawgyi
at 4:27 PM Permalink
0 comments

untitled
By Bobbi Dykema Katsanis

the desert ripples
and the vultures dance
over fresh carrion.

the giant deadly jellyfish unfurls
and billows in the wind.

"it is finished,"
is what they thought he said.
which was ridiculous,
for it had just begun.
(via poetsagainstthewar)

posted by သက်စံ
at 3:29 PM Permalink
0 comments

အာဟာရစာစောင် အမှတ်၆၈ မှ
Click image for better view. Sorry for inconvinience.

မိတ်ဆွေစစ်
ရေးသူ - အောင်ဆန်းစုကြည်


posted by သက်စံ
at 12:42 PM Permalink
0 comments

တခါသုံးမေးလ်များ
mailinator.com(My favorite one)
anonymousspeech.com
sharpmail

အွန်လိုင်းလျှောက်လွှာတင်ရလွန်းလို့ စိတ်ညစ်နေလား?
fakenamegeneratorအမေရိကန်၊ ဂျပန်၊ တရုတ်၊ အင်္ဂလန် နှင့် အခြားနိုင်ငံများမှ လိပ်စာတွေကို တခါသုံး သုံးလို့ ရပါတယ်။
Pookmail ကလောလောဆယ်ဆာဗာဒေါင်းနေတဲ့အတွက်သုံးလို့မရပါဘူး။
ကျွန်တော်ကတော့ fakenamegenerator က ရမ်ဒမ်ကျလာတဲ့ ကိုယ်ရေးအချက်အလက် နဲ့  mailinator ကိုတွဲသုံးပါတယ်။ သုံးရသလောက် ဝက်ဘ်ဆိုဒ်တော်တော်များ မှာ တခါသုံးမေးလ်တွေကို မစစ်ဆေးထားသေးတဲ့ အတွက် အဆင်ပြေနေပါသေးတယ်။
bugmenot
အသေးစိတ် ကိုတော့ LifeHackerမှာဖတ်နိုင်ပါတယ်။ ကိုယ့်အတွက် အဆင်ပြေသလို ကြုတ်ကျက်လိပေါ့ဗျာ။
Proxy List : 250+ working proxies for safe access from work/school
အွန်လိုင်းမှာ ကိုယ်ရှာဖွေခဲ့တဲ့ စကားလုံးတွေကို တခြားလူမသိစေချင်ဘူး သို့ မဟုတ် Big Brother ရဲ့ စောင့်ကြည့်တာမခံချင်ဘူးဆိုရင် blackboxsearch ကိုသုံးနိုင်ပါတယ်။
Big Brother ဆိုတာကတော့ တရုတ်ကပါပါကြီးတွေကိုသူတို့ ဆီမှာခေါ်ကြတာပါ။

မှတ်ချက်။ ။ ၁၈ နှစ်အထက်များအတွက်သာလျှင်ဖြစ်သည်။

posted by သက်စံ
at 11:18 AM Permalink
0 comments | Monday, October 16, 2006

After Enjoying the Movie together

Years of hunger
And our longing
All were satisfied
On that very day.
Wow! How good it was!
Don't need to ask each other's opinion
Super goodness shown in the eyes,
Super goodness shown in the smiles.
Oh, yes,
We're satisfied
As we came back
After enjoying Su Su Nway movie.


There're hamlets and villages,
Small towns and large towns,
Skyscrapers, too
All of us
Without a blink but with full intent
Enjoyed it to the very end.


Like their
'Erin Bronkovich'
Our Su Su Nway movie, too,
Is an excellent movie,
Dare and courageous, but humble one.
Can challenge to theirs,
See the ending scene.
The judge who read out the verdict
Showed her hands trembling
Indifferent Su Su Nway was
Like the heap of flowers on her head.

Dare, calm, and thumb upping.
Lo!, even the red seemed pale today
In front of her bravery.


Merging Ayeyerwady with Thanlwin
And with several streams
Making echoing sound of flowing
As if applauding her
And Yoma ranges, too, were
Applauding by
Rumbling sound of forests.

Each and every episode,
Our martyrs’ve sacrificed their lives.
Spartacus and his slave soldiers,
William Wallace and his Scottish soldiers
All were joining us
Applauding sound overwhelm.
And to such applauding sound,
We didn't need to tell each other to listen,
The ears in our breasts hear them.
Oh, yes!
We could our thumbs up,
Raise our heads,
And boast to our hearts' content,
As we came back
After enjoying Su Su Nway movie.

(Translated by Mya Than Nyunt)

(Original Burmese poem Watching Su Su Nway Movie, by Aung Ko Thett)

source: burmadigest

posted by သက်စံ
at 9:45 AM Permalink
1 comments | Saturday, October 14, 2006




You dont like seeing these? Unplesant? Tough? You could make a difference, we all could make a difference. I m just curious about how kyaw san would comments on these clips.

Take a bow to free burma rangers!!!

Watch "This is our home"

Watch"The enemy came"

Watch"In hiding"

Watch"Fear and Hope"

Watch"Burma diary" Trailer

Watch"Student Power" Trailer

posted by boedawgyi
at 4:39 AM Permalink
0 comments | Friday, October 13, 2006

အွန်လိုင်းဖိုက်တင်ပွဲကြီးပွဲကောင်း တွေ အလကားကြည့်ရတော့မယ်ဗျို့ ။

ဒီအပတ်ထဲမှာ Google ကနေ YouTubeကို အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလျံ နဲ့ ဝယ်ပြီး YouTube ကနေ GooTubeအဖြစ်ပြောင်းတော့မှာသိပြီးတဲ့သူတွေလည်းသိပြီးပြီလို့ထင်ပါတယ်။ဒီကနေ့ ဂါးဒီယန်းသတင်းစာမှာ တော့ Time Warner က နေပြီးတော့ Google နဲ့ YouTube ကို မူပိုင်ခွင့်ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲမယ်
လို့ ဆိုပါတယ်။ ဟိုတလောတုန်းကလဲ
Universal Music ကနေပြီးတော့ YouTube နဲ့ Myspaceကို ဒီမူပိုင်ခွင့် ဥပဒေချိုးဖောက်မှုနဲ့ ဘဲတရားစွဲ မယ်ဘာညာဖြစ်ကြသေးတယ်။ ဘာလို့လဲဆိုတော့ YouTubeကိုလာတဲ့ သုံးစွဲသူ ၆၀-၇၀% က အွန်လိုင်းမိတ်သဟာရဝက်ဘ်ဆိုက်ဒ်တွေကနေလာကြ တာ
မို့လို့တဲ့။အဲဒီထဲမှာမှ
MySpaceကသူတို့ဆီမှာနာမည်အကြီးဆုံးဆိုတော့သူပါအချောင်ခံရတာပေါ့။သိပ်စိတ်ကြီး ကြတာဘဲနော်။ပြီးတော့ MySpaceကလဲ ဒီကြားထဲမှာ အသက်၁၄ နှစ်အရွယ် ကောင်မလေး တစ်ယောက်ရဲ့ အမေကနေပြီး အမေရိကန်ဒေါ်လာ ၃၀မီလျံနဲ့ တရားစွဲဆိုတာကို ခံထားရသေးတယ်။ အသေးစိတ်ကိုတော့ဒီမှာ ဖတ်လို့ရပါတယ်။အခုဟာက အပင်မြင့်လို့ လေတိုက်တာမဟုတ်ဖူး။ စောင့်ကြည့်နေကြတာ။ အကွက်ဝင်ပြီ ဆိုမှ ဖြတ်ခနဲ လှမ်းကစ်တာ။ ကွန်ဖူးကစ်နဲ့ ။ ဒါတွေဖတ်ပြီး သားသားလည် ဘယ်သူ့ဆူးရကောင်းမလဲလို့ စိတ်ထဲဖြစ်လာတယ်။ ကန်တော့ပါရဲ့ ။ဆူးစရာ ဘယ်သူမှတော့မရှိဘူး ဖင်ငြောင့်ရိုးဘဲရှိတယ်။ ဟီး ဟီး။

(via BoingBoing)

မှတ်ချက်။ မည်သူ့ကိုမှမရည်ရွယ်ပါ။ကျွန်တော်လည်းပိုင်းရိတ်စ်တွေကိုသုံးနေသူဖြစ်ပါသည်။နာမည်ကြီးကော်ပိုရေးရှင်းများဖြစ်ပျက်နေပုံကို စိတ်ဝင်စားယုံ သက်သက်မျှသာဖြစ်ပါကြောင်း။

posted by သက်စံ
at 3:36 PM Permalink
0 comments

POPjisyoဆိုတဲ့ ဝက်ဘ်ဆိုဒ်ကို del.icio.us မှာ မွှေရင်းတွေ့ လိုက်ရတာပါ။ ajax ကိုအသုံးပြုထားတဲ့ အွန်လိုင်းအဘိဓာန်ပါ။ Japanese, Chinese, Korean English Spain တော်တော်လေးစုံပါတယ်။ ခန်းဂျီးအတွက် ဒုက္ခရောက်နေတဲ့ ကျွန်တော့်အတွက်လဲ အဆင်တော်တော်ပြေသွားတယ်။ ခန်းဂျီးစာလုံး တွေပေါ် မောက်စ်ကို ထောက်လိုက်ရင် အသံထွက်ရော အဓိပ္ပါယ်ပါ ရှင်းပြပေးထားပါတယ်။

နောက်တခုက freetube နဲ့ viidoo ပါ။ အွန်လိုင်း ဘရောက်ကတ်စ်တင်း ဝက်ဘ်ဆိုက်ဒ်တွေပါ။ နှစ်ခုလုံး espn တို့ဘာတို့ ညာတို့ကြည့်လို့ ရပါတယ်။ freetube က ဒေါင်းလုတ် လုပ်စရာမလိုပါဘူး။ ဒါပေမယ့် ကျွန်တော် espn ကို ကြည့်ကြည့်တော့ ပြတ်တောင်းတောင်းဖြစ်နေတယ်။ ဘန့်ဝစ်နဲ့ ဆိုင်မယ်ထင်တယ်။ ဘာဘဲပြောပြော ဂြိုလ်တုစလောင်းမရှိတဲ့ ကျွန်တော့်အတွက် အိုကေသွားပြန်ရော။ viidoo ကတော့ ဒေါင်းလုတ်လုပ်ပြီးမှကြည့်လို့ ရတယ်။ မစမ်းရသေးဘူး။


viidoo အတွက် ကျေးဇူး တီကောင်ရေ(သူ့ ဂျီတောခ် မက်ဆေ့ခ်ျ ကသိရတာ)
photoshop brush list sites- psbrushes ? fractured-sanity ? grunge ? brushes.500ml ဒီဇိုင်းဝါသနာကြီးသူတွေအတွက်ပါ။
ပထမဦးဆုံး ဝက်ဘ်ဒိုမိန်းနာမည် ကိုသီချင်းဆိုပြတဲ့ ဝက်ဘ်ဆိုဒ် ။ကြံကြံဖန်ဖန် ထူးတယ်နော်။

posted by သက်စံ
at 12:48 PM Permalink
2 comments | Thursday, October 12, 2006

ဒီကိစ္စနဲ့ပတ်သက်လို့ကျနော်တို့ကျောင်းမှာတရုပ်ကျောင်းသားတွေရဲ့ဟောပြောမှုတွေကြောင့်တစ်ကျောင်းလုံးသိသွား
ကြပါတယ်။တဖြည်းဖြည်းနဲ့Globalအတိုင်းအတာထိသွားနေပါပြီ။ဒါကြောင့်လည်းအာဏာရှင်တွေဟာကျောင်းတွေ
နဲ့ကျောင်းသားတွေကိုသေမလောက်ကြောက်ကြတာပါ။



posted by boedawgyi
at 3:21 PM Permalink
1 comments

Martial Law 9/11:Rise of the Police state





Click here to watch the 2 and a half hour Documentary on Google Video

posted by boedawgyi
at 3:03 PM Permalink
3 comments | Wednesday, October 11, 2006

ဒီကနေ့  ဒီဗွီဘီ သတင်းကိုဖတ်လိုက်ရတော့ မနေ့ ညကအမျိုးသားညီလာခံသတင်းကို ကြည့်ခဲ့မိ၍ ညစ်ညူးခဲ့ရသော ကျွန်တော်၏ စိတ်များ အဖြူရောင်သတင်းနှင့်အတူ ကြည်လင်သွားရပါတော့သည်။ ကျွန်တော်တို့ မြန်မာပြည်သူလူထုသည် ၈၈၈၈ ကာလများဆီကကဲ့သို့ အမှန်တကယ်ပင် သွေးစည်း ညီညွတ်လာသည်ကို ဖတ်ရှုရသည်မှာ ဘာနှင့်မှမတူ အရသာထူးကဲလှပါသည်။ ဤအဖြူရောင်လှုပ်ရှားမှု မှတဆင့် ကျွန်တော်တို့ မြန်မာပြည်သူ များ အနှစ်နှစ်အလလ အိပ်မက်ခဲ့ရသော ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းနိုင်လိမ့်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။

အဖြူရောင် အင်္ကျီဝတ်ကြမည်
ကလေးများ လည်းဝတ်ကြမည်
လူကြီးများ လည်းဝတ်ကြမည်
မသိသူများအားပြောကြမည်
အားလုံးညီညာ ဝတ်ကြမည်
အဖြူရောင် အင်္ကျီဝတ်ကြမည်၊ ၊.

posted by သက်စံ
at 11:01 AM Permalink
0 comments | Tuesday, October 10, 2006




ဒီဗွီဘီ မှ ပြန်လည်ကောက်နှုတ်သည်။

posted by သက်စံ
at 2:17 PM Permalink
0 comments

မနှစ်က ဂျပန်တွင် (၂၃) နှစ် အရွယ် ရထား မောင်းသူ၏ မကျွမ်းကျင်မှုကြောင့် မတော်တဆ ရထားတိမ်းမှောက်၍ လူအများအပြား သေကြေပျက်စီးခဲ့ပါသည်။ ဂျပန် နိုင်ငံ ရထားချွတ်ချော်တိမ်းဆောင်းမှု သမိုင်းတွေ လူအများဆုံး ပျက်စီးရခြင်းဖြစ်သည် ဟု သတင်းများတွင်ဖတ်ရှုခဲ့ရသည်။

ရထားမောင်းသူ၏ အမှား ဆိုသည်ကို ပြောစရာမလို အောင် လူတိုင်းသိပါသည်။ သို့ပေမယ့် အဆိုပါ JR ကုမ္ပဏီမှ ဥက္ကဋ္ဌနှင့်တကွ အကြီးအကဲများသည် ရုပ်မြင်သံကြားမှတဆင့် ဂျပန်ပြည်သူလူထုနှင့် သေဆုံးခဲ့ကြသော ကာယကံရှင်များ၏ မိသားစုများကို အနူးအညွတ်တောင်းပန်ခဲ့ကြသည်။ ဒါတင်မက ကာယကံရှင်တို့ ၏ ရက်လည်ဆုတောင်းပွဲများသို့ တအိမ်တက်ဆင်း သွားရောက် ၍ မကျေနပ်သူမိသားစု ဝင်များ၏ အဆူအဆဲ အငေါက်ကို ခံခဲ့ကြရတာ ကျွန်တော်ကြည့်ရှုခဲ့ရသည်။ ဘာကြောင့် သူတို့ တွေ ဒီလိုလုပ်ကြတာလဲ? လူ့အသက်တစ်ချောင်းသည် ပုရွတ်ဆိတ်အသက်တစ်ချောင်းမဟုတ်ပါ။ လူတစ်ယောက်၏ အသက်သည်အလွန်ရခဲသည် ဆိုသော ဘုရားဟောလည်းရှိသည်။သို့ဆိုလျှင် လူတစ်ယောက်မဟုတ်ဘဲ လူပေါင်း တစ်ရာကျော်ခန့် သေဆုံးခဲ့သော အဆိုပါဖြစ်ရပ်အတွက် JR ၏ခေါင်းဆောင်များက တာဝန်ယူရမည်မှာ ဓမ္မတာပင်ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုတွင်အဖွဲ့ ၏ကောင်းကျိုး ဆိုးကျိုးဟူ သမျှကို ထိုအဖွဲ့ အစည်း၏ခေါင်းဆောင်က တာဝန်ယူရမည်မဟုတ်ပါလော။

မနေ့ကကျွန်တော်နှင့်အတူနေသော ဦးလေးကြီးသည် အခုတလော လူပြောများသော သုံးလောင်းပြိုင် လူသတ်မှုဇာတ်ကားကြည့်နေသည်ကို ကျွန်တော်တွေ့လိုက်ရသည်။ အဆိုပါ ဇာတ်ကားမထွက်မှီ ထိုဇာတ်ကားနှင့် ပတ်သတ်သော သတင်းကို ဒီဗွီဘီမှာ ဖတ်ရှုပြီးကတည်းက ကျွန်တော် ကြည့်ချင်စိတ်လုံးဝမရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ထိုအမှုနှင့်ပတ်သတ်၍ သတင်းစာရှင်းလင်းပွဲတွင် ရဲချူပ်ခင်ရီ ပြောခဲ့သောတာဝန်မဲ့စကားများ။ မပြီးပြတ်သေးသောအမှုဖြစ်သောကြောင့် သက်ဆိုင်သူကာယကံရှင်တရားလို တရားခံတို့ ၏ အခွင့်အရေးကို ချိုးဖောက်ရာရောက်ခြင်း ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မည်မျှတော်ကြောင်း ဝါဒဖြန့်ယုံသက်သက်မျှသာဖြစ်ခြင်း စသည်တို့ ကြောင့်ဖြစ်သည်။ ပြီးတော့ ရဲချူပ်ခင်ရီကို အကယ်၍ အသတ်ခံရသော သူများမှာ လူကြီးမင်း၏ အိမ်သူအိမ်သားများ ဖြစ်ပါမူ မည်သို့တုံ့ပြန်မည်လဲလို့။ အမှုမပြီးပြတ်သေးသော်ငြား ခွင့်တောင်းခြင်းစိုးစဉ်းမရှိ ဗီဒီယိုဇာတ်ကားရိုက်ခွင့်ပေးပါမည်လောလို့  ကျွန်တော်မေးချင်ပါသေးသည်။

ဦးသန့်အရေးအခင်း၊ ၈၈၈၈လေးလုံးအရေးခင်းများ အတွက်ဆိုပါမူ မည်သူများက တာဝန်ယူဖြေရှင်းပေးခဲ့ပါသလဲ။ ယနေ့အထိ ဤဖြစ်ရပ်များ ကိုတာဝန်ယူမဖြေရှင်းပေးသေးပါ။ ဝန်မခံရဲသည့်အပြင် ဗြောင်ညာနေခဲ့သည်မှာယနေ့ထက်တိုင်ပင်ဖြစ်သည်။သေသူမှာ ထောင်ပေါင်းမြောက်များစွာသော ပြည်သူများ ၊သတ်သူမှာ အမိန့်မှလွဲ၍ ဘာမှမသိသော စစ်သားများ။ ပစ်မိန့်ပေးသောဗိုလ်ကြီးများနှင့်တကွထိုစဉ်ကပါဝင်ပတ်သတ်ခဲ့သောယနေ့မြန်မာပြည်စစ်ခေါင်းဆောင်များတွင် အပြည့်အဝ တာဝန်ရှိသည်မဟုတ်ပါလော။ သို့ တိုင်အောင် ၈၈မျိုးဆက် ကျောင်းသားများက အဆိုပါစပ်ဆုပ်ရွံရှာဖွယ် အဖြစ်ဆိုးကြီးများကို သင်ပုန်းချေ၍ အများပြည်သူကောင်းကျိုးအတွက်၊ အမျူိးသားပြန်လည်သင့်မြတ်ရေးအတွက်၊စေ့စပ်ဆွေးနွေးရေးလုပ်ရန်အရေးဆိုမှုများကို အမြော်အမြင်ရှိရှိ မစဉ်းစားဘဲ ထပ်မံဖမ်းဆီးသည်မှာ အလွန်ပင်ရှက်ဖွယ်လိလိဖြစ်ပါတော့သည်။ ကျွန်တော့်၏ နောင်မျိုးဆက်သားသမီးများ ကို အာဏာတည်မြဲဖို့ ဆိုလျှင် ဘုန်းကြီး၊ကျောင်းသား မည်သူမှမချန် မရှင်းဂန်း နှင့် အပြတ်ရှင်းတတ်သော ပြည်သတ် တပ်မတော်ခေါင်းဆောင်မျာ်းလက်အောက်တွင် မကြီးပြင်းစေလိုသည်မှာ ကျွန်တော်၏ ဆန္ဒပင်ဖြစ်ပါသည်။

posted by သက်စံ
at 1:02 PM Permalink
2 comments | Monday, October 09, 2006

အင်တာနက် မသုံးရတာ ၂ရက်လောက်ကြာသွားတယ်။ ဒီနေ့ ပြန်သုံးတော့ ပြည်တွင်းမှာဘာများထူးမလဲဆိုပြီး dvb မှာသွားဖတ်တော့ White Expression ခေါ် အဖြူရောင်ဖော်ပြချက်လှုပ်ရှားမှုဆိုတဲ့ သတင်းကိုဖတ်လိုက်ရတယ်။အလွန်ကောင်းမွန်ပြီး ထိရောက်မှုရှိတဲ့ စိတ်ကူးပါဘဲ။စာတတ်သူ၊ စာမတတ်သူ၊ မြို့သူမြို့သား၊ ရွာသူရွာသား၊ ကျောင်းသား၊ အရပ်သား၊ ဈေးသည်၊ ကုန်သည်၊ ဝန်ထမ်း အစရှိတဲ့ မြန်မာပြည်သူတွေရဲ့  ဆန္ဒကို တစ်စုံတစ်ရာသော ခြိမ်းခြောက်မှုမပါ ဘဲ ငြိမ်းငြိမ်းချမ်းချမ်း စည်းကမ်းရှိရှိ ဖော်ထုတ်ပြသနိုင်တော့မယ်။ ဘယ်လို ဖော်ထုတ်ပြသမှာလဲ ဆိုတာကိုတော့ မူရင်းသတင်းမှာ ရှင်းပြထားပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ၊ ဦခွန်ထွန်းဦး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများ ကို မတရားဖမ်းဆီး ထားမှုမှ ချွင်းချက်မရှိပြန်လွှတ်ပေးဖို့ လက်မှတ်ရေးထိုးတောင်းဆိုမှု ဟာလဲ မြန်မာနိုင်ငံအရပ်ရပ် မြို့နယ်ကျေးရွာများအထိပြန့် နှံ့ လို့ နေပြီဆိုတာကိုလဲ သတင်းတွေမှာ ဖတ်လိုက်ရ လို့အရင့်အရင်ကထက် အားတွေတက်လာပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေင်္စီကို အနှေးနဲ့ အမြန် ရရှိတော့မှာမို့  သူငယ်ချင်းတို့ ရေ……. အင်္ကျီဖြူဖြူလေးတွေ ဝတ်ပြီးတော့ ညီညွတ်ခြင်းကိုပြကြပါစို့ ရဲ့ ။

posted by သက်စံ
at 11:25 AM Permalink
0 comments | Friday, October 06, 2006

Google release new code search feature yesterday. Just like popular code search engine koders and krugle. Here is funny commets within codes.

you idiot
heee heee
I love
I hate
i hate my job

here is dark codes
Key generation algorithm for WinZip
Wordpress usernames and passwords.
(via kottke)

I don't have any idea to post. That's why reblog.

posted by သက်စံ
at 12:40 PM Permalink
1 comments | Thursday, October 05, 2006

အွန်လိုင်း ပေါ်မှာ တစ်ယောက်
နဲ့ တစ်ယောက်ပြောဆိုနေတာကို တခြားဘယ်သူမှ ခိုးနားထောင်လို့ မရတဲ့ နည်းလမ်းတွေကို
Toorcon hacker conference ကနေ ကြေငြာလိုက်ပြီဆိုတဲ့အကြောင်း Boing Boing Feed မှတဆင့်သိလိုက်ရပါတယ်။ နာမည်ကြီး Anti-Censorware Software Tor ကိုဘဲသုံးထားတယ်လို့ ဆိုပါတယ်။ ဘယ်လို သုံးရလဲဆိုတာကိုတော့ ဒီပေ့ခ်ျ မှာ ရှင်းပြထားပါတယ်။ ဒါကတော့ သူတို့ ဆိုဒ်မှာ ရေးထားတာပါ။ ဘာဘဲဖြစ်ဖြစ်လေ လိုအပ်တဲ့သူတွေ အတွက် အသုံးဝင်လိမ့်
မယ်လို့ ယူဆပါတယ်။

This year at Toorcon we had a talk that was done fully anonymously over Tor. As far as we can tell, it's the first anonymous talk ever given at a conference. Alan Bradley and Kevin Flynn gave the talk on methods for circumvent and conceal software copyright protection which technically violates the DMCA. Hopefully this sort of format will be used in the future to talk about somewhat controversial subjects without having to worry about the speakers being arrested (like Dmitry Sklyarov at Defcon and Steven Rambam at Hope). Alan Bradley ended up posting up his notes on how he got the talk to work, and so I just thought I'd share it in hopes that other conferences will adopt this setup.

posted by သက်စံ
at 4:57 PM Permalink
0 comments




















Fear is the mother of morality

နစ်ရှေးရဲ့  အတွေးအခေါ်တွေကို ကာတွန်းပုံလေးတွေနဲ့  ဒီ ဝက်ဘ်ဆိုဒမှာ လေ့လာနိုင်ပါတယ်။

posted by သက်စံ
at 1:39 PM Permalink
1 comments | Monday, October 02, 2006

ဟိုတလောက ကျွန်တော့်မှာ ယောင်ချာချာ ခပ်ပျင်းပျင်း ရှိတာနဲ့  မိတ်ဆွေကြီး ပေါသွပ်တို့ ကာတွန်းပြည်ကို အလည်သွားဦးမှဘဲလို့ စိတ်ကူးမိတယ်။ ကိုယ်တော်ချော ကလည်း လာပါလာပါ ခေါ်လွန်းတာ အကြိမ်ပေါင်းသောင်းသန်းချီနေပြီ။ ကျွန်တော်ကသာ နေ့ ရွှေ့ညရွှေ့  ဖင်လှည့်ခေါင်းလှည့် လုပ်နေတာ။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး လေယာဉ်လက်မှတ် ဝယ်ပြီး ကာတွန်းနေပြည်တော်ကို လယ်လယ်သွားတယ်ဆိုပါတော့။ အခုရေးမှာက နေပြည်တော်သွားတောလား ခရီးသွားဆောင်းပါးသဘောပေါ့ဗျာ။ လေဆိပ်ရောက်တယ်ဆိုရင်ဘဲ ကိုယ့်ဆရာသမိန်ပေါသွပ် ၊ အာဖျံကွီး တို့  ၊တွတ်ပီ နဲ့ မသေးမျှင် တပည့်ကျော်ဗိုက်ကလေးတို့တပျော်တပါးကြီးလာကြိုကြတာ ဝမ်းသာစရာဗျား ။ ဒါနဲ့ ပြောရအုံးမယ်။ ပေါသွပ်ကလည်းအစစအရာရာပြောင်းသွားလိုက်တာ သူ့ အထိမ်းအမှတ် ဝက်ခုတ်ဓါးဘဲ ကျန်တော့တယ်။ ဘွတ်နဲ့ ပန်နဲ့ အော်ဂလီ ဂလဲနဲ့ ။အာဖျံကွီးကတော့ သိပ်မပြောင်း ဘူး ။ အရင်စတိုင် အတိုင်းဘဲ။ တခု ဘဲ ဝတ်ထားတာတွေက အတော်ဈေးကြီးပုံရမယ်။ မြိုင်ရာဇာဆရာတွတ်ပီလည်း ထိုနည်းလည်းကောင်း ဘဲ ဂတုံးပြောင်နေတာဘဲကွာတယ်။ ဦးထုပ်တောင် အက်ဒီးဒက်စ်နဲ့ တယ်မိုက်နေတာပေါ့။ မဒမ်မသေးမျှင်က ရင်ရှားနဲ့မဟုတ်တော့။ အပေါ်က တစ်ချောင်းကြိုးနဲ အောက်က့ရှောတ်စကပ်နဲ့ ဗျား ။လန်ထွက်နေ တာ။ လန်ထွက်နေတာ။ ဗိုက်ခေါက်ပြောပါတယ်။ ဗိုက်ကလေး က ဟစ်ဟော့စတိုင်အပြည့်နဲ့ ။ သူစကားပြောရင် ကျွန်တော့်မှာ သူ့လက်ကိုမနည်းရှောင်နေရတယ်။ ဘာဘဲဖြစ်ဖြစ်လေ ကိုယ့်လူတွေနဲ့ ပြန်ဆုံရတော့ ဘယ်ပြောကောင်းမလဲ အတော်ကြီးကိုပျော်တာပေါ့။
ယုံချင်ယုံ မယုံရင်ကာတွန်းလို့ သာမှတ်တော့။ မိတ်ဆွေတွေက အရင်ကလိုမဟုတ်တော့ဘူး။ အားလုံးဟော့ရှောတ်တွေဖြစ်ပြီး အပီမိုက်နေတယ်ဗျာ။
လာကြိုတဲ့ကားကအစ ၆ပေါက်နော် ၆ပေါက်။ ဟာ ဟာ ဟား။ တစ်ကြိမ်တစ်ခါတောင် ဘဝမှာစီးဖူးတာမဟုတ်ဖူး။ အခုမှ ဆရာ ပေါသွပ်အားကိုးနဲ့ ကောင်းစားနေတာ။ ခင်ဗျားတောင် မနာလို ဖြစ်နေပြီမဟုတ်လား။ ဒီလိုနဲ့ ကျွန်တော့်ကို သူတို့ ရဲ့ နေပြည်တော် ကိုခေါ်သွားတာပေါ့ဗျာ။ လမ်းမှာတော့ မတွေ့ တာကြာတဲ့ မိတ်ဆွေတွေ ထုံးစံအတိုင်း အော်ကြီးဟစ်ကျယ်တွေပြောလိုက်ကြ ရီလိုက်ကြပေါ့။ အဲဒီလို ပြောဆိုကြည့်မှ သိရတာ။ အခု လက်ရှိကာတွန်းပြည်ရဲ့  ဘုရင်ကြီးက အာတာလွတ်ကြီးတဲ့။ ပေါသွပ်က သူ့သမီး ရှင်ဂွမ်းဂွိ နဲ့ ကြိုက်ပြီး အိုကေမှာ စိုပြေနေတာတဲ့။ အာဖျံကွီးက ပေါသွပ်ရဲ့  ကိုယ်ရံတော် ဖြစ်လို့ ။ အလွတ်စုံထောက်မလုပ်တော့ဘူးဆိုဘဲ။ မြိုင်ရာဇာ တွတ်ပီကတော့ တောမှာ အမဲမလိုက်တော့ ဘူး မြို့ တက်ပြီး အမဲလိုက်ပြီး ဟန်ကျ၊ မသေးမျှင်က တဖက်တလမ်းက အလုံးစီးပွားရေးလုပ် ၊ ဗိုက်ကလေးက သူ့ဆရာ ကိုလည်းကူ သူ့အမကိုလည်းကူ အားရင်တော့ သူဝါသနာ ဟစ်ဟော့စီးရီးထုတ်ဖို့ လေ့ကျင့်နေတယ်တဲ့ဗျ။ အားလုံးက အသီးသီး အဆင်ပြေနေတယ်ဆိုတော့ ကောင်းတာပေါ့။ ဒီလိုနဲ့ သွားရင်းလာရင်း နဲ့ လမ်းမှာ အာဖျံကွီး ကားကိုရပ် ကားကိုရပ်လို့ အော်ပါလေရော။ ကျွန်တော်လည်း ဘာဖြစ်တာလဲဆိုပြီး လန့်သွားတယ်။ နောက်မှ ဘယ်ဟုတ်မလဲ။ ကာတွန်း ပုလိပ် က အလေးမပြု လို့ ဆိုပြီး ဂျပန်ပါးရိုက်သလို ဖြောင်းဖြောင်းဖြောင်းနဲ့  ဘယ်ပြန်ညာပြန်ရိုက်တာဗျာ ကျွန်တော် လေသွားတယ်။
ကျွန်တော်ကဘာလို့ အဲဒီလိုရိုက်တာလဲလို့ မေး တော့
ပေါသွပ်ကဒီလိုပြောတယ်။
ဒီကောင်တွေကို အဲဒီလို မဆက်ဆံလို့ မရဘူးကွ။ နို့ မဟုတ်ရင် ကာတွန်းပါးဝမှာ၊ မင်းဘာသိလို့ လဲ။ မင်းမသိတာတွေအများကြီးရှိတယ်။ နောက်ဆိုရင် မင်းသိလာမှာ။ အခုတော့ မင်းရောက်တုန်းရောက်ခိုက် ခေါင်းအစားခံ စဉ်းစားမနေနဲ့ ။ဟုတ်ပြီလား။
ကျွန်တော်လည်း “အေးပါကွာ။ အေးပါကွာ။ ငါမစဉ်းစားတော့ပါဘူးလို့ ”ပြန်ပြောလိုက်ရတယ်။
နောက်ဆုံးတော့ ပေါသွပ်ရဲ့ နန်းတော်တမျှခမ်းနားကြီးကျယ်တဲ့ အိမ်ကြီးကိုရောက်တယ်ဆိုပါတော့ဗျာ။ အားလားလား ကျွန်တော့်မှာ အိမ်ကြီးကိုကြည့်ပြီး သေးသိမ်သွားသလို ခံစားရတယ်။ ဒီလို ခံစားချက် ခင်ဗျားလည်းသိမှာပါ။ ကိုယ်မကြုံဘူးတဲ့ ခမ်းနားခြင်းတွေ ကြုံရရင် အလိုလိုဖြစ်တဲ့ခံစားချက်ပေါ့ဗျာ။ ထားပါ ဒါတွေ။ အဲဒီ အိမ်ကြီးမှာ အဆောင်တွေအခန်းတွေများသလိုအခြွေအရံတွေလည်းအများကြီးဘဲ။အားလုံးကပြာပြာသလဲ အတော်ကြောက်ရပုံဘဲ။ ပေါသွပ်ကိုခေါ်တာက သခင်ကြီး တဲ့။ ဟီး ဟီး။ ကြားကြားချင်းကျွန်တော့် စိတ်ထဲမှာ ယားကျိကျိနဲ့ တမျိုးဘဲ။ အားလုံးက အသစ်အဆန်းချည်းလိုဖြစ်နေတယ်။ ကျွန်တော့်ကိုတော့ ဧည့်သည်တော်ကြီးလို့ ခေါ်ကြတယ်။ပေါသွပ်ခေါ်ခိုင်းတာနဲ့တူတယ်။ကလေးလိုပွေ့မချီယုံတမယ် တော်တော်လည်းဂရုစိုက်ကြတယ်။ အိမ်တော်ထိန်းကြီးက ဘယ်သူလည်းမှတ်တယ် သေချာကြည့်မှ ပေတရာ ဖြစ်နေတယ်။ သူက ဒီအိမ်ကြီးမှာ ပေါသွပ်ပြီးရင် ဗိုလ်ဘဲနဲ့ တူတယ်။
ဘာကြောင့်လဲဆိုတော့ အားလုံးက သူ့ကိုလည်းကြောက်ရလို့ ဗျ။ နောက်တော့ ပေတရာစီစဉ်ပေးမှုနဲ့ ကျွန်တော်လည်း ရှန်ပိန်နဲ့ ဂျကူဇီဆိမ်၊ဆေးပြင်းလိပ်ကြီးကိုခဲ။ အဟဲ တစ်ယောက်ထဲတော့ မဟုတ်ဖူးနော့်။ မဒီချောလေး တစ်ယောက်တစ်ဖက် ခြံရံပြီးတော့ ဇရက်မင်းစည်းစိမ်ခံစားတာ။စည်းစိမ်ခံတာ။ ပေါသွပ် ကလည်းကျွန်တော့်လိုဘဲ။ ဆိုတော့ အားလုံးပေါင်းတော့၆ယောက်။ မဒီလေးတွေကတော့ အဟိ။ ဘေးကနေ ချေးတွန်းပေးတာပါ။သူတို့ အဲဒီလို ပြုစုပေးနေတုန်း ကျွန်တော်ကလည်း ရုပ်ရှင်တွေထဲ က အတိုင်း မျက်လုံးကို ခပ်မှေးမှေးလေးစဉ်းပြီး ပေါသွပ်ကို သိချင်တာလေးတွေဗျူးမလို့ စကားလေးဘာလေး အစပျိုးဖို့လုပ်ရော သူက သိပ်ဖြေချင်ပုံမရတော့ ကျွန်တော်လည်း မဗျူးတော့ဘဲ ပါးစပ်ပိတ်ပြီး ဇိမ်ခံနေလိုက်တယ်။

To Be Continue


posted by သက်စံ
at 12:27 PM Permalink