အွန်လိုင်းဖိုက်တင်ပွဲကြီးပွဲကောင်း တွေ အလကားကြည့်ရတော့မယ်ဗျို့ ။
ဒီအပတ်ထဲမှာ Google ကနေ YouTubeကို အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလျံ နဲ့ ဝယ်ပြီး YouTube ကနေ GooTubeအဖြစ်ပြောင်းတော့မှာသိပြီးတဲ့သူတွေလည်းသိပြီးပြီလို့ထင်ပါတယ်။ဒီကနေ့ ဂါးဒီယန်းသတင်းစာမှာ တော့ Time Warner က နေပြီးတော့ Google နဲ့ YouTube ကို မူပိုင်ခွင့်ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲမယ်
လို့ ဆိုပါတယ်။ ဟိုတလောတုန်းကလဲ Universal Music ကနေပြီးတော့ YouTube နဲ့ Myspaceကို ဒီမူပိုင်ခွင့် ဥပဒေချိုးဖောက်မှုနဲ့ ဘဲတရားစွဲ မယ်ဘာညာဖြစ်ကြသေးတယ်။ ဘာလို့လဲဆိုတော့ YouTubeကိုလာတဲ့ သုံးစွဲသူ ၆၀-၇၀% က အွန်လိုင်းမိတ်သဟာရဝက်ဘ်ဆိုက်ဒ်တွေကနေလာကြ တာ
မို့လို့တဲ့။အဲဒီထဲမှာမှMySpaceကသူတို့ဆီမှာနာမည်အကြီးဆုံးဆိုတော့သူပါအချောင်ခံရတာပေါ့။သိပ်စိတ်ကြီး ကြတာဘဲနော်။ပြီးတော့ MySpaceကလဲ ဒီကြားထဲမှာ အသက်၁၄ နှစ်အရွယ် ကောင်မလေး တစ်ယောက်ရဲ့ အမေကနေပြီး အမေရိကန်ဒေါ်လာ ၃၀မီလျံနဲ့ တရားစွဲဆိုတာကို ခံထားရသေးတယ်။ အသေးစိတ်ကိုတော့ဒီမှာ ဖတ်လို့ရပါတယ်။အခုဟာက အပင်မြင့်လို့ လေတိုက်တာမဟုတ်ဖူး။ စောင့်ကြည့်နေကြတာ။ အကွက်ဝင်ပြီ ဆိုမှ ဖြတ်ခနဲ လှမ်းကစ်တာ။ ကွန်ဖူးကစ်နဲ့ ။ ဒါတွေဖတ်ပြီး သားသားလည်း ဘယ်သူ့ဆူးရကောင်းမလဲလို့ စိတ်ထဲဖြစ်လာတယ်။ ကန်တော့ပါရဲ့ ။ဆူးစရာ ဘယ်သူမှတော့မရှိဘူး ဖင်ငြောင့်ရိုးဘဲရှိတယ်။ ဟီး ဟီး။
(via BoingBoing)
မှတ်ချက်။ မည်သူ့ကိုမှမရည်ရွယ်ပါ။ကျွန်တော်လည်းပိုင်းရိတ်စ်တွေကိုသုံးနေသူဖြစ်ပါသည်။နာမည်ကြီးကော်ပိုရေးရှင်းများဖြစ်ပျက်နေပုံကို စိတ်ဝင်စားယုံ သက်သက်မျှသာဖြစ်ပါကြောင်း။
0 Comments:
Post a Comment
<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။