<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- data-ad-client=pub-8069393761167719 --> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d20801606\x26blogName\x3d7Monkeys\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://7monkeys.blogspot.com/search\x26blogLocale\x3den_US\x26v\x3d2\x26homepageUrl\x3dhttp://7monkeys.blogspot.com/\x26vt\x3d-6179638430644425932', where: document.getElementById("navbar-iframe-container"), id: "navbar-iframe", messageHandlersFilter: gapi.iframes.CROSS_ORIGIN_IFRAMES_FILTER, messageHandlers: { 'blogger-ping': function() {} } }); } }); </script>
0 comments | Thursday, October 19, 2006

စိတ်တွေလွင့်နေပုံများ စွန်တွေလေဟုန်စီးပြီး ကောင်းကင်မှာ ဝဲနေသလိုမျိုး ဝဲခနဲ ဝဲခနဲလွင့်နေတော့သည်ဲ။ သူမရောက်ချင်တဲ့ လမ်းဆုံလမ်းခွကို ဒီလိုမျိုးရောက်လာရတဲ့ အချိန်တွေမှာ စိတ်လွင့်တာ အဆိုးရွားဆုံးဘဲဖြစ်မည်။ တခါတလေတော့လည်း မမြင်ရသော ကံကြမ္မာဆိုတာပြောရခက် သည်ပင်။ ဘာလို့များ ရွေးချယ်ခွင့် နောက်ထပ် တစ်လမ်းလောက် အပိုမပေးတာလည်း လို့ အဲဒီကံကြမ္မာဆိုတာကြီးကို သူမည်သို့ ပင် စောဒကတက်စေကာမူ သူ့ကို နည်းနည်းလေးတောင် မျက်နှာသာပေးမှုဆိုသည်မှာ သူ့ဘဝတွင်မရှိခဲ့ပါ။ ဘယ်လမ်းကိုရွေး၍ ဘယ်လမ်းကိုလျှောက်ရမည်ကို သူကောင်းကောင်း သိသည်။ ဒါပေမယ့် သူ့ကိုထုနဲ့ထည်နဲ့ အမြဲလိုလိုဖိနှိပ်ထားတဲ့ သူသိပ်သဘောမကျသော ကျေးဇူးတရားများ၊ သူ့ကိုဆိုလျှင်အားကိုးတကြီး နဲ့ကြည့်တတ်သောသူ၏ အိမ်သူသက်ထား၊ နောက်ဖေးထဲက မိသားစုကြောင်အိမ်လေး၊ သူအလွန်မင်းချစ်ရသော သူ့သမီးလေး၏ ဝိုင်းစက်စက်မျက်လုံးလေး အစရှိသည်တို့က သူမသွားချင် မလျှောက်ချင်သောလမ်း ကို မလျှောက်လျှောက်အောင် အမြဲလိုလိုတွန်းအားပေးကြသည်မှာ သူ့အတွက်တော့ အလွန်အကျွံဆိုးရွားလွန်းလှသည်။ တခါတလေ သူ အစွမ်းကုန် အသံကုန် အော်ဟစ်ပြစ်လိုက်ချင်သော်လည်း နောက်ဆုံး တော့ အရင်တုန်းကအတိုင်းပင် အံကြိတ်မျိုသိပ်ခါ ဖျော့တော့လိုက်ရသည်ပင်။ ဒီခံစားချက် တွေကိုလုပ်ဖေါ်ကိုင်ဖက်တွေကို သွားပြောလျှင် သူ့ကိုဂြိုလ်သားတစ်ယောက်လို ကြည့်ပြီး ဝိုင်း ရယ်မောကြမည်ကိုလည်း သူကျိန်းသေသိသည်။ နောက်ဆုံးတော့ မသွားချင်တဲ့လမ်းကို ဘဲ မျက်လုံးစုံမှိတ် သူလျှောက်ရတော့မည်ဆိုသည်မှာ လဲ အရင်အခါတွေ အတိုင်းထူးမခြားနား ပင်ဖြစ်သည်။ ပြီးရင် သူဒါတွေကို ခဏတဖြုတ်မေ့နိုင်ဖို့ အရက်ဆိုင်သွားရဦးမည်။ သူ့ကိုယ်သူ လိမ်နိုင်ဖို့ အရက်သောက်ပြီး အားမွေးရဦးမည်။
အခုတလော သူအသက်ရှုရသည်မှာ ရှောရှောရှုရှုနှင့် မပြေပြစ်တော့၊ ရှုလို့သိပ်မဝတော့။ ရှုလိုက်တိုင်းတစ်ဆို့တစ်ဆို့ နဲ့ ကြပ်လွန်းလှသည်။ ညညမက်တတ်တဲ့ အိပ်မက်တွေထဲမှာ ခြောက်လှန့်တတ်တဲ့ တစ္ဆေလိုလို ဘာလိုလို အကောင်ကြောင့် သူဒီလို အသက်ရှုကြပ်ခြင်းများလားလို့  မတွေးချင်ပါ။ ကျန်းမာရေးကြောင့်လို့ ဘဲ ဘာသိဘာသာ တွေးပြီး စိတ်ဖြေနေရသည်။ အဲဒီတစ္ဆေကောင်ကလဲ သူ့ကို မဟားဒယား ခြိမ်းခြောက်လွန်းလှတော့ ညညအိပ်ရမည်ကို သူတဖြည်းဖြည်း ကြောက်လာသည်။ ဒါတကယ်တော့ မဖြစ်သင့်မှန်း သူသိသည်။ သူများတွေလို သူလည်းအလွယ်တကူ ရှောရှောရှုရှုထမင်းစားရေသောက် ဖြစ်သင့်သည်။ အားလုံးလဲ ဒီလိုပါဘဲ ဟု သူဖြေသိမ့်နိုင်ရမည်။ အဲဒီလို မဖြစ်သည့်အပြင် သူ့ စိတ်လွင့်မှုအခြေအနေ က တနေ့တခြား သာ၍သာဆိုးဆိုးလာသည် ကို သူလက်မခံချင်ခံချင် နဲ့ လက်ခံရသည်မှာ အလွန်အော်ဂလီဆန်စရာ ကောင်းလွန်းလှသည်။
သူငယ်ရွယ်စဉ်တုန်းက စိတ်ကူးထားခဲ့တဲ့ ဘဝအိပ်မက်သည် အခု ကြုံတွေ့ရနေတဲ့ ဘဝမျိုးမဟုတ်။ သူ့အိပ်မက်တို့ သည် ကျွမ်းကျင်သော ပန်းချီဆရာက ချယ်မှုန်းထားတဲ့ ပန်းချီကားအတိုင်း အရောင်သွေးစုံလင်စွာနှင့်တောက်ကြွားဝင့်ဝါလွန်းလှသည်။ သူရှင်သန်ကြီးပြင်းနေထိုင်တဲ့ ပတ်ဝန်းကျင်ကို မည်သို့ မည်ပုံ ပြောင်းလဲပြစ်မည် ၊ မည်သို့ မည်ပုံ အလှဆင် ပြစ်မည် အစရှိသော သူ့အိပ်မက်တို့သည် ဆွေးမြေ့ဟောင်းနွမ်းသွားသော နှစ်များနဲ့အတူ စုံးစုံးမြှုပ်သွားခဲ့သည့်အပြင် သူရွံရှာသော ယန္တယားတစ်ခု၏ ထူးမခြားနား စက်သွားတစ်ခုအနေနဲ့ သူ လည်ပတ်ပေးနေခဲ့ရပြီ။ သူ့ချစ်လှစွာသော သူငယ်ချင်းရောင်ရင်းများသည်လည်း သူ့လိုပင်အရေခွံတွေ ပြောင်းခဲ့ပြီ။ အချိန်နဲ့ အတူသူတို့ အားလုံးရဲ့  ဖြူစင်မှုတွေလည်း စွန်းပေနေတဲ့အင်္ကျီလို ညစ်နွမ်းခဲ့ပြီ။ အားလုံးသည် သူ့လို မျိုး၊ ဒါမှမဟုတ် လမ်းပေါ်တွင်တွေ့ တွေ့နေရသော သာမာန် ရုံးဝန်ထမ်းတဦး၊ ဒါမှမဟုတ် စားသောက်ဆိုင်တွင် ပန်းကုံးအမြောက်အများ စွပ်ပေးနေတဲ့ ပုံစံတူ အရောင်မကွဲ စီးပွားရေးသမား များဖြစ်ကုန်ကြလေပြီ။ သူတို့ ၏ ခပ်ကြမ်းကြမ်းခုန်ခဲ့သော အဖြူရောင် ရင်ခုန်သံများ ရပ်ဆိုင်းသွားသည်ကိုသိလိုက်ရသည်မှာ သူ့အတွက် နာကျင်ခံခက်လွန်းလှသည်။ သူတို့ နဲ့လည်းသိပ်မတွေ့ဖြစ်တော့။ မတွေ့ချင် ဆိုသည်က ပိုမှန်ပေလိမ့်မည်။ တစ်ယောက်နဲ့တစ်ယောက် အိုးတိုးအန်းတန်းမျက်နှာတွေနဲ့ ဟန်လုပ်စကားမပြောချင်တော့။ ဒီလိုနဲ့သူတစ်ယောက်ထဲ တဖြည်းဖြည်းနေသားကျလာခဲ့သည်။ အခုလက်ရှိ ဖြစ်ပျက်နေသည် ကို သူ ငြီးငွေ့လွန်းလှပြီ။ သမီးလေး သာမရှိရင် သူလုပ်ချင်ရာကိုလုပ်ပြစ်ချင်လှပြီ။ ထားပါလေ။လောလောဆယ် နောက်ထပ် အရက်တခွက်သောက်ပြီးရင်တော့ သူအိမ်ပြန်ရမည်။ သူနည်းနည်းရေချိန်ကိုက်ပြီးမူးလာသည်။ ထုံးစံအတိုင်း နောက်တရက်ကို ဟန်လုပ်၍ဖြတ်သန်းရတော့မည်။ သမီးလေးမြန်မြန်ကြီးသိပ်ကောင်းမည် ဆိုတဲ့အတွေးကို ဖြတ်ခနဲ တွေး မိတော့ သူ့ရဲ့စိတ်များတဖျတ်ဖျတ်တုန်ခါလာသည်။ လှုပ်ရှားလာသော စိတ်အစဉ်ကို သူထိန်းမရတော့။ ခေါင်းကို မော့ပြီး ရင်ခေါင်းသံနက်နက်နဲ့ သူအော်ရယ်လိုက်သည်။ မျက်ရည်တွေလည်း ရယ်သံနဲ့ အပြိုင်လှိမ့်ဆင်းလာသည်။ သူဘာဆိုဘာမှ မခြုပ်တည်းချင်တော့ပါ။ ခဏလောက်တော့ လွတ်လပ်သွားသလိုခံစားရသည်။ သူ့ကိုလာလာ ဒုက္ခပေးတဲ့ အိပ်မက်ထဲက တစ္ဆေကို သမီးလေးအတွက် အဲဒီလမ်းကို ရွေးခဲ့တာလို့ သူပြောမည်။ ထပ်ခါတလဲလဲ ပြောရင် နားလည်လောက်မည်ဟု သူထင်သည်။သူအိမ်ပြန်တော့မည်။စာကျက်ရင်း သူပြန်အလာကို စောင့်နေသည့် သမီးလေးပါးကို နမ်းချင်လှပြီ။ သူ့ရင်ထဲကဒဏ်ရာတွေကို သမီးလေးရဲ့ တုံ့ပြန်အနမ်းကဘဲ ကုသပေးနိုင်လိမ့်မည်။ သမီးလေး ဖေ့ကို မမုန်းနဲ့ နော်လို့  တီးတိုးရေရွတ်ရင်း၊ လွင့်မျောနေသော စိတ်အစဉ်ကို ချူပ်တည်းရင်း၊ သူ၏ နားခိုရာအသိုက်သို့ ခြေဦးတည့်လျက်…..

posted by သက်စံ
at 8:44 PM Permalink