
ဒေါ့ကွန်း ပူဖေါင်း v2.0 တဲ့။သူ့ကို မနှစ် က အီးဘေး ကနေပြီး အင်တာနက်တယ်လီဖုန်းကုမ္ပဏီ Skype ကို အမေရိကန်ဒေါ်လာ ၂.၆ဘီလျံနဲ့ ဝယ်ခဲ့တာကနေ စတင်ခဲ့တာလို့ ဆိုပါတယ်။ နောက်တော့ မီဒီယာတိုင်ကွန်း ရူးပတ်မါးဒေါ့က ၅၈၀မီလျံ နဲ့ အင်တာနက်မိတ်သဟာရဝက်ဘ်ဆိုဒ် myspace ကိုဝယ်ခဲ့ခြင်းအားဖြင့် တဖြည်းဖြည်းအရှိန်ရလာပြီးနောက်ပိုင်း Google ကနေပြီး တော့ ပျမ်းမျှခြင်းတနေ့ လျှင် ဗီဒီယို ကလစ်ပြုလုပ်မှု အကြိမ်အရေအတွက် ၁၀၀ မီလျံရှိတဲ့ အင်တာနက်ဗီဒီယို ဖလှယ်တဲ့ နာမည်ကြီးဝက်ဘ်ဆိုဒ်တစ်ခု youtube ကို ၁.၆၅ဘီလျံ နဲ့ ဝယ်ယူခဲ့တဲ့အချိန်မှာတော့ ဒီပူဖေါင်းကြီးဟာ ၁၉၉၁-၂၀၀၁ ခုနှစ်အချိန်များဆီကလို ကြီးမားဖေါင်းကားလာပါတော့တယ်။ ကျွန်တော်တို့ ကတော့ သူ့ပါသူ ပူခြင်ပူ ဖေါင်းခြင်ဖေါင်း နေသာသမှ လေညာကဘဲ၊ ဒါပေမယ့်ဗျာ မပြောမပြီး မတီးမမြည်ဆို သလို ရှေ့မျက်နှာနောက်ထားပြောရဦးမယ်။ ကျွန်တော်တို့ ဒီဆိုဒ်ကိုလည်း လိုချင်သူရှိရင် ပြောနော် ။ ပဲကြီးလှော်နဲ့ ပေးရင်လဲရတယ်။ ပူဖေါင်းကြီးဖေါင်းတဲ့အထဲမှာ ခေတ်နောက်မကျအောင် ဝင်ဖောင်းချင်လို့ ။ ဒါမှရွာက ဆွေမျိုးသားခြင်းတွေကို သူများထက်ထူးတဲ့နည်းနဲ့ ကြွားနိုင်မှာ။ ပြီးတော့ ငါကွဆိုပြီးလက်မထောင်နိုင်မှာ။ ပဲကြီးလှော်နဲ့ လဲလှယ်ရောင်းတာတော့ သေတောင်ပြောဘူး။
ဟဲ ဟဲ။ နောက်တာ။
TheTorontoStar
Wiki - ဒေါ့ကွန်း ပူဖေါင်း
2 Comments:
ကြိုက်သွားပြီ … ဒို့ဗမာတွေ ခေတ်နောက်မကျအောင် အချင်းချင်း အားပေးရတော့မှာပေါ့ ပဲကြီးလှော်ဆိုရင် မဆိုးပါဘူး၊ ဒါပေမဲ့ ကိုယ်တိုင်တောင် ကံကောင်းတဲ့နေ့မှဘဲ ပဲကြီးလှော်လေး တစ်စေ့ လောက်ဝါးရတာ၊ ရေသောက်ဗိုက်မှောက်က များနေတယ် သိတယ်မဟုတ်လား? ပဲကြီးလှော် စုလိုက်အုံးမယ်လေ …..
6:56 PM
ဟီးဟီး ဘွာတေး ဘွာတေး
7:01 PM
Post a Comment
<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။