<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- data-ad-client=pub-8069393761167719 --> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://draft.blogger.com/navbar.g?targetBlogID\x3d20801606\x26blogName\x3d7Monkeys\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://7monkeys.blogspot.com/search\x26blogLocale\x3den_US\x26v\x3d2\x26homepageUrl\x3dhttp://7monkeys.blogspot.com/\x26vt\x3d-6179638430644425932', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>
1 comments | Friday, September 29, 2006

Popurls ဆိုတာ အင်တာနက် မှာ ခေတ်စားနေတဲ့ ဝဘ်ဆိုဒ်တွေရဲ့  လူအကြိုက်များဆုံးတွေကို တစ်နေရာထဲကြည့်လို့ ရအောင်လုပ်ပေးထားတဲ့ ဆိုဒ်ပါ။ စိတ်ကူးလေးကောင်းပါတယ်။ လင့်ခ်တွေပေါ် mouse ကို ထောက်လိုက်ရင် သတင်းအကျဉ်းကို ဖော်ပြပေးနိုင်တာက သုံးစွဲသူကို လွယ်ကူစေပါတယ်။

web2.0 နှင့် ajax ကိုအသုံးပြုထားတဲ့ စဝက်ဘ်ဆိုဒ် စာရင်းကိုတော့web2list မှာ Tagသုံးပြီးရှာနိုင်ပါတယ်။ မှန်တာပြောရရင်ကျွန်တော်က လေ့လာနေဆဲပါဘဲ။ တခြားလေ့လာခြင်တာတွေကလည်း အများကြီး။ ဒါကြောင့်ဟိုပင်သည်ပင်ကူးပါလို့  မျောက်ကြီး ဟိုဟာကျယ်ဆိုသလိုဖြစ်နေတယ်ဗျာ။
အဲဒါနဲ့ ဆန့် ကျင်ဘက်ကတော့ dead2.0 ပါ။ ဒါပေမယ့် Technology အကြောင်းတွေရေးတာများတယ်။

flickr and youtube က ပုံတွေ၊ ဗီဒီယိုတွေကို တပြိုင်နက်ထဲရှာလို့ လဲရ Favorite ထဲသွင်းနိုင်အောင်လုပ်ပေးနိုင်တာကတော့ TagTV ပါဘဲ။Flashကိုသုံးထားတာဆိုတော့ interface ပိုင်းကတော့ ကောင်းသမှသိပ်ကောင်းလို့ ပြောရမှာဘဲ။

အနုပညာနဲ့ အာရုံတွေကို ဆန်းသစ်အောင်လုပ်ပေးနိုင်တဲ့ ဂျာနယ် မဂ္ဂဇင်းတွေ ထဲက တော့ DQ Books

1000journals (အဲဒါကတော့ မည်သူမဆိုကိုရဲ့ အိုင်ဒီယာကိုဝင်ရေးလို့ ရပါတယ်)
filemagazine
(ထူးထူးခြားခြား ဓါတ်ပုံတွေ စုဆောင်းတင်ပေးထားတဲ့ project ပါ။ )

ဘာသာရပ်အမျိုးမျိုး ။နိုင်ငံတကာ စာအုပ်အမျူိးမျိုးဖတ်ချင်သူများအတွက်တော့asiaingလေးကမဆိုးဘူးခင်ဗျ။
ကျွန်တော်တော့ တအုပ်မှ ဒေါင်းလုတ်မလုပ်ရသေးဘူး။ ပျင်းလို့ ။ နောက်အားရင် ဖတ်ဖို့ စိတ်ကူးတယ်။ အမှန်က ebook ထက် လက်ကနေ စိမ်ပြေတပြေ ကိုင်ဖတ်ရတာပိုကြိုက်တယ်။ Laptop
မရှိတော့ အိပ်ဖတ်လို့ လဲမရဘူး။ Desktop ပဲရှိတော့ နဂိုထဲ ကပျင်းကြောထူတာနဲ့ ပြီးရောဘဲ။ ဟီး ဟီး ။စာဖတ်ရင် လှဲပြီး ဇိမ်ဆွဲဖတ်ရတာအကြိုက်ဆုံးဘဲ။

နောက်ဆုံးတခုကတော့ MIT’s OpenCoursWare ပါ။ကိုယ်သင်ချင်တဲ့ ဘာသာရပ်ကို အွန်လိုင်း ကနေ တဆင့် အလကားသင်လို့ ရပါတယ်။ ကိုယ့်ဘက်က အချိန်ရယ်၊ ဦးနှောက်ရယ် ဘဲစိုက်စရာလိုပါတယ်။


posted by သက်စံ
at 1:21 PM Permalink
2 comments | Thursday, September 28, 2006

အေးစက်စက် အထိအတွေ့ကြောင့် အသိစိတ်က ပြန်ပြီး နိုးထလာသည်။ ကရောင်ခြောက်ခြားနှင့် နာရီကို လှမ်းကြည့်မိတော့ လက်တံက ၅ နာရီ ၃၀မိနစ် နီးနီးထိ ခရီးပေါက်နေ၏။ သို့နှင့်ပင် ပြတင်းပေါက်မှ မှောင်ပြပြ အလင်းရောင်ကို ကြည့်၍ ဒါ ညနေ ၅ နာရီခွဲ ပင်ြဖစ်သည်ဟု စိတ်ကဇဝေဇဝါနှင့် မှတ်ယူလိုက် အပြီး.. အူကြောင်ကြောင် မေးခွန်းတခုက ကန့်လန့်ဖြတ် လိုက်ပါလာသည်။ ငါဘယ်ရောက် နေတာဘာလိမ့်။ မသေချာ မရေရာခြင်းများ နှင့်အတူ.. ဒါရန်ကုန်လား၊ ကျနော် နေထိုင်အခြေချ၊ ပြီးဖြစ်နေတဲ့ ရေခြား မြေခြားက မြို.ကြီး တမြို.လား၊ ဒါမှ မဟုတ်ရင် ကျနော့်ရဲ့ မြို.လေးလား၊ နောက်ဆုံး မေးခွန်းကို မေးအပြီးမှာ ကျနော် အတော့်ကို စိတ်လှုပ်ရှားသွားသည်။ အမှန်အတိုင်း ဝန်ခံရလျှင်ဖြင့် ဒီလိုအူကြောင်ကြား ကိစ္စမျိုးတွေ ဖြစ်လေ့ရှိသည်မှာ မဆန်းလှတော့။

တကယ့်ကိုပင် အခိုက်အတန့်ကာလ တခုထိ ကိုယ်လက်ရှိ နေထိုင်ရာဒေသ တခုကို မှတ်မိနိုင်စွမ်း မရှိလောက်အောင် စွမ်းအားထုထည်ကြီးမားလှသည့် အိပ်မက်တမျိုး မက်ပြီး နိုးထလာတိုင်းပေါ့။ ကျနော်ကလည်း ကျနော်၊ ဒီမြို.လေးနဲ့ ပတ်သတ်လာလျှင် သိပ်ပြီးSensitive ဖြစ်လွန်းအားကြီးလှသည်။ ဘေးဘီဝဲယာကို သေချာဂရုစိုက် ကြည့်မိချိန်တွင် ၊ပြတင်းပေါက် မှ တပိုင်းတစ ဝင်လာသော နေဝင်ရီတရော အလင်းရောင်က ပြန့်ကျဲနေသော စာအုပ်နှင့် စာရွက်များ၊ မီးပူ မတိုက်ရသေးသော အဝတ် ဖိုးရိုဖားရားများကို ပြီတီတီနှင့် လှစ်ပြနေသည်။ အေးစိမ့်စိမ့် ဆောင်းဝင်ချင်စ လေကလည်း ပြတင်းနှစ်ခုလုံး မှ ဘယ်သူမ ဂရုမစိုက်တဲ့ လုရမ်းကား တယောက်လို ကျနော့် အရေပြားကိုလာရောက် ရိုက်ခတ်သည်။

ဩော်... အင်း. ဒါဆိုသေချာပါပြီ.. ဒါရန်ကုန် မဟုတ်ဘူးလေ၊ ကျနော့်ရဲ့ မြို.လေးလည်း မဟုတ်ဘူး။ တယောက်တည်းပေမည့် ခတ်တိုးတိုးသာ ကျိန်ဆဲ လိုက်မိသည်။ အိပ်မက်ထဲက မြို့လေးကို သိပ်နှမျောနေမိတာကိုး။ အရင်က အကြိမ်ပေါင်း ထောင်သောင်းလို ဘဲ အိမ်မက်ထဲတွင် ကျနော့် မြို.လေး၏ ပုံရိပ် ကတိကျ ပြတ်သား လွန်းနေသည်လေ။ ဒါတွင်မက.. ရေငွေ့များတဲ့ လေထု၊ ရနံ့၊ နောက်ဆုံး ကုန်ကုန် ပြောရရင် သစ်ရွက်တို့ ရဲ့ စိမ်းလမ်းပုံ အရောင်အသွေး ကအစ အသေးစိတ် တူညီလွန်းလှသည်။ တခါတရံ ကျနော့် ဝိငြာဉ်သို့ မဟုတ် မသိစိတ်သည် အိပ်ပျော် နေစဉ်အတွင်း၊ မိုင်သောင်းချီ ဝေးသော ကျနော့် ဇာတိ မြို.ကလေးသို့ ခရီးများနှင်နေသလားဟု ဂမ္ဘီရဝတ္ထု ဆန်ဆန် စဉ်းစားမိသေး၏။

အိပ်မက်ထဲတွင်တော့ ကျနော် လမ်းလျှောက်နေသည်။ အိမ်ရှေ့ တွင်ကျနော် လမ်းလျှောက် နေသည်။ ၁၀တန်း ကျောင်းသားဘဝက နောက်ဆုံးစီိးထားသော ကတ္တီပါဖိနပ် အသစ်လေးစီးပြီး အိမ်ရှေံ တွင် ကျနော် လမ်းလျှောက်နေသည်။ မင်းကုသ၏ မျက်နှာနှင့် ဆင်ဆင်တူသည်ဟု ယူဆရသော.. ချိုင့်ခွက်အပေါင်းနှင့် ကတ္တရာ လမ်းဟောင်းလေးပေါ်တွင် ကျနော် လမ်းလျှောက်နေသည်။ ထုံးစံအတိုင်း လူတစ်ဦးမှမရှိ။ တပြိုင်တည်းမှာပင် ရောက်တုန်း ရောက်ခိုက်ဘာအရင်လုပ်ရင် ကောင်းမလဲဟုအကြံလည်း ထုတ်နေမိသည်။ ခပ်လှမ်းလှမ်း ဆိပ်ကမ်းမှ သင်းဘောတစီး၏ ဆွဲဆွဲငင်ငင် ဥဩဆွဲသံနှင့် အတူ အတော်အသင့် ပြင်းသော လေကလေး တစ်ချက်ကလည်း ဖြတ်တိုက်အသွား.... ခြံနောက်ဖေး၊ ဘေးအိမ်များတွင် စီတန်း စိုက်ပျိုးထားသော အုန်းပင်များမှ အုန်းလက်များ တရှဲရှဲမြည်အောင် လှုပ်ခတ်သွားပုံကို ကျနော် ကျေကျေ နပ်နပ် ပြုံးပြီး ကြည့်နေမိသည်။ ဘာရယ်ကြောင့်တော့ မသိ။ မြို.လေးကို အိပ်မက်တိုင်း အုန်းပင်တွေ ယိမ်းထိုးပုံ မပါလျှင် မပြည့်ဆုံ သကဲ့သို့ ဖြစ်နေသည်။

ဟုတ်တယ် လေသင်းနံ့၊ ဒီ လေသင်းနံ့ပေါ့.. ကျနော် ၁၆ နှစ်နီးပါး နေစဉ် ရှုရှိုက်လာတဲ့ လေ၊ ငဝန်မြစ်ကို ဖြတ်ပြီး ရောက်လာတဲ့ လေ၊ နုပျို လတ်ဆပ်ခြင်းတွေ သယ်ဆောင်လာတဲ့ လေ၊ ဒီလို လေသင်းနံ တစ်ကမ္ဘာလုံးမှာ ဒီတစ်မြို့ ပဲရှိတယ်။

ဒီလိုနှင့် ကျနော် လမ်းဆက်လျှောက်လာရင်း လမ်းထောင့်မှ စာအုပ်ဆိုင်အိုလေး ဘက်သို့ ခြေဦး လှည့်မိသည်။ ကျနော် စာစဖတ်တတ်သည့် အရွယ်မှစ၍ ၁၆နှစ်သားခန့် အထိ၊ ..ကျောင်းဖတ်စာ၊ ဗလာစာအုပ်မှ စပြီး ရွေသွေး၊ တေဇ၊ သရီးဒီဂျာနယ်၊ တံခွန်နှင့်အင်အားတို့လို ခေတ်ဦး အားကစား ဂျာနယ်များ အထိ ဝယ်ယူခဲ့ဘူးသည်။ ဆိုင်နံမည် ရှိသော်ငြားလည်း ဆိုင်ရှင် အဖိုးကြီး၊ အဖွားကြီး လင်မယားအား အစွဲပြု၍ ကျနော်နှင့် ဘော်ဒါတသိုက်က အဘိုးကြီးအဘွားကြီးဆိုင်ဟုသာ ခေါ်ကျလေသည်။ ယနေ့လက်ရှိတွင် သူတို့နှစ်ဦးလုံး သက်ရှိထင်ရှား ရှိမရှိ မသေချာ လှသော်လည်း အိပ်မက်ထဲတွင်တော့ ဝမ်းသာအားရ နှုတ်ဆက်ရှာသည်။ ဆိုင်လေးရော သူတို့နှစ်ဦးလုံးပါ လွန်ခဲ့သော ၇နှစ်ခန့်ကအတိုင်း ဖြစ်သည်။

ထိုနောက်တွင်တော့ ရေချိုးရန် အိမ်သို့ ခပ်သွက်သွက် ပြန်လာခဲ့မိသည်။ သံဇကာကွက် အိမ်ရှေ့တံခါးအား အသာလေး ဆွဲမ၍ အိမ်တွင်းသို့ ဝင်လိုက်၏။ အိမ်တွင်းရှိ မှောင်ပျပျ အလင်းရောင် အောက်တွင် ကျနော်မှ လွဲ၍ မည်သူမှ ရှိမနေပါ။ အဖေ့ ဆေးကုခန်း၊ အဖေ့ အလုပ်စားပွဲ၊ အိပ်ခန်းငယ်များကို ဖြတ်သန်းပြီး ရေချိုခန်း ရှိရာသို့ ရောက်ရှိ လာခဲ့သည်။ ထိုစဉ်မည်သို့ မျှ မျှော်လင့်မထားသော ပစ္စည်းဟောင်းလေး တခုက ကျနော့်ကို မှင်သက်သွားစေ မိသည်။ ဖုံအလိမ်းလိမ်း နှင့်မွဲခြောက်ခြောက် လိမ္မော်ရောင်ခြင်း တောင်းအိုလေးတစ်လုံး။ မူလတန်းနှင့် အလယ်တန်း ကျောင်းသားဘဝ တစ်လျှောက်လုံး.. အမေ ထည့်ပေးသည့် ထမင်းဘူး၊ ရေဘူးရယ်၊ လက်သုတ်ပဝါလေး တထည်ရယ်၊ ဒီတောင်းလေးထဲ ထဲ့ ပြီး ကျောင်းတက်ခဲ့ တာပေါ့။ အထက်တန်း အရောက်တွင်တော့ စုတ်ချာလာပြီး အမေက အသစ်ဝယ်ပေး တော့သည်။ ယနေ့ထိ ကာလတစ်လျှောက်လုံး အစွဲအလမ်း မကြီးလှသူဟု ကိုယ့်ကိုကိုယ် အထင်ကြီးခဲ့သမျှ ယခု ဤတောင်းစုတ်ကလေး နှင့် အိပ်မက်ထဲတွင် ပြန်တွေ့မှ မည်မျှ အစွဲအလမ်းကြီးကြောင်း သတိထားမိတော့သည်။ တောင်းလေးအား ပွတ်သပ်ကြည့်လိုက် မိ၏။ ပွန်းနေသော ပလတ်စတစ် သားများမှ ရှတတ အထိအတွေ့ကို လက်က ထင်ထင်ရှားရှားပင် ခံစားမိသည်။ အိပ်မက်ထဲမှ ကျနော် အိပ်မက်မက်နေမှန်း တပြားသားမျှ ရိပ်မိပုံမပေါ်။

သို့နှင့် သုံးထပ်သားများ ကာရန်ထားသော ကျနော့် ကိုယ်ပိုင် အခန်းလေးအတွင်းသို့ ချိုးအဝင်လိုက်တွင် နှစ်ပေါင်းများစွာ ဝေးကွာနေပြီးသော ငယ်သူငယ်ချင်း တဦးကို ဘွားကနဲ တွေ့လိုက်ရသည်။ သူကတော့ အံ့ဩဟန်မပြ၊ ဂရုလည်း မစိုက်ဘဲ ကျနော့် အိပ်ယာပေါ်တွင် လှဲလျောင်းကာ လက်ကိုင် တီဗီဂိမ်းလေးအား သဲကြီးမဲကြီး ကစားနေသည်။ အခန်းထဲတွင် တီဗီဂိမ်းလေးမှ တတီတီမြည်သံ အပြင် မှော်ရုံတောသို့ မတော်တဆရောက်ရှိ သွားသည့် သာမာန်လူတဦး၏ အံ့ဩဝမ်းသာ ထိတ်လန့်ခြင်းမျိုး ကျနော့်ကိုယ်တွင်းမှ ဖိတ်စင်ကျ နေသည်။ သူ့ပုံကို ကြည့်ရတာ လွန်ခဲ့တဲ့၇နှစ်၈နှစ်လောက်တုန်းက အတိုင်ဘဲ ပိန်ကပ်ကပ်။ ကျနော်က ပြာပြာသလဲ ဟေ့ကောင် မင်းမိန်းမရပြီး တောင်ဒဂုံမှာနေတယ်ဆို။ သူက ငယ်ငယ်က အကျင့်အတိုင်း ပြုံးစိစိနဲ့ ဘာမှ ပြန်မပြောဘဲ၊ မင်းစက်ဘီး ထုတ်လိုက်လေ.. ငါတို့ ကော်ရည် သွားသောက်ကြ ရအောင်။ ဟာ.. ဟုတ်ပ ခုမှသတိရ မိတယ်။ ကျနော်မြို.လေး၏ အထူးစပယ်ရှယ် အစားအသောက်မှာ မုန့်ဟင်းခါးနှင့် ကော်ရည်ခေါက်ဆွဲ ဖြစ်သည်။ မုန့်ဟင်းခါး နာမည်ကြီးပုံ ကတော့ လူတိုင်းနီးပါး သိပြီးဖြစ်သည်။ သို့သော် ကော်ရည်ခေါက်ဆွဲ အကြောင်းတော့ အတော် လူ သိနည်း လေသည်။ ရန်ကုန်ကော်ရည် နှင့် မတူ၊ အရည်ကြဲကြဲ၊ ညှပ်ခေါက်ဆွဲ (ဒေသအခေါ် ဆန်ခေါက်ဆွဲ) ထည့်စားလေ့ရှိသည်။ ကန်စွန်းရွက်နှင့်ငပိတောင်းတို့ လုံးလုံး အသုံးမပြု။ ယခင် ချာတိတ်ဘဝတုန်း ကတော့ အဲဒီ သူငယ်ချင်းရယ် တခြား သူငယ်ချင်းများ အုပ်လိုက်နဲ့ စက်ဘီးတွေ စီးပြီး ကော်ရည်ဆိုင် သွားကြပုံကို သတိရမိ၍ ဟေ့ကောင် အရင်တုန်းက အတိုင်းဘဲလား ဟုအရင်းမရှိ အဖြားမရှိ မေးလိုက်မိ၏။ သူကလည်း ကျနော့် စိတ်ထဲကို မြင်ရသည့် အတိုင်း အင်း ဟု... တုံးတိတိနှင့် ပြန်ဖြေ သည်။

ထိုအချိန်တွင်... ထိုအချိန် အရောက်တွင် အေးစက်စက် ခြောက်ကပ်ကပ်နိုင်လှသော.. တောင်ပိုင်းကယ်လီဖိုးယား၏ မိစ္ဆာ သဲကန္တာရ လေမျိုးသည် ကျနော့်နှင့် ကျနော့်မြို့ကလေးအား ရက်စက်စွာ ဖြတ်တောက် လိုက်လေ တော့သည်။

-------------------------------------------------------------------------------------------------------------------------------------------

နောက်ဆက်တွဲများ

ဖြတ်သွား ဖြတ်လာ နည်းပါးလှသော ကျနော့် အိမ်ရှေ့ လမ်းကလေးသည် ယခုအခါ အိမ်ဘေးတွင် အသစ်တည်ဆောက်ထားသော တည်းခိုခန်း၊ ကာရာအိုကေခန်း၊ ဘောလုံးပွဲရုံ တို့နှင့် အတူ သက်ဝင် လှုပ်ရှားနေသည် ဟု ကြားသိ ရသည်။

အိပ်မက်ထဲမှ သူငယ်ချင်းမှာ အမှန်တကယ် အိမ်ထောင်ကျသွားသည်ဟု ဆိုကြပြီး ယနေ့အထိ ပြန်မတွေ့ရတော့ချေ။

ကျနော့်မြို့ လေးမှ ယနေ့ ချာတိတ်များသည် အုပ်စုဖွဲ့ ဆိုင်ကယ်များစီးပြီး ကြေးအိုးနှင့် ဘီယာဆိုင်များသို့ သွာသည်ဟု ပြောကြသည်။

ဧရာဝတီတိုင်း၏ မြို့ တော် အားမြို့ လေးဟုခေါ်ဆိုနေခြင်းကို သူငယ်ချင်းများ ကန့်ကွက်ကြသော် လည်းကျနော်ကတော့ ဆက်ခေါ်မြဲ ဖြစ်သည်။ ကျနော့် အတွက်တော့ မြစ်ဝကျွန်းပေါ်မှ တောဆန်ဆန် မြို.လေး တစ်မြို့ သည်... မွေးဖွားကြီးပြင်းရာ မြို.လေးတစ် မြို့ သာ ဖြစ်ပေသည်။

posted by boedawgyi
at 6:31 PM Permalink
3 comments

အကယ်၍ ဆိုတဲ့ကဗျာကို ကိုသက်နိုင်တင်ပေးလို့ ဖတ်လိုက်ရတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီကဗျာရေးသူရဲ့ အကြောင်းကို ကိုသက်နိုင်ပို့ စ်မတင်မှီ တရက်ကဘဲသစ္စာမဂ္ဂဇင်းမှာဖတ်ပြီးတော့ ကဗျာကို အရမ်းဖတ်ချင်နေတာ ကိုသက်နိုင်လည်းတင်ရော ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပေါ့ဗျာ။ အဲဒီ ကဗျာကို ဘဲ လင်းလက်ကြယ်စင်ကလည်း ကိုသက်နိုင်ဘလောဂ်တဆင့် အိပ်မက် ဘလောဂ်မှာ မဖတ်ဖူးသေးတဲ့ လူငယ်တွေအတွက်ထက်ဝေမျှတယ်ဆိုပါတော့။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကလည်း အိပ်မက် မှာ အကယ်၍ကဗျာ ကိုဖတ်ပြီးတော့ ကျွန်တော်မဖတ်ရသေးဘူး ထင်ပြီး ဂျီမေးလ် ကနေတဆင့်ဝေတယ်ဗျာ။ ကျွန်တော်တင်မဟုတ်ပါဘူး တခြားမေးလ်အကောက်တ်တွေလည်းပါတာပေါ့ဗျာ။့  ဒီနေ့ မနက်မှာတော့ အဲဒီတခြားမေးလ် အကောက်တ်တစ်ခုကနေ ပြန်စာလာရောဗျာ။ ရွဲ့ ထားတာပါ။ အဲဒီလူရေးထားတာ ဒီလိုဗျ။

အကယ်၍

မင်သာ ဒီအရာအားလုံးကို လိုက်နာနိုင်မယ်ဆိုရင် ... မင်းဟာလူမဖြစ်နိုင်ဘူး ...

ဆိုတော့ ကျွန်တော်လည်း တတ်သိပညာမနေသာဆိုသလို ဝင်ရိုင်းရတာပေါ့။
အဲဒီလူဆီကိုဒီလိုစာပြန်လိုက်တယ်ဗျာ။

အကယ်၍
ငါတို့ ဗမာတွေသာ အဲဒီကဗျာထဲက နည်းနည်းပါးပါးသာလိုက်နာမယ်ဆိုရင် ခွေးတွေအုပ်ချူပ်တာလည်းခံစရာမလိုဘူး။
ငါတို့ တွေလည်း ဝက်စုတ်လေးတွေဖြစ်စရာမလိုဘူး။
နွားချီး တွေလို သူများအလည်မှာလည်း ရှုံ့ တွ ရှုံ့ တွ မျက်နှာငယ်စရာလည်းမလိုဘူး။

လို့ ။

သိပ်မရိုင်းချင်လို့ ။ ဒီထက်လည်း ယုတ်ရင်းကြမ်းတမ်းတာတွေလည်းသုံးတတ်ပါတယ်။ လင်းလက်ပြောသလို ပေါ့။ စိတ်ကတခါတလေသိပ်ရှည်တာမဟုတ်ဖူး။ ဒါကြောင့် လည်း နိုင်ငံရေးကိုစိတ်ဝင်စားပေမယ့် နိုင်ငံရေးသမားမလုပ်ချင်တာ။ ဒီဘလောဂ်ကိုလာဖတ်တဲ့ မိတ်ဆွေတွေဆို တာက လည်း အတော်တော်များက သူငယ်ချင်းတွေရယ်။ ကျွန်တော့်လို ဘဲ နိုင်ငံရေး သမားမဟုတ်ပေမယ့် မအေပေးစောင့်ရူးတွေကို “တင်း” တဲ့နေရာမှာတော့ ပြောနေစရာတောင်မလိုဘူး တင်း တင်း တင်း ကိုနေတာ။ အကယ်၍သာ ကျွန်တော်တို့  လူငယ်တွေ အခုထက်ပိုပြီး ညီညွတ်နိုင်မယ်ဆိုရင် တိုင်းပြည်အတွက် နည်းနည်းတော့ လုပ်ပေးနိုင်မယ်လို့  ယုံကြည်တယ်။ ဒါကြောင့် ဒီဘလောဂ်ကနေတဆင့် ကျွန်တော်တို့ ရဲ့ ခံစားချက်တွေကို ဖွင့်ရေးတာ။ အဖွဲ့ ထဲ မှာ ၃ ယောက်ဘဲ အပြင်မှာမြင်ဘူးတယ်။ ကျန်တဲ့ သူငယ်ချင်းတွေက အွန်လိုင်းကတဆင့် ရင်းနှီးတာ။ ယုံကြည်ချက် ခံယူချက် တူတယ်။ဒါကြောင့် တွဲမိတယ်။ အရင်တုန်းကတော့ ဘယ်သူမဆိုဝင်ရေးနိုင်အောင် ဖိတ်ခေါ်မ လို့ဘဲ။ အိပ်မက်ကလုပ်တဲ့ အိုင်ဒီယာလေးက ကောင်းလို့  ဒီသူငယ်ချင်းတွေနဲ့ ဘဲဆက်ရေးတော့တာ။ဲပြီးတော့ ဒီဘလောဂ်လုပ်ပြီးမှ အရင်ကမသိတဲ့ လူတော်တော်များလည်း သိရကျွမ်းရတယ်။ ကိုညီလင်းဆက်တို့  ၊ ကိုချိုတို့ ကိုလည်းကျေးဇူးဘဲ။ ဆိုတော့ဗျာ အကယ်၍သာ ကျွန်တော်တို့ တွေ ကိုသိထား တတ်ထားတာ တစ်ယောက်နဲ့ တစ်ယောက်မဝေမျှရင် ကျွန်တော်တို့ လို ချင်တဲ့ ဖွင့်ထားတဲ့လူ့ အဖွဲ့ အစည်းဆိုတာ ဝေလာဝေးဘဲ။ အဲဒီအတွက် တချို့ တလေက ခွေးအတွေဘက်ကနေ လိုက်ပိတ် ဖို့ ကြိုးစားနေကြတယ်။ တချို့ တလေကတော့ စတန့်ထွင်တယ်လိုထင်ကြတယ်။ နိုင်ငံ့အရေးကို စိတ်မဝင်စားဘူး။ မလုပ်ချင်ဘူးဆိုရင်တော့ကိစ္စတော့မရှိဘူး။ အဲ နှောင့်ယှက်သွေးထိုးဖို့ ကြိုးစားတဲ့လူတွေအတွက် လိုအပ်ရင်ကျွန်တော်ကတော့ ဓါတ်ကြမ်းတိုက်မှာဘဲ။ အထူးသဖြင့် နွားချီးစားပြီး ဖင်ထွန့် ထွန့် လူးနေတဲ့ကောင်တွေ ကို ပေါ့ ။ မရင့်ကျက်ဘူး ဘာညာသာရကာ ပြောလည်းသိပ်တော့သောက်ဂရုစိုက်မှာမဟုတ်ဘူး။ ဟေ…သူငယ်ချင်းတို့ ရေ ကျွန်တော်ဒီနေရာကနေ ကြမ်းနေတာ မင်းတို့ မျက်နှာအိုးမည်းသုတ်သလို ဖြစ်ရင် ဆောရီးကွာ။ မနေ့ ကတည်းက ဒေါသတထောင်းထောင်းထွက်နေတာ။ အခုကမီးလာပင့်သလိုဖြစ် သွားတယ်။ နောက်မှထပ်ရေးတော့မယ်။နည်းနည်းကျေနပ်သွားပြီ။ ရေးချင်ရာရေးလိုက်ရလို့ ။

posted by သက်စံ
at 2:53 PM Permalink
0 comments

Hunger
by Jared Angira

The maize will grow

Once when

Long rains have come

And army worms

Have gone

Rations

Will sink

With hunger

And the coiled intestines

Will straighten

But

That day

Shall find may

In the invalid home

With collar’d fathers

At bedside mass

And others

In graves

With maggots

On palatable meal

And for the grave majesties

The maize cob

Shall be

For a rusty funeral feast.

posted by သက်စံ
at 12:14 PM Permalink
0 comments

The Country of the Dead

The country of the dead
I speak
no answer
I weep
no pity
I watch
no colour
I listen
no sound
the country of the dead

I shout, the echo strikes
the dead rock
I kick,my toe mutilates
on dry strump
I weep, no pity
the country of the dead

I've searched the exit
but heard no owls
no parrots, the waves beat afar
no wrecks of ships
the sand stares with me
the country of the dead

by Jared Angira(KENYA)

posted by သက်စံ
at 11:37 AM Permalink
0 comments

သူငယ်ချင်းတို့ ….

အချိန်ရလို့ ပိုက်ဆံလည်းရှိရင် ဒီစာအုပ်ဖတ်ကြည့်ပါလား။ ငါ Chomsky နဲ့ ဝေးဝေးနေခဲ့တာ ၈ လ လောက်ရှိပြီ။ ခုတော့ ပြန်ဖတ်မယ်စိတ်ကူးတယ်။ UN မှာ Venezuela ခေါင်းဆောင် Hugo Chavez က အဲဒီစာအုပ်ကြီး ကိုင်ပြီး စကားပြောသွားတာ ဒီမှာတော့ အရောင်းရဆုံး စာရင်းထဲ အဲဒီစာအုပ်ပါသွားတယ်။နာမည်က Hegemony or Survival ပေါ့။ ငါကတော့ ပိုက်ဆံမရှိသေးလို့  ကော်ဖီဆိုင်သွားဖတ်မယ်စိတ်ကူးတယ်။

posted by Nharni
at 10:28 AM Permalink
1 comments | Wednesday, September 27, 2006

အဲဒီတောရိုင်းမြေမှာ
ခြေချစရာ မရှိလောက်အောင်
နွားခြေရာခွက်တွေနဲ့ ပြည့်နှက်နေတယ်
မိုးလုံးကျွတ်
တအုံးအုံး တအွမ်အွမ်
အော်မြည်နေတဲ့
ဖားမျိုးစုံနဲ့  ကြပ်ပျံမကျစည်ကားနေတယ်
ခွေးရိုင်းအူသံတွေ
ကြောက်မက်ဖွယ် ဗွက်ထနေတယ်
ညွတ်ညွတ်ကိုင်းကိုင်း
ပျွတ်သိပ်ပေါက်နေတဲ့ ကိုင်းပင်တွေလည်းရှိတယ်

မြစ်မချမ်းသာတဲ့
ဖွတ်ကျားကြီး တွေလည်း
ဗုံးဘောလအောရှိတယ်
မင်းသားက ကနေတဲ့
ဘီလူးကြီးတွေလည်း
ဗုံးဘောလအောရှိတယ်
အယက်ပါရဂူ
မောင်မောင်လိပ်တွေလည်း
ဗုံးဘောလအောရှိတယ်
အရိုးအရင်း အကြွင်းအကျန်
စောင့်မျှော်နေတဲ့
လင်းတတွေလည်းဗုံးဘောလအောရှိတယ်

ဂျွိုက်စ်ရဲ့ ဒပ်ဘလင်နာက
ဝက်ကလေးတွေလည်း
ဗုံးဘောလအောရှိတယ်
ဘာမသိညာမသိ
အမျှားခံနေရတဲ့ ငါးလေးတွေလည်း
ဗုံးဘောလအောရှိတယ်
တစာစာ အစာတောင်းနေတဲ့
စာကလေးတွေ
့လည်း ဗုံးဘောလအောရှိတယ်

အဲဒါတွေနဲ့ ဆန့်ကျင်ဘက်
ကျားတွေ ခြင်္သေ့တွေ တဖြည်းဖြည်း မျိုးတုံးကုန်ပြီ
အရိပ်အာဝါသ သစ်ပင်ကြီးတွေ တဖြည်းဖြည်ွး မျိုးတုံးကုန်ပြီ

ညရောက်မှ တိတ်တဆိတ်အစာရှာရတဲ့
ဇီးကွက်တချို့လည်း မစိုစလောက်ဘဲ ကျန်တော့တယ်
အိုးဝေ အိုးဝေ
တွန်ကြူး အကထူးတဲ့

ဒေါင်းတွေလည်း မစိုစလောက်ဘဲ ကျန်တော့တယ်

ရာသီဥတုဆိုရင်လည်း မိုးခါးမိုးတွေ ဒလဟောရွာလို့ 
ပူလိုက်တာလည်း ဝက်ဝက်ကွဲ
ဟိုးအရင်ကလောက် မစိမ်းလမ်းတော့ဘူးတဲ့

ထွီ….
အဲဒီတောရိုင်းမြေကြီးကိုဘဲ

ငါ့လို သောက်သုံးမကျတဲ့
ဗုံမဟုတ်ပတ်မဟုတ်ကောင်က
လွမ်းလိုက်ရတာ.......
လွမ်းလိုက်ရတာ
ရင်ဘက်တောင်နာတယ်။

ဒီအမ်

posted by သက်စံ
at 1:25 PM Permalink
1 comments

အရိပ်ခြွေသစ်ပင်



အရိပ်ခြွေသစ်ပင်ဟာ
ကမ္ဘာပေါ်မှာ တစ်ပင်တည်းရှိတယ်
အရိပ်ခြွေသစ်ပင်ဟာ
သစ်ရိပ်တွေ မခြွေဘူး
အရိပ်တွေသာ ခြွေခြွေပေးနေတယ်
သူခြွေတဲ့ အရိပ်ထဲမှာ
ဆန်းသစ်တဲ့ နေ့ ရက်တွေပါတယ်
ပန်းသစ်ဝေဝေ မနက်ခင်းတွေပါတယ်
ရွှန်းလက်ဝင်းပတဲ့ သစ်သီးတွေပါတယ်
ပြန်ကျမိုးစက်တွေ ပါတယ်
ဘာဖြစ်လို့ များ
သူက အရိပ်တွေ ခြွေလိုက်တိုင်း
အဲဒါတွေက ပါဝင်နေရတာလဲ
ငါစဉ်းစား
ငါ့မှာ စဉ်းစားခြင်းဘူတာ
ဆိုက်ကပ်ကပ်နေမိ
ငါ့မှာ
ထထ ပျံဝဲနေမိ
ငါ့မှာ
သီချင်းထထ အော်ဟစ်ဆိုမိ၊
ဘာဖြစ်လို့ ပါလိမ့်
ငါစဉ်းစား
ငါတွေးကြည့်
ငါသိချင်မိ
ထူးဆန်းလှရဲ့ 
ဒီအရိပ်ခြွေသစ်ပင်အကြောင်း
သူကတော့ ဘာသိဘာသာပဲ
အရိပ်တွေပဲ ခြွေခြွေချပေးနေ
ငါစူးစမ်း
ငါမနေနိုင်တော့ဘူး
ဒါနဲ့ ငါဟာ အရိပ်ခြွေသစ်ပင်ဆီ သွားကာ
သွားကိုင်တွယ်ကြည့်မိ
ငါသိလိုက်ရပြီ
သူ့ တစ်ကိုယ်လုံးမှာ ကြီးပေါင်းတက်ဒဏ်ရာတွေ
နိုင်းချင်း၊
ကမ္ဘာပေါ်မှာ ဒဏ်ရာရ သစ်ပင်တွေလောက်လှတာ
ဒဏ်ရာရ သစ်ပင်ပဲရှိ၊
ဩော် -
ဒါကြောင့်သူက အရိပ်တွေခြွေပေးနိုင်တာကိုး။

မောင်ချောနွယ်

မနေ့ ညက မိုးအေးအေးနဲ့  အိမ်ရှင်းရင်းပြန်တွေ့ ခဲ့တဲ့ မောင်ချောနွယ်ရဲ့ မောင်ချောနွယ်ဆန်သွားသောနေ့ များ ကဗျာစာအုပ်ဖတ်ပြီး အင်မတန်ဇိမ်ကျ ခဲ့တာပေါ့။ မနက်မိုးလင်းလို့  ပြန်တွေးကြည့်တော့မှ ဩော်… ဘဝ တစ်ခုလုံး သူ့ ရင်ဘက်ကြီးနဲ့ ထွန်ယက်ခဲ့တဲ့ ကဗျာသစ်သီးတွေကို ကျွန်တော့်မှာ ကျပ်၃၀၀ ပေးဝယ်ပြီး အမြိုက်သား ဇိမ်နဲ့ စားနိုင်ဘာလားဆိုပြီးတော့ စိတ်ထဲမကောင်းဘူး။

ဘာဘဲဖြစ်ဖြစ်လေ မနေ့ ညကတော့ ကျွန်တော်လည်း ပီပီပြင်ပြင် ကြီးကို မောင်ချောနွယ်ဆန်ပြစ်လိုက်တယ်။ကဗျာနတ်သားကြီး မောင်ချောနွယ် ရေ နတ်ပြည်မှာ နတ်သားနတ်သမီး တွေအတွက် နတ်ကဗျာတွေ ဆက်လက် ဝေမျှ နိုင်ပါစေလို့  ဆုတောင်းတယ်ဗျာ။

မိုးမိုးရေ….. ကျွန်တော်ကိုယ်တိုင်ကဗျာမရေးနိုင်တော့ မောင်ချောနွယ်ရဲ့အရိပ်ခြွေသစ်ပင်
ကဗျာနဲ့  ခင်ဗျားရဲ့ အပတ်စဉ်ကဗျာအစီအစဉ်အတွက်ပို့ စ် တင်လိုက်တယ်ဗျာ။ကျွန်တော်
တို့ ချစ်သောမောင်ချောနွယ် အလွမ်းပြေသဘောမျိုးပေါ့။ ပြီးတော့ အရိပ်တွေခြွေချပေးနေတဲ့ သစ်ပင်တွေအတွက်လည်း ရည်ရွယ်ပါတယ်။ လူလည်ကျတယ်လို့  တော့ မပြောနဲ့ နော့်။

posted by သက်စံ
at 11:04 AM Permalink
0 comments | Tuesday, September 26, 2006















အိပ်မက် မှာတင်ထားပေးလို့ ဖတ်ရတာပါ။ အတော့်ကို ထိထိမိမိရှိလွန်းလို့ ။ အဲဒီကာတွန်းတွေလည်း ဖတ်ပြီးရော ကျွန်တော့်မှာ အားခြင်း အော်ပီကျယ် ၊ စောမင်းဝေ ကာတွန်း တွေဖတ်ခြင်တဲ့ အာသီသပြင်းလာလိုက်တာ မနေနေ ကို ဝဘ်ဆိုဒ်လင့်ခ် ပေးဖို့ အပူကပ်ရတယ်။ သူ့ ဆီက တော်တော်လေးရလိုက်တယ်။ ဒါပေမယ့် အော်ပီကျယ့် ကာတွန်း စုံစုံလင်လင် ဖတ်လို့ ရမဘူး။ အလုပ်ကအပြန်တော့ မြန်မာစာအုပ်ဆိုင် မှာ ဝင်ရှာဝယ်ရမှာဘဲ။

posted by သက်စံ
at 7:25 PM Permalink
0 comments

ကျွန်တော့် ကဗျာတော့ မဟုတ်ဘူး။ ကြိုက်လို့ တင်တာ။ ခွင့်တော့မတောင်းမိဘူး။ သူစိတ်မဆိုးအောင် ဒီကနေ ကြော်ငြာပေးလိုက်မယ်။ ဟဲ ဟဲ။ လည်တယ်နော်။ အဲဒီလူရေးထားတာတွေ တော်တော်များများ ရီရတယ်။ ဥပမာ ကြေမွသွားသော ဘဲဥတစ်လုံးအကြောင်း ဆိုတဲ့ ဟာသဇာတ်လမ်းတိုလေးလိုမျိုးပေါ့။ အရေးအသားဆွဲဆောင်မှုရှိတယ်။ ကဲ ကိုယ့်ဆရာ ရေ ဒါလောက် ဆို စိတ်ဆိုးတော့်ဝူး လို့ ယူဆတယ်နော့်။

တစ်ကယ့်ကို ရင်ဘတ်ထဲမျိုသိပ် မထားနိုင်လွန်းလို့ ထွက်ကျလာတဲ့ ခံစားချက်တွေပါ...
. . .

အားအားယားယား သားသားဝါး
ပဲကြီးလှော်လေးများ၊

ပဲလှော်စားပြီး အာခေါင်ခြောက်
သားသားရေတွေသောက်။

ရေတွေသောက်ပြီး ဗိုက်ကြီးကယ်
သားသားအီလယ်လယ်၊

ကယ်မဲ့သူလည်း ဘယ်မရှိ
စိတ်အားငယ်ပါဘိ။

သတိပေးတဲ့ မေမေ့စကား
သားသားနားမှာကြား၊

ရေခြားမြေခြား တိုင်းတပါးမှာ
ကိုယ့်ကိုကိုယ်သာ ဂရုစိုက်ပါ၊

ဗိုက်အောင့်ဗိုက်နာ သက်သာတဲ့
လျှက်ဆားပုလင်းတော့ ဆောင်ထားကွဲ့။ ။

BYAKGA - ဗြ ဂ္ဃ

posted by သက်စံ
at 4:56 PM Permalink
3 comments | Monday, September 25, 2006


ဟား ဟား ဟား ရီရတာ အူကိုလိမ့်တယ်။ ဟေး လျှောက်တော့ မတွေးနဲ့ နော်။ ရူးသွားမှာစိုးလို့ ။
သီချင်းရောနားထောင်ချင်လား။ Pixies's Monkey Gone To Heaven တဲ့ ။ ဒီနေရာကို ကလှစ်နှိပ်၍ ရယူပါ။ ဘိုးတော်ကြီးရေ မင်းစကားလုံး ခွင့်မတောင်းဘဲ သုံးပြီကွာ။ ကြိုက်လို့ ။ ဟီး ဟီး။

posted by သက်စံ
at 8:30 PM Permalink
0 comments

Iraq For Sale က အမေရိကန်ဒုသမ္မတ Chiney ရှယ်ယာအများစုပိုင်တဲ့ Halliburton Company ရဲ့ အရှုပ်တော်ပုံကို ဖွင့်ချထားတဲ့ မှတ်တမ်းရုပ်ရှင်လို့ ဆိုပါတယ်။ ကျွန်တော့် ဆီမှာ မရှိတဲ့ အတွက် အကုန်မကြည့်ရသေးပါ။ အမြည်းကိုတော့Youtubeမှာ iraqforsale.orgကနေပြီးတော့ တင်ပေးထားပါတယ်။ နောက်တကားကတော့ အမေရိကန် မီဒီယာတိုင်ကွန်း Rupert Murdoch's Fox Channel ကနေတဆင့် အီရတ်စစ်ဆင်ရေးအတွက် ဝါဒဖြန့် မှုကို ကမ္ဘာသိအောင် ဖော်ထုတ်ထားတဲ့ Outfoxedမှတ်တမ်းကားပါ ။ လွတ်လပ်တဲ့ ဒီမိုကရေစီဆိုတာ ဒါပါဘဲ။ အုပ်ချူပ်သူ အစိုးရက ပြည်သူတွေကို ညာခြင်တိုင်းညာလို့ မရပါ။ အစိုးရ သည် အခွန်ထမ်း ပြည်သူတွေရဲ့ ဆန်ကို စားနေရတာပါ။ ပြည်သူ တွေရဲ့ ငွေ၊ အခွင့်အာဏာ၊ ယုံကြည်မှုကို အလွဲသုံးစား လုပ်ရင် သူတို့ ဆီကမီဒီယာတွေက လက်ပိုက်ရပ်ကြည့်မနေပါဘူး။ အားလုံးကိုမချွင်းမချန်ဖော်ထုတ်ပစ်တာဘဲ။ကျွန်တော်တို့ ဆီမှာလဲ အဲဒီလို ပြည်သူ့ စာနယ်ဇင်းသမားတွေ အများ ကြီးရှိခဲ့ပါတယ်။ ဆရာကြီးရွှေဥဒေါင်း ဂျာနယ်ကျော်ဦးချစ်မောင်နဲ့ဂျာနယ်ကျော်မမလေး၊ လူထုဒေါ်အမာ၊ လူထုဦးစိန်ဝင်း၊ ဟံသာဝတီဦးဝင်းတင်(ကျွန်တော့်အသိတော်တော်များကတော့ ဂျာနယ်ကျော်ဦးချစ်မောင် နဲ့ နှိုင်းယှဉ်ပြောဆိုကြပါတယ်) ။ အများကြီးမှအများကြီးပါ။ သူတို့ ရေးတဲ့စာတွေ အားလုံး(သို့ မဟုတ်)တော်တော်များများ ကို ကျွန်တော်မဖတ်ဖူးပါ။ ဒါပေမယ့် ဖတ်မိသလောက်နဲ့ တင် သူတို့ ကို အရမ်းလေးစားမိတယ်။ အဲဒါနဲ့ တပြိုင်ထဲ လွတ်လပ်ရေး နှောင်းပိုင်းခေတ် သတင်းစာနဲ့ မီဒီယာလောကကို အားကျစိတ် ၊ တပ်မက်စိတ်တွေက ဖတ်မိတဲ့ အချိန်တိုင်း တဖွားဖွားပေါ်နေတော့တာဘဲ။ စိတ်တော့လဲ သိပ်မလျှော့ပါဘူး။ ဒီိိိဘက်ခေတ် စာရေးဆရာများတွင်လည်း မှန်ရာရေးချင်သူတွေအများကြီးရှိပါတယ်။ ဒါပေမယ့် လည်း သိတဲ့အတိုင်း ဘဲ။ ဆင်ဆာလွတ်အောင် ရေးနေရတာလေးဘဲကွာတယ်။ ကျွန်တော့်ကို အကိုကြီးကိုအေးချမ်းက ဒီလိုပြောဖူးတယ်။ “ညီလေးရေ အားလုံး က ဒီနိုင်ငံရေးစနစ်မှာဘဲ အဆုံးသတ် တာကွ”တဲ့။ ကိုသီဟကတော့ “ ကျွန်တော်တို့က စင်ကာပူလို ချမ်းဘဲချမ်းသာပြီး သတင်းမီဒီယာမလွတ်လပ် တာကိုမကြိုက်ဖူးဗျ။ ကျွန်တော်တို့လုပ်ချင်တာက အဘက်ဘက်က ဒီမိုကရေစီနည်းနည်းကျကျတိုးတက်တဲ့နိုင်ငံတနိုင်ငံ အဖြစ်နဲ့” တဲ့။ ဒါလည်းဟုတ်သည်ပင်။ အရင်က ကျွန်တော့်စိတ်မှာ စင်ကာပူလိုတိုးတက်ချမ်းသာ သောနိုင်ငံကို အလွန်အားကျမိသည်။ ကိုအေးချမ်း၊ ကိုသီဟတို့ နှင့်ပြောဆိုဆွေးနွေးပြီးနောက်ပိုင်း မှာတော့ ကျွန်တော့်အယူအဆနည်းနည်းပြောင်းသွားသည်။ ဒါတွေ ရေးရလျှင်ဆုံးမည်မဟုတ်။ အဓိက ကတော့ လွတ်လပ်တဲ့၊ တိုးတက်တဲ့တိုင်းပြည်၊ နိုင်ငံအကြောင်းပြောကြပြီဆိုရင် သတင်းမီဒီယာ အခန်းဟာ အလွန်အရေးပါတယ်ဆိုတာ ကျွန်တော်တို့ မှာ သိသိကြီးနဲ့ ခံနေရတာ ကိုရေးချင်တာပါ။ ဘာလို့ လဲ ဆိုတာကတော့ လူထုဦးစိန်ဝင်းရဲ့ ဆောင်းပါးကို ဖတ်မိသူဆိုရင်သိပါလိမ့်မည်။ နောက်ပြီးတော့ ၁၉၆၂ အာဏာသိမ်းပြီး နောက်ပိုင်း ကထဲက အစိုးရက ပေါက်တဲ့ မဖြစ်စလောက် ချီးလေးရှု ပြီး နိုင်ငံတော် ချီးဘူးအစိုးရက အနော်တို့ ကိုဘယ်ခေတ်နဲ့ မှမတူအောင်လွတ်လပ်စွာ ချီးရေးခွင့်ပေးနေပါတယ်လို့ အော်ပြီး ဖားနေ သာယာနေသူ တချူိ့ သောစာနယ်ဇင်းသမားအမည်ခံ အာလဝီမောင်ရွှီး တွေ သိပ်ကြည့်စေချင်တာပါဘဲ။ ဆိုတော့ ပေါ့ပ်ဆောင်းပါး တွေရေး ပြီး တကယ့်စာနယ်ဇင်းသမားကြီးလိုလို ဘာလိုလို နဲ့ လူတွင်ကျယ်လုပ်ပြီး အစိုးရဘက်ကနေ ဝါဒဖြန့် သူတွေ သတိသာထားပေတော့။ လောလောဆယ်တော့ ရွာထားစမ်းပါ ဗျောင်လိမ်ဆရာသမားတွေရေ။ ဒါပေမယ့် အလှည့်ကျ မနွဲ့ စတမ်း ပေါ့ ။ ဟဲ ဟဲ။

posted by သက်စံ
at 12:25 PM Permalink
0 comments

`ဇမ္ဗူတခွင်တွင်ဖြင့်
လူအသွင်အပြင်နှင့်တကွ
မူအဆင်ဆင်တွေနှင့်
အယူအငင်မှာတော့
တူချင်လဲတူကြ၊
မတူချင်လဲနေကြပေါ့ …
ဖြူဖြူစင်စင် ဗြဟ္မာစရိယ ဂိုဏ်းတွေနဲ့´

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့  ၀ါဒ ပါပဲ။ အယူအဆ တူချင်တူ မတူချင် လဲ ဖြူဖြူစင်စင် ငြီမ်းငြီမ်းချမ်းချမ်း သဘောထား ကွဲလွဲ နိင်ပါတယ် တဲ့။ အဆင့်အတန်း အင်မတန်မြင့်ပြီး ဒီမိုကရေစီ ဆန်လှတဲ့ သဘောထား ဖြစ်ပါတယ်။ ဗုဒ္ဓ ရဲ့ ဧဟိပတ်သိကော ဆို တဲ့ ဓမ္မဂုဏ်တော် နဲ့ လဲကိုက်ညီတဲ့ အယူအဆ ပါပဲ။ ကျွန်တော်တို့ တိုင်းပြည် မှာ ရာဇတောဝါတွေ ဒီဝါဒ ကို လက်တွေ့  ကျင့်သုံး နိင် ကြပါစေလို့  ဆုတောင်းမိပါတယ်။

posted by Kyal Sin
at 12:02 AM Permalink
1 comments | Wednesday, September 20, 2006

Letter from Burma by Aung San Suu Kyi

Mainichi Daily News
Monday, January 22, 1996


NOW'S THE TIME TO JOIN TOGETHER
AND LOOK TOWARD HEAVEN
"New Year Notes"

A professor of geography in Kyoto explained to me in poetic terms his emotions as a child growing up in Japan at the end of the war. He described a day when an American soldier had appeared at his village in search of antiques. He had looked up to the tall stranger and was filled with a strong awareness of the fact that he, the little Japanese boy, was ill-nourished and puny and ill-clothed, while the big American soldier was well-dressed and obviously well-fed. He recognized the world of difference between the strong and the weak. But, the professor told me, all through his childhood, as he and his family struggled for daily survival, he would always look up toward the heavens and he knew that behind the clouds was the sun.

When he was a grown man and Japan had become an economically powerful country, he went on a field trip to an Indian village. And one day as he stood speaking to some Indian villagers he became suddenly aware that he was well-fed and well-clothed while the villagers were malnourished and poorly clothed. He and his countrymen were now cast in the role of the strong. But, he said to me with a smile, our young people these days, although they are rich and have never known what it was like not to have enough to eat, they do not look up toward the heavens, they do not care whether there are clouds or whether there is a sun behind them. I do not know how may Japanese people would share the views of this gentle professor of geography. But I think many people in Burma will recognize the instinct that makes us look up toward the heavens and the confident inner voice that tells us that behind the deeply banked clouds there is still the sun waiting to shed its light and warmth at the given hour. The beginning of a new year is a time when we all like to turn our faces towards the heavens, when we look to our friends all over the world to join us in our quest for light and warmth.


readmore

posted by သက်စံ
at 2:59 PM Permalink
2 comments



Redemption Song By Bob Marley

Old pirates, yes they rob I
Sold I to the merchant ships
Minutes after they took I
From the bottomless pit
But my hand was made strong
By the hands of the almighty
We forward in this generation
Triumphantly

Won't you help to sing
These songs of freedom
'Cause they all I ever had

Redemption Song, Redemption Song

Emancipate yourself from mental slavery
None but ourselves can free our minds
Have no fear for atomic energy
'Cause none of them can stop the time
How long shall they kill our profets
While we stand aside and look
Some say it's just a part of it
We've got to fullfill the book

Won't you help to sing
These songs of freedom
'Cause they all I ever had

Redemption Song, Redemption Song

ကျွန်တော့်ကို အားသစ်တွေ၊ ယုံကြည်ချက်တွေမွေးပေးနိုင်တဲ့ သီချင်းမို့ လို့ ပါ။ကျွန်တော်တို့
လူငယ်တွေလည်း တတ်နိုင်တဲ့ ဘက်ကနေပါဝင် ကြစို့ ရဲ့ ။ အဘ ဦးဝင်းခက်ကတော့ပြောသွားတယ်။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ ကိုယ့်မှာရှိတဲ့ လက်နက်နဲ့ တော်လှန်တာတဲ့။ ပညာရှိသူက ပညာလက်နက်နဲ့  ဥစ္စာရှိသူက ဥစ္စာလက်နက်နဲ့  အဖက်ဖက်ကနေ အင်တိုက်အားတိုက် ပါဝင်တော်လှန်ရမယ်တဲ့။ အဓိက ကတော်လှန်ဖို့ ဘဲ။ ဆန့် ကျင်ဖို့ ဘဲ။ သူတို့ ကိုအားမပေးဘူး ဆိုရင် အဲ့ဒါတော်လှန်တာဘဲတဲ့။ဟုတ်တယ်။ အာဏာရှင်စစ်အစိုးရကို အားမပေး ဘူးဆို တာနဲ့ ကျွန်တော်
တို့ ဟာ အခြေခံအကြဆုံး တော်လှန်ပြီးသားဘဲ ။ ကျွန်တော်တို့ ရဲ့  အားတွေကို တိုင်းပြည်အတွက် အသက်။ ဘဝ ပဓါနမထားဘဲ တိုက်ပွဲဝင်နေကြတဲ့ သူတွေကိုပေးရမယ် ။ အာဏာရှင် လူတစ်စု့ကြောင့် ညစ်နွမ်းနေရတဲ့ ကျွန်တော်တို့  နိုင်ငံသမိုင်း ကို ပြန်လည်အဖတ်ဆည်ဖို့  လုပ်ကြတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ ကိုယ်တတ်နိုင်သလောက် ပါဝင်ကူညီ ဖြည့်ဆည်းပေးနို်င်တာဟာ အလွန်ဘဲဂုဏ်ယူဖို့ကောင်းပါတယ်။ နောင်တချိန် ကျွန်တော်တို့ သားမြေးတွေက ကျွန်တော်တို့ ကို ပြန် မေးလို့ ရှိရင်လဲ ကိုယ်ပါဝင်လှုပ်ရှားခဲ့ တာကို မရှက်မကြောက် ပြန်ဖြေနိုင်မှာကို တွေးကြည့်ရင်တောင် ကြည်နူးဖို့  တော်တော်ကောင်းပါတယ်။ အရေးတော်ပုံ မလွဲမုချ အောင်ရမယ်။

posted by သက်စံ
at 8:00 AM Permalink
3 comments | Monday, September 18, 2006

ရန် ကုန် တက္ကသိုလ် ကို ရောင်း တော့  မယ် ဆိုပါလား။ ရန် ကုန် တက္ကသိုလ် ရဲ့  ကြီး မြတ် တဲ့ ဂုဏ် သိက္ခာ နဲ့  ခန်း နား ခဲ့  တဲ့  သမိုင်း ကြောင်း တွေ ဟာ ငို့ ဘ လောဘ ရယ် မ နာ လို စိတ် တွေ ရယ် ကြား မှာ တန် ဆာခံ ဖြစ် ရ တော့  မယ်။ ဒီ တက္ကသိုလ်ကြီး ထဲ မှာ ကို အောင်ဆန်း ၊ ကို နု ၊ ကို သိန်း ဖေ ၊ ကို ကျော် ငြီမ်း တို့ လို နိင် ငံ ရေး ကျောင်း သား တွေ လွပ် လပ် စွာ သ ဘော ထား ကွဲ လွဲ ခဲ့  ကြ တယ် ။ ဒီ တက္ကသိုလ်ကြီး ထဲ မှာ ဦး ဖေမောင်တင် ၊ သိပ္ပံ မောင်ဝ ၊ ဇော် ဂျီ ၊ မင်း သုဝဏ် တို့  က့ ခေတ်စမ်း စာပေ ကို စ ခဲ့ ကြ တယ်။ ဒီ တက္ကသိုလ်ကြီး မှာ Professor လုစ် တို့  ဒေါက်တာ သန်းထွန်း တို့ ပု ဂံ ရာဇ၀င် ကို ငြင်း ခဲ့ ကြ တယ်။ ဒီ တက္ကသိုလ်ကြီး မှာ တိုင်း ပြည် ရဲ့  အ နာဂတ် တွေ ကို ဆွေး နွေး ခဲ့ ကြ တယ်။ ခု တော့  သွား ပြီ ပေါ့ ။ ၀ယ် မှာ ကလဲ Singapore က Poly တခု။ တက္ကသိုလ် ဆို တာ ဘာလဲ ရော သိ ကြ ရဲ့ လား။တောက် ပြင်းပြင်း ခေါက် မိ တယ် ။ အင်း ဒါ တွေ စဉ်း စား ရတာ အကုသိုလ် များ တယ်။ ဘုရား ပဲ ရှိ ခိုး တော့  မယ်။ ပြီး ရင် တောင်း နေ ကြ ဆု တောင်း လိုက် ဦး မယ်။

“ အရှင် ဘုရား နောင် ဘ၀ ကြ ဒီ လို အတင်း ချောက် ထဲ က ကယ် တင် မယ့်  သူ တွေ နဲ့  ဝေး ရ ပါ လို ၏ ဘုရား။ ခု တော့  သမိုင်း အမွေ အနှစ် မကျန် အား လုံး ကုန် ပါ ပြီ ဘုရား။ “

posted by Kyal Sin
at 1:31 AM Permalink
3 comments | Sunday, September 17, 2006


မနေ့ကကိုသီဟနဲ့စကားအတော်များများပြောဖြစ်ဆွေးနွေးဖြစ်တယ်။ ပြောရင်းပြောရင်း
နဲ့ ဒေါက်တာမတင်ဝင်းတို့ ဘာတို့ အကြောင်းရောက်သွားရော။ အဲဒါနဲ့  ငယ်ငယ်ကသင်ရတဲ့ 
သမိုင်းဖတ်စာအကြောင်း
ပြောဖြစ်ကြတယ်ဆိုပါတော့။ နှစ်ယောက်လုံးအယူအဆ အတူတူဘဲဗျ။

ခင်ဗျားလည်း သတိထားမိမှာပေါ့။ ဒီလိုလေဗျာ။ ထိုင်းတို့ လောတို့ နဲ့ ပတ်သတ်ရင် ကျွန်တော်တို့
သင်ရတာက
မြန်မာမင်းတွေက ဘယ်လိုသိမ်းပိုက်တယ်၊ အဲဒီတုန်းကဘယ်လိုတန်ခိုးထွားတယ်
ဘာညာပေါ့ဗျာ။
ကျွန်တော်တို့ ကိုအင်္ဂလိပ်ကသိမ်းတော့ ကျူးကျော်တယ်လို့ သင်ရတယ်မဟုတ်လား။
ဆိုတော့“သိမ်း”တယ်ဆိုတာ
နဲ့ “ကျူးကျော်”တာဆိုတဲ့ဝေါဟာရနှစ်ခု ကွာခြားမနေဘူးလားဗျာ။အင်္ဂလိပ်
နယ်ချဲ့ တွေကျွန်တော်တို့ နိုင်ငံကို ကျူးကျော်တုန်းကလဲ သူတို့တိုင်းပြည်မှာ မယဉ်ကျေးသူတွေကို
စောင့်ရှောက်ဖို့ အတွက်
“သိမ်း”ရပါတယ်ဆိုပြီး ဝါဒဖြန့် ကျွန်ပြုတာပေါ့ဗျာ။ ကျွန်တော်တို့ မြန်မာမင်းတွေ
ဘုန်းမီးနေလ တောက်တုန်းကလဲ ဒီလိုဘဲ အကြောင်းပြပြီးနယ်မြေ ချဲ့ ထွင်ကြတာပါဘဲ။ အရာကြီးနဲ့
ကုလားကြီးပါဘဲ သိပ်ထူးလှတာတော့မဟုတ်ဖူး။ ခင်ဗျားသိတဲ့ အတိုင်းဘဲ စစ်တိုက်တယ်ဆိုတာ
နိုင်သူ
ူအကုန်စား၊ နိုင်သူကတရားတယ် ဆိုတဲ့သဘောဘဲ။
ဘယ်စစ်ဘုရင်မှ လက်အောက်ခံနိုင်ငံကို
ငဲ့တာမဟုတ်ဖူး။ စကားလှအောင်ကြည့်ရှုစောင့်ရှောက်တယ်ဘာညာဆိုပြီးပြောတာ။
အဲတော့ဗျာ
ကိုယ့်အလှည့် ထိုင်းတွေကိုကျွန်ပြုတော့ တရားတဲ့သဘောမျိုး
ဖတ်စာအုပ်ကနေတဆင့် ဦးနှောက်ထဲ
ဆွဲနေအောင်သင်ရတယ်။
ကိုယ့်ကို အင်္ဂလိပ်ကကျွန်ပြုတော့ မတရားဘူးတဲ့။ သမိုင်းကိုသင်တယ်ဆိုတာ
ဆရာကြီးဒေါက်တာသန်းထွန်းရဲ့နာမည်ကြီး
စကားအရပြောရရင် မတုံးအောင်သင်ရတာမဟုတ်လား။

အခုတော့ ကျွန်တော်တို့  ခင်ဗျားတို့ အပါအဝင် နောင်လာမယ့် ညီငယ် ညီမငယ်အားလုံး အစွန်းရောက်အမျိုးသားရေးဝါဒကို အလိုအလျောက်ရိုက်သွင်းခံရတာဘဲ။ ဒီနေရာမှာပြောရဦးမယ်
ကျွန်တော်တို့ ပညာရေးစနစ်က(ခေါင်းထဲကို အတင်းရိုက်ထည့် တဲ့စနစ်)
အခုဆိုရင် ကြောက်ဖို့ ကောင်း
အောင်အမြစ်တွယ်နေပြီဆိုတာဘဲ။ ဒါလည်း ခင်ဗျားကို အထူးပြောနေစရာ မလိုပါဘူး။ အဲဒီတော့ဗျာ
ကျွန်တော်တို့ မြန်မာနိုင်ငံ
လွတ်လပ်ရေးမရခင်တုန်းက မျိုးချစ်စိတ်ဓါတ်ပြင်းထန်ဖို့အတွက် ဒီလိုမျိုး
သင်ခန်းစာတွေ သင်ရတယ်ဆိုရင် ဟုတ်သေးရဲ့ ။
အခုဟာက လွတ်လပ်ရေးလည်းရပြီးပြီ။ ဒီလိုမျိုး
တဖက်စောင်းနင်း
သမိုင်းသင်ခန်းစာတွေ ကို ကျွန်တော်တို့  သင်စရာအကြောင်းမရှိတော့ဖူးဗျ။
သင်မယ်ဆိုရင်လည်း ကိုယ်ကကျူးကျော်ရင်လည်း မကောင်းဘူး၊ ကိုယ့်ကိုသူများက ကျူးကျော်တာ
လည်းမကောင်းဘူး လို့ 
မှန်မှန်ကန်ကန်တွေးတတ်အောင် သင်ကြားသင့်တယ် မဟုတ်ဖူးလားဗျာ။
ကံရာဇာကြီး ၊ ကံရာဇာငယ် အကြောင်း ပညာရှင်တွေရေးကြတာ ဖတ်ဖူးမှာပေါ့ ။ ကျွန်တော်လည်းဖတ်
ပြီးမှဟုတ်လိုက်လေဗျာလို့ တွေးမိတယ်။ကျွန်တော်တို့ တွေခေတ်နောက်
ကျကျန်ခဲ့တာ လည်းမပြောနဲ့ 
အဲဒီလို သင်ရိုးညွှန်းတန်းတွေကို အချိန်ကုန်ခံ အပင်ပန်းခံ
ကျက်မှတ်လေ့လာနေရတာလဲ ပါတာပေါ့။

မနှစ်က ဂျပန်တွေ အလယ်တန်းသမိုင်းဖတ်စာ သင်ရိုးတွေပြောင်း သမိုင်းလိမ်ဖို့ ကြိုး စားလို့ 
အကြီးအကျယ်ပြဿနာတတ်တုန်းက ကျွန်တော်တို့ မြန်မာတွေ အေးဆေးဘဲ။
လုံးဝမနာဘူး အဲ့ဒါ နဲ့
ဆန့်ကျင်ဘက် လွန်ခဲ့တဲ့သုံးနှစ်ကျော်လောက်က ထိုင်းမြန်မာနယ်စပ်ပြဿနာဖြစ်လို့  နအဖက သူတို့
သတင်းစာ ကိုသုံးပြီးဝါဒလည်းဖြန့် ရော အားလားလား ကျွန်တော့်ရပ်ကွပ်ထဲ မှာ အလံတွေ
ထိန်ထိန်နီ
တော့တာဘဲ။ မထူမနေရအမိန့် လည်းပါတာပေါ့ ။ထိုင်းလောက်တော့ ပျင်းတောင်ပျင်းတယ်ဆိုတာလဲ
ပါတယ်။
ကျွန်တော်တို့ အစိုးရက လည်းကျွန်တော်တို့ မြန်မာတွေအကြောင်း နောကြေနေပြီ လေ။
အမျိုးဘာသာနဲ့ သာတိုက်ပေးလိုက် ငိုက်ခနဲကို ပါလာတော့တာဘဲ။
အာဏာရူးနေဝင်းက တော်တာ
တော့ တော်တော့်ကိုတော်တာ၊ စစ်အုပ်ချူပ်ရေး ယန္တယားကောင်းကောင်း မွန်မွန်လည်ပတ်နိုင်အောင်
ပညာရှင်တွေကို ဘယ်လိုသုံးရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ နောက်ပိုင်း မောင်ခင်ညွှန့် တို့ လဲ
အတူတူဘဲ။ ဆိုတော့ အလယ်တန်း သမိုင်းဖတ်စာဆိုပြီးတော့ ပေါ့ပေါ့လေး သွားတွေးလို့ မရဘူး။
သူတို့ က ဒီလိုသင်ခန်းစာတွေသင်ပေးပြီး
နုနုနယ်နယ် ဦးနှောက်တွေကိုဆေး ခိုင်းခြင်တဲ့ အချိန် လိုသလို
ခိုင်းလို့ ရတဲ့စက်ရုပ်လေးတွေဖြစ်အောင် လုပ်ထားတာဗျ။
ကျွန်တော်က အဲ့ဒါကိုခံပြင်းတာ။ ကျွန်တော်တို့ 
ဦးနှောက်တွေက သူတို့ ခိုင်းခြင်ရာခိုင်းဖို့ မဟုတ်
ဖူးဗျ။ ကိုယ့်သမိုင်းထဲကနေပြီး အမှန်အမှားဝေဖန်ပိုင်းခြား
နိုင်ဖို့ ၊ ဒါတွေကျွန်တော်လည်း သိလွန်းလို့ တတ်လွန်းလို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ဖတ်ရဘူးတဲ့
စာအုပ်တွေထဲ ကနေတဆင့်ပြန်ဖောက်သည်ချတာဗျ။

ကျွန်တော်တို့ မြန်မာ့သမိုင်းမှာ သူတပါးကို မထိခိုက်ဘဲ ကိုယ့်အမျိုးကို မှန်မှန်ကန်ကန် ချစ်တတ်အောင်သင်ကြားနည်းတွေ အများကြီးရှိပါတယ်။ခက်တာက အဲဒီလိုသင်ရိုးညွန်း တန်းတွေကို ပြဌာန်းဖို့ အတွက်အသိပညာရှင်။ အတတ်ပညာရှင်တွေမှာ အခွင့်အရေးမရတာဘဲ၊ ဘာလို့ လဲ ဆိုတော့ ......သိတဲ့အတိုင်းဘဲ။

ကျွန်တော်ဒါတွေပြောနေလို့ ပညာတတ် ဘွဲ့ ရ

တော့မဟုတ်ပါဖူးဗျာ။ကိုယ့်မွေးရပ်နိုင်ငံကို မေတ္တာတရားရှေ့ထားပြီးညဏ်ရှိရှိအုပ်ချူပ်နိုင်

မယ့်အစိုးရတရပ်လိုချင်တဲ့သူလိုငါလိုထဲကပါဘဲ။


စာကိုး၊ ၊ငါပြောချင်တဲ့ ငါ့အကြောင်း (ဒေါက်တာသန်းထွန်း)
အုပ်ချူပ်သူသုံးမျိုးနဲ့ မကောင်းသောဆု ကောင်းသောဆု (မောင်သစ်ဆင်း)

posted by သက်စံ
at 3:14 AM Permalink
3 comments | Saturday, September 16, 2006

ဒီခေါင်းစဉ်လေးက သတင်းစာဆရာ၊ စာရေးဆရာကြီး ဆရာလူထုဦးလှရဲ့ခေါင်းစဉ်ပါ။ ကျွန်တော်လဲ ရောက်တတ်ရာရာ ရေးချင်ရာရာရေးပြီး ဘာခေါင်းစဉ်တပ်ရမလဲ မသိတာနဲ့  ဆရာကြီးရဲ့ ခေါင်းစဉ်ကိုပဲ ခပ်တည်တည် ကူးချလိုက်တာပါ။ နောက်လဲ ဘာပဲရေးချင်တာ ရှိရှိ နောက်မှာ အမှတ်စဉ်ထိုးပြီး ရေးသွားယုံပဲ။ (ပိုင်တယ်နော်။) တလောက ကျွန်တော်တို့ ရဲ့ မူလတန်းက ဆရာမ ၂ ယောက်ရယ် နဲ့  ကျွန်တော်တို့ု တပည့်တစုရယ် ဆုံမိကြတယ်။ တပည့်တို့ ရဲ့ အစဉ်အလာအတိုင်း ဆရာမ ချက်ကျွေးတဲ့ ခေါက်ဆွဲကို အဝတုတ်ရင်းပေါ့။

အင်းဆရာမတွေလဲသူတို့  ရဲ့တပည့်တွေကို ကြည့်ရင်း ပီတိဖြစ်နေပုံပါပဲ။ ငယ်ငယ်တုန်းက ဘာကောင်တွေ ဖြစ်လာမယ်မှန်း မသိတဲ့ကောင်တွေ ခုတော့တော်သေးတာပေါ့ လို့  တွေးနေပုံပါပဲ။ ဆရာမတွေ နဲ့  တွေ့ တော့ ကျွန်တော်တို့  ငယ်ငယ် က ကျောင်းလေးကို လွမ်းလာတယ်။ ကျွန်တော်တို့  ရဲ့ ကျောင်းလေးက တကယ်တော့ ကျောင်းပီပီသသ ပုံစံဆောက်ထားတဲ့ ကျောင်းတော့ မဟုတ်ပါဘူး။ ရှေးခေတ် အင်္ဂလိပ်ပုံစံ အိမ်ကြီးရဲ့ အောက်ထပ်ကို ကျောင်းလုပ်ထားတာပါ။ အိမ်ကြီးက အတော်ကြီးတာမို့  သူငယ်တန်းက လေးတန်းထိကို ချောင်ချောင်ချိချိပါပဲ။ လူလေးတွေကလဲ ပေါက်စနလေးတွေကို။ ( ငယ်ငယ်ကတော့ ဘာမဆိုအကြီးကြီးလို့ ထင်ရတာပဲ ။ ဘုရားပေါ်ရောက်လဲ ရင်ပြင်ကြီးက အကြီးကြီး ပြေးလို ဆော့လို့  အလွန်ကောင်းပေါ့။ မုန့်  စားရင်လဲ အကြီးကြီး အများကြီးလိုပဲ။ ခုတော့ကုန်ဈေးနုန်း နဲ့ စရိတ်စက က ပဲကြီးတာ ရှိတော့တယ် ထင်တယ်။)

ကျွန်တော် တို့  ကျောင်း ရဲ့ ဘယ်ဖက်ဘေးမှာ က ကားဝပ်ရှော့ တခုရှိတယ်။ ကျွန်တော်တို့ က ၀ပ်ရှော့ရှေ့  က ဘော်ဒီခွံပဲရှိတဲ့ ကားပေါ် တက်ဆော့ရတာ အပျော်ဆုံးပေါ့။ နောက်ဆော့နည်းတခုက ကျောင်းဆင်ဝင် လှေကားက ခုန်ချုပြိုင်ကြတာ။ (အခုန်ကောင်းလို့ခေါင်းကွဲ ပြီးဆေးခန်းလဲ ရောက်ဖူးပါတယ်။ ၃ တန်းတုန်းက မှတ်မှတ်ရရပါပဲ။) ကျွန်တော်တို့ ကျောင်းရှေ့က အင်းယားကန်ပေါ့။ ဒိုက်တွေပဲသေချာ မြင်ရပါတယ်။ အဲဒီ ဖက်ခြေဦးလှည့်ရင် ကတော့ ကြိမ်လုံးနဲ့  မိတ်ဆွေ ဖြစ်မယ် ဆိုတာက ကျောင်းသားတိုင်း နားလည်ထား ကြပါတယ်။

ကျောင်းနဲ့  ပတ်သက်လို့  မှတ်မှတ်ရရ အဖြစ်ဆုံးကတော့ ၄ တန်းမှာပါ။ ၈၈ မှာ ကျွန်တော် ၄ တန်းတက် ရပါတယ်။ ဒီတော့ ထုံးစံ အတိုင်း ၄ တန်းကို ၂ ကျော့ ပြန်တက်ရပါတယ်။ နောက်တခါ ၄ တန်းကို ပြန်တက်ရော ကျွန်တော်တို့  မူလတန်းကျောင်းလေးက တော်တော် အဆင့်မြင့် သွားရောဗျ။ ကျောင်းတက်တာတောင် အစောင့်အရှောက်နဲ့  ကမ္လာပေါ်မှာ ဘယ် မူလတန်းကျောင်းမှာ မှ ဘယ်လောက် အရေးပါတဲ့ ပုဂ္ဂိုလ်ရဲ့ သားသမီး တက်တက် ဒီလောက် အစောင့်အရှောက် တူမှာ မဟုတ်ပါဘူး။ သိကြရဲ့လား ကျွန်တော်တို့ ရဲ့ မူလတန်းကျောင်းလေးက “အ.မ.က (၂) ဗဟန်း” တဲ့ဗျာ။ ခုတော့ ကျောင်းက တခြား မူလတန်းကျောင်း နေရာမှာ ခွေးဝင်စား သွားလုပ်နေပြီတဲ့ဗျာ။ အင်း ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကမ္ဘာပေါ်မှာ လက်နက်ကိုင် အစောင့်အကျပ် အထူထပ်ဆုံး မူလတန်းကျောင်း က ကျောင်းသား ဖြစ်ခဲ့ရလို့  ဂုဏ်ယူရပါတယ်ဗျာ။ အစောင့်အရှောက်နဲ့  ကျောင်းတက်ရတာ နည်းတဲ့ ကုသိုလ်လားလို့ ။

posted by Kyal Sin
at 5:56 PM Permalink
1 comments

Security Council Puts Myanmar on Agenda
U.N. Security Council puts Myanmar on agenda as U.S. moves to increase pressure on junta

UNITED NATIONS, Sep. 16, 2006
By KIM GAMEL Associated Press Writer
(AP) Over strong opposition from China, the U.N. Security Council on Friday put Myanmar on its agenda in what U.S. officials called a "major step forward" in American efforts to increase pressure on the country's military dictatorship.

The council voted 10-4 to formally list Myanmar, which has drawn international condemnation for imprisoning hundreds of political opponents, including pro-democracy leader Aung San Suu Kyi.

China led Russia, Qatar and Congo in opposing the move, saying Myanmar has made strides in solving its problems and doesn't pose a threat to international security _ the requirement for council consideration.

read more....

posted by boedawgyi
at 12:38 PM Permalink
2 comments | Thursday, September 14, 2006

ခက်လည်းခက်တယ်။ အဲဒီလိုလူတွေနဲ့ ။
၈၈ ကျောင်းသားယောင်ဆောင်ကျီးမိုက်တွေကိုပြောတာပါ။
ဖတ်သာဖတ်ကြည့်ပါတော့။

posted by သက်စံ
at 10:29 AM Permalink
0 comments

ကြည့်လို့  နားထောင်လို့ မဝ
ကြည့်တိုင်း နားထောင်တိုင်း
ရင်မှာနင့်ရ ဆို့ ရ။
မတရားလိုက်ကြပုံများ
ဟိုးတုန်းကလို
အပြုံးများ မချိုမြိန်တော့ဘူးကွယ်။
မတရားလိုက်ကြပုံများ
အရင်းတိုင်း အရိုးခံ
သိသမျှ
တတ်သမျှ
ဖွင့်ဟ ခဲ့လို့ တဲ့။
သူတို့ 
တံခါးကိုသော့ခတ်
ပါးစပ်ကိုသော့ခတ်
ခုတော့
သူမတစ်ယောက်ထဲ
တိတ်ဆိတ်ငြိမ်သက်
သီိချင်းလေးနဲ့ 
သူမတစ်ယောက်ထဲ
နှစ်ပေါင်းများစွာ……..။


သူမကချစ်တဲ့သူတွေနဲ့
သူမကို်ချစ်တဲ့သူတွေ
လွတ်လွတ်လပ်လပ်
ချိုမြိန်ပါစေတော့
အပြုံးတွေ အရင်လို
ပြန်ရှင်သန်ထမြောက်ပါစေတော့
တံတိုင်းတွေ
ဖြိုဖျက်ပေးလိုက်ပါတော့
မေတ္တာတရားတို့ 
အရင်းတိုင်း စီးဆင်းပါစေတော့
ကြည့်သူ
မြင်သူ
သိသူ
ကြားသူ
မချိလွန်းလို့ ။
အတောမသတ်
ဇာတ်လမ်း သိမ်းပါစေသား။


အန်တီစု ၊ အမေစု ကျန်းမာပါစေ။ ချစ်တဲ့သူတွေနဲ့  အမြန်ဆုံးပျော်ရွှင်ချမ်းမြေ့ ရပါစေ။
အားလုံးဆုတောင်းပေးနေပါတယ်။

posted by သက်စံ
at 12:37 AM Permalink
0 comments | Wednesday, September 13, 2006




from bastard magazine.

Magazine


http://www.westmagz.com/
http://www.bloodwarsmagazine.com/
http://ebooks.sudeep.net.np/

IT


http://www.pdfchm.com/
cyberpunk(cyber culture, science-fiction)
http://www.ebookshare.net/
(download with torrent)

Archive And Library

http://www.chaoskitty.com/webzen/
http://www.gutenberg.org/wiki/Main_Page
But i have no time to read coz of Lazy,sleeping,eating,chatting,shitting. :-)

posted by သက်စံ
at 3:35 PM Permalink
3 comments | Tuesday, September 12, 2006


posted by Nharni
at 7:22 PM Permalink
2 comments | Monday, September 11, 2006

#1 Future of Internet Debate Ignored by Media

#2 Halliburton Charged with Selling Nuclear Technologies to Iran

#3 Oceans of the World in Extreme Danger

#4 Hunger and Homelessness Increasing in the US

#5 High-Tech Genocide in Congo

#6 Federal Whistleblower Protection in Jeopardy

# 7 US Operatives Torture Detainees to Death in Afghanistan and Iraq

#8 Pentagon Exempt from Freedom of Information Act

#9 The World Bank Funds Israel-Palestine Wall

#10 Expanded Air War in Iraq Kills More Civilians

#11 Dangers of Genetically Modified Food Confirmed

#12 Pentagon Plans to Build New Landmines

#13 New Evidence Establishes Dangers of Roundup

#14 Homeland Security Contracts KBR to Build Detention Centers in the US

#15 Chemical Industry is EPA’s Primary Research Partner

#16 Ecuador and Mexico Defy US on International Criminal Court

#17 Iraq Invasion Promotes OPEC Agenda

#18 Physicist Challenges Official 9-11 Story

#19 Destruction of Rainforests Worst Ever

#20 Bottled Water: A Global Environmental Problem

#21 Gold Mining Threatens Ancient Andean Glaciers

#22 $Billions in Homeland Security Spending Undisclosed

#23 US Oil Targets Kyoto in Europe

#24 Cheney’s Halliburton Stock Rose Over 3000 Percent Last Year

#25 US Military in Paraguay Threatens Region

here's detail on each.

From Boing Boing Reporter Xeni Jardin


posted by သက်စံ
at 10:23 AM Permalink
0 comments | Sunday, September 10, 2006



What I've got you've got to give it to your mamma
What I've got you've got to give it to your pappa
What I've got you've got to give it to your daughter
You do a little dance and then you drink a little water

What I've got you've got to get it put it in you
What I've got you've got to get it put it in you
What I've got you've got to get it put it in you
Reeling with the feeling don't stop continue

Realize I don't want to be a miser
Confide w/sly you'll be the wiser
Young blood is the lovin' upriser
How come everybody wanna keep it like the kaiser

[chorus]
Give it away give it away give it away give it away
now x 3
I can't tell if I'm a kingpin or a pauper

Greedy little people in a sea of distress
Keep your more to receive your less
Unimpressed by material excess
Love is free love me say hell yes

I'm a low brow but I rock a little know how
No time for the piggies or the hoosegow
Get smart get down with the pow wow
Never been a better time than right now

Bob Marley poet and a prophet
Bob Marley taught me how to off it
Bob Marley walkin' like he talk it
Goodness me can't you see I'm gonna cough it

(chorus)

Lucky me swimmin' in my ability
Dancin' down on life with agility
Come and drink it up from my fertility
Blessed with a bucket of lucky mobility

My mom I love her 'cause she love me
Long gone are the times when she scrub me
Feelin' good my brother gonna hug me
Drink my juice young love chug-a-lug me

There's a river born to be a giver
Keep you warm won't let you shiver
His heart is never gonna wither
Come on everybody time to deliver
(chorus)
(repeat first verse)

Tags:

posted by သက်စံ
at 11:59 PM Permalink
2 comments


Ethnic Look, originally uploaded by Parc Cruz.



posted by သက်စံ
at 10:20 PM Permalink
0 comments



Drunken Staircase
, originally uploaded by A Glimpse of the World.

ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတာနဲ့ BoingBoing Feedကပို့တဲ့ Chinglish
အကြောင်းရေးထားတဲ့စာကိုဖတ် မိတယ်။ စိတ်ထဲမှာဘာများလည်းပေါ့ ။အဲဒီကတဆင့် Flickr မှာ ဓါတ်ပုံတွေ လျှောက်ကြည့် ရင်း နဲ့  ဒီပုံလေး ကို တွေ့ တာဗျ။ တော်တော်လေးကြိုက်မိတယ်။ စိတ်ထဲမှာလည်း ငါလည်း အဲလို ရိုက်ကြည့် ချင်လိုက်တာ ဆိုတာမျိုး လည်း ပေါ်တယ်။ ဟဲ ဟဲ။ ဒါပေမယ့် ဓါတ်ပုံ တို့ ၊ ပန်းချီတို့ နဲ့  ပတ်သတ်ပြီးတော့ နကန်းတလုံးတောင် မသိတော့ ခတ်သားလား။ အဲဒီတော့လည်း ခံစားရုံပေါ့လေ။ဟုတ်ဖူးလား….


posted by သက်စံ
at 2:12 AM Permalink
0 comments | Saturday, September 09, 2006

First,thanks to Mg Yoe. I got radio.blog info from his blog.
So i can blog my favorite songs from here.yayyyyyy....
Although I'm not Beatles's big fun but "I am the warlus" is one of my favorite of them.You can find their fun debating about this song meaning in there....
I think song meaning is depend on the people.
I don't want to participate of lyrics.Have Fun!
GOO GOO GOO JOOB
GOO GOO GOO JOOB
GOO GOO GOOOOOOOOOOOJOOOOOB.

Tags:

posted by သက်စံ
at 9:10 PM Permalink
4 comments | Friday, September 08, 2006

ချွန်မြနေတဲ့ဆူး
ချိုအီအီ ရမ္မက်
ပြင်းရှ ရော့ခ်ဂီတ
ရောသမပေါင်းစပ်ထားတဲ့
ဒီသေရည်ရက်
နည်းနည်းလေးတောင် တွန့် ဆုတ်မနေဘူး
တစ်ကျိုက်ထဲ မော့ချလိုက်သပေါ့။

ပြီးတော့
ဘယ်သူ ဘယ်ဝါမှ
ခွင့်တောင်းမနေတော့
ခပ်မူးမူး ထွေထွေနဲ့ 
ပင်လယ်ကို ခေါင်းအုံးလိုက်တယ်။

အိုး….တရေးနိုးလို့ ကြည့် လိုက်တော့
လှိုင်းဖွေးဖွေးတွေ
ဖွဖွလေး တေးဆိုပြလို့ 
ဟား…ဟား…
ဒါနဲ့  ငါသူတို့ ကို
အားပါးတရ ပြုံးပြလိုက်တယ်။

ကောင်းကင်ဘက်မော့ကြည့်ပြန်တော့
အားပါးပါး…..
ဗန်ဂိုးရဲ့ ကြယ်တွေကြယ်တွေ
ရောင်စုံရောင်ဝါ အမျိုးမျိုးနဲ့ 
လင်းလို့ တောက်လို့ 
ဒါနဲ့  ငါသူတို့ ကိုလည်း
မင်္ဂလာပါလို့ 
အကျယ်ကြီင်္း အော်နှုတ်ဆက်လိုက်တယ်။

ဘေးနားတလျှောက်
ရှလွတ် ရှလွတ်
တိုးဝှေ့ ပွတ်ခတ်နေတဲ့
ရောင်စုံငါးလေးတွေတောင်
ကြောက်လန့် တကြား
တဝှစ်ဝှစ်မြည်အောင် ပြေးကြရှာ.သပေါ့။

အဲ့ဒါကြည့် ပြီး
သစ်ရွက် သစ်စိမ်း
သောင်းခြောက်ထောင်တို့ 
ယိမ်းထိုးလှုပ်ခါလို့ 
ခိုးခိုးခစ်ခစ်ရယ်နေပုံများ
ပုခတ်ထဲက မွေးကင်းစကလေးတွေနဲ့ 
နင်လားငါလားဘဲ။

ငါ့မှာတော့ဖြင့်
ရှက်လည်းရှက်
အနေလည်းခက်
အားနာပါနာနဲ့ 
သေရည်ချိုခါး
နောက်တစ်ကျိုက် ထပ်မျိုရှိုက်လိုက်တော့တယ်။

ဒီအမ်

posted by သက်စံ
at 12:42 AM Permalink
1 comments | Thursday, September 07, 2006

အရင်ဆုံးပြောချင်တာကတော့ဒီဗီဒီယိုဟာAAPPကရိုက်ကူးပြီးCopyRightမရှိဘူးလို့ယူဆရပါတယ်။
ကျနော်အမြင်ကတော့ဒီဗီဒီယိုကိုတတ်နိုင်သလောက်ကမ္ဘာအနှံ့ဖြန့်ပေးသင့်တယ်လို့ထင်ပါတယ်။



posted by boedawgyi
at 2:32 PM Permalink
0 comments







Big Craps is new band from Kyat Pyaye.They released "Suck Pistols Dumb Crookers" new album.After listening their songs , i'm so sorry for Lay Phyu's "The Moments" album.They can be top of the Billboard Top 200 albums becauese front-man Than Shwe's shitty crappy voice is unbelievable fantastic! 100% MONEY BACK GARANTEE.

posted by သက်စံ
at 11:06 AM Permalink
0 comments | Wednesday, September 06, 2006


Stop squinting at tiny web video. Instead, download and watch all the best internet TV shows in one powerful application: any video RSS feed, video podcast, video blog, or BitTorrent file. Fullscreen, high resolution, 100% free and open source. New channels arrive daily in the built-in Channel Guide.


Link

posted by သက်စံ
at 10:59 PM Permalink
1 comments | Sunday, September 03, 2006

ဒီနောက်ဆက်တွဲကတော့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ကျန်ရစ်သူတွေက သူတို့ရေးတဲ့ ဒိုင်ယာရီမှတ်တမ်း
ထဲကနေကောက်နှုတ်ပြီးသူတို့ခေါင်းချတဲ့မြေကြီးရဲ့ခေါင်းရင်းမှာမှတ်တမ်းရေးကမ္ပည်းတင်တာကို ရင်နာနာဂုဏ်ယူစွာနဲ့ ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။


၁။ရဲဘော်သိန်းကြည်
ပထမဦးဆုံး ကျတဲ့ အာဇာနည်ဖြစ်ပါတယ်။
ဆံခြည်တမျှင်တောင်မှ နောက်မဆုတ်နဲ့ ။
ဆက်တိုက်။

၂။ရဲဘော်အုန်းမော်(လယ်သမားသားသမီး)
လယ်သမားဟာ ထယ်ထိုးတဲ့အခါ
အငုတ်အမြစ်ပါ မကျန်အောင် ထိုးရသလို
ရန်သူကို တိုက်ရာမှာလည်း
အငုတ်အမြစ်မကျန်အောင် တိုက်ရမယ်။

၃။ရဲဘော်ချစ်ဆွေ(ဗကသကျောင်းသား)
ခိုင်မာတဲ့သန္နိဌာန်သာရှိရင်
မိုးအောက်မြေပြင်မှာ
မလုပ်နိုင်တာမရှိဘူး။

၎။ရဲဘော်ထွန်းမြင့်(အစိုးရဝန်ထမ်း)
စာအုပ်ထဲမှာတော့ မဖော်ပြထားပါ။ ကျန်ခဲ့သည်လို့ ထင်ပါသည်။
သူမကျခင်ပြောခဲ့တဲ့စကားကိုဘဲ
ကောက်နှုတ်တင်ပြပါမည်။
ကျနော့် ခြေတွေလက်တွေအေးနေပေမယ့်
ကျနော့်နှလုံးသားက မော်စီတုန်းအတွေးအခေါ်တွေနဲ့နွေးထွေးနေပါတယ်။

၅။ရဲဘော်စိန်ချင်း(အလုပ်သမား)
ကျနော်ကတော့
အလုပ်သမားလူတန်းစားရဲ့ ဂုဏ်သိက္ခာကို
ဘယ်တော့မှ
ညှိုးနွမ်းအောင် မလုပ်ဘူး။

၆။ရဲဘော်မောင်မောင်စိုး(ကျောက်ဆည်မှမန္တလေးတက္ကသိုလ်ကျောင်းသား)
ငါ့ဘဝမှာ
တိုက်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ။

၇။ရဲဘော်ကိုလေးမောင်(ကဗျာဆရာလေးမောင်)
ရန်သူ့နှလုံးအိမ်တွင်း
စိုက်သွင်းထားတဲ့ ဓားမြှောင်နီ

ဂ။ရဲဘော်ထွန်းဝင်း(ဗမာပြည်ကွန်မြူနစ်ပါတီဝင်)
အောင်ပွဲရတဲ့ အချိန်မှာဘဲ အားပြတ်ကျဆုံးတဲ့ နောက်ဆုံး အာဇာနည်
ကွန်မြူနစ်တယောက်ဟာ
ကိုယ့်ကိုယ်ကိုယ် လေထီးတပ်သားလို သဘောထားပြီး
ရောက်ရာအရပ်မှာ
တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ရမယ်။


ကျဆုံးသွားသူတွေရောကျန်ခဲ့တဲ့ သူတွေထဲမှာပါ လူတန်းစားအသီးသီး အတွေးအခေါ်
အယူအဆအမျိုးမျိုးပါတာပေါ့။ဒါပေမယ့် တူတဲ့တစ်ချက်က အားလုံးအဲဒီအချိန်မှာ
နိုင်ငံရေးမီးရှုးမီးပန်းဖောက်မနေဘဲ တညီတညာထဲ နောက်မဆုတ်တမ်းတိုက်ခဲ့တာဘဲ။
ဗမာ့လွတ်လပ်ရေး သမိုင်းကိုပြန်ကြည့်ရင်လည်း အဲဒီလို ညီညွတ်ခဲ့လို့  ကိုယ့်ထက်အားကြီးသူတွေကို
ဖြိုချနိုင်ခဲ့တာကိုတွေ့ ရမှာဖြစ်တယ်။ဒီတော့ကျွန်တော်တို့ ခေတ်မှာလည်း ရှေ့ကခေါင်းဆောင်တွေရဲ့ 
ခေါင်းဆောင်မှုအောက်မှာပေးဆပ်သွားသူတွေပေးဆပ်ရတာနဲ့တန်အောင်ကိုယ်နိုင်တဲ့ထောင့်ကနေ တညီတညာထဲတိုက်ရမှာဖြစ်တယ်။
အရှေ့ ကနေဝန်းထွက်သည့်ပမာ ကျွန်တော်တို့ ခေတ်ရောက်ရမည်မှာမလွဲပါ။

မှတ်ချက်၊ ။ကျွန်တော်တို့ တိုင်းပြည်လွတ်လပ်စွာဟောပြောလုပ်ဆောင်ခွင့်ရတဲ့အချိန်ရောက်ရင်
ကျဆုံးခဲ့ သူတွေရော ကျန်ရစ်ခဲ့သူတွေကိုပါဂုဏ်ပြုတဲ့အနေနဲ့ အဲဒီ၅၃ရက်ဖြစ်ရပ်မှန်တိုက်ပွဲကို ရုပ်ရှင်ရိုက်ပြီး
နောင်လာနောက်သားတွေအတွက် ဒါဗမာကွ လို့ ကမ္ဘာမှာ ဂုဏ်ယူဝံ့ကြွားနိုင်အောင်
မှတ်တမ်းရုပ်ရှင်အဖြစ်တင်ချင်ပါတယ်။ ခင်ဗျားလည်း ကျွန်တော်နဲ့ ဒီနေရာမှာ တစ်သဘောထဲ လို့ 
ထင်ပါတယ်။

posted by သက်စံ
at 9:12 PM Permalink
0 comments

ဒီတိုက်ပွဲအကြောင်းကို ရေးတဲ့သူက မြန်မာနိုင်ငံရဲ့ ရတနာတစ်ပါးဖြစ်တဲ့ လူထုဒေါ်အမာ ရဲ့ သား
ရဲဘော်ဖိုးသံချောင်း ဖြစ်ပါတယ်။ သူကိုယ်တိုင်ပါဝင် ဆင်နွှဲခဲ့တဲ့တိုက်ပွဲ အကြောင်းကို ကျောင်းသားထောင်တော်လှန်ရေးသမား ဆိုတဲ့ စာအုပ်မှာရေးသားဖော်ပြထားတာပါ။
အဲဒီတုန်းက နေဝင်း မဆလ အစိုးရက နိုင်ငံရေးသမားတွေကို ကိုကိုးကျွန်း ပို့ ဖို့ စီမံကိန်းဆွဲနေတာဗျ။
အဲ …ပထမနဲ့ နောက်ဆုံး အသုတ်ဖြစ်တဲ့ အဲဒီအသုတ် မှာ မြန်မာပြည်ရဲ့  ဒိတ်ဒိတ်ကြဲဆရာကြီးများဖြစ်တဲ့
ဆရာကြီး ဗန်းမော်တင်အောင် ၊ ဆရာကြီးမြသန်းတင့် ၊ ဆရာကြီး လူထုဦးစိန်ဝင်း တို့ လဲပါတာပေါ့။
စကားမစပ် ဆရာကြီးမြသန်းတင့်ဟာ သူ့ရဲ့ မာစတာပိစ် ကိုယ်တိုင်ရေး လုံးချင်းဝတ္ထု ဖြစ်တဲ့
“ဓါးတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်”စာအုပ်ကို ကိုကိုးကျွန်းအတွေ့အကြုံကိုအခြေခံပြီးတော့
ရေးခဲ့တာပေါ့။
ဒီတော့ကာ မဆလအစိုးရကိုအနိုင်ယူခဲ့တဲ့ “၅၃ရက်တိုက်ပွဲ” အကြောင်းကို ရဲဘော်ဖိုးသံချောင်း
ရေးတဲ့အတိုင်းအကျဉ်းရုံး ပြီးဖောက်သည်ချခြင်ပါတယ်။

ဒီတိုက်ပွဲအတွက်တောင်းဆိုတဲ့အချက်ကသိပ်ကို အခရာကျလွန်းတယ်။
တောင်းတာနှစ်ချက်တည်း။
ပထမတချက်က….ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းပေး။
ဒုတိယတချက်က….ပြည်မထောင် အခွင့်အရေးတွေ ကျနော်တို့ ဆီမှာလည်းရရှိရေး။ဒါကို ကျနော် နည်းနည်းထပ်ပြီး ရှင်းပြမယ်။ ကိုယ်ထူကိုယ်ထစနစ်ဆိုတာ နိုင်ငံရေးသမားတွေကိုထင်းခွေ၊ ရေခပ် ။ တောင်ယာစိုက်၊ ထမင်းချက်အလုပ်တွေ လုပ်ခိုင်းတယ်။ဒါဟာ ဗမာပြည်ထောင်သမိုင်းမှာ ဘယ်တုန်းကမှ မရှိဖူးတဲ့ ဖိနှိပ်ရေးစနစ်တခုဖြစ်တယ်။ ဒီအလုပ်တွေလုပ်ပေးဖို့  ထောင်အာဏာပိုင်တွေအနေနဲ့  ဝန်ထမ်းရှာတာ(ဒါမှမဟုတ်) နောက်ထပ် သာမာန်ရာဇဝတ်သားအကျဉ်းသားတွေခေါ်လာတာ စတဲ့စရိတ်တွေကို ကာမိအောင် ခိုင်းတာမဟုတ်ဘူး။သူတို့အဲဒီငွေအကုန်မခံနိုင်လို့နိုင်ငံရေးအကျဉ်းသားတွေကိုယ့်ဟာကိုယ်အလုပ်လုပ်ခိုင်းနေတာ မဟုတ်ဘူး။ အဓိကဟာ နိုင်ငံရေးအကျဉ်းသားတွေကို နံနှိမ်တာ။နိုင်ငံရေးဂုဏ်သိက္ခာကို ချပစ်တာ။ စော်ကားတာ။ အဲဒါအပြင် နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ ထပ်ခေါ်လာပြီးတော့ ဒီကျွန်းပေါ်မှာ တသက်လုံးပို့ ထားဖို့ ဆိုတဲ့ အစီအစဉ်နဲ့  အကုန်လုံးက ဆက်နေတဲ့ဟာတွေ။ ဒါကြောင့်မို့ လို့  ကိုယ်ထူကိုယ်ထ ဖျက်သိမ်းပေးရေးဆိုတာဟာ ဒီထောင်ရဲ့  အခရာအကျဆုံးပေါ်လစီကို တိုက်တာဖြစ်တယ်။
နောက်တခုကပြည်မထောင်အခွင့်အရေးရရှိရေး၊ဆိုလိုတာကကျနော်တို့ဒီမှာကဆက်သွယ်ရေးခက်တယ်။မိုးတွင်းဆိုလို့ရှိရင်သင်္ဘောသွားလို့လာလို့မရဘူး၊အစရှိတဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့ချူပ်ချယ်မှုတွေအမျိုးမျိုးခံနေရတာ။ အဲဒီတော့ ကျနော်တို့  တောင်းတဲ့ဟာက ရိက္ခာကအစ၊ ထောင်ဝန်ထမ်းအပါအဝင်၊ အိမ်ကပစ္စည်းပို့ တာအဆုံး တခြားပုံမှန်ထောင်တွေမှာရခွင့်ရှိတဲ့အခွင့်အရေးအားလုံးရရှိရေး။ဒါကဖြစ်နိုင်ရင်ကြိုက်သလောက်ချဲ့ရတယ်ဗျာ။……..အဲဒီတော့ဒါကလဲသိပ်ကို အခရာကျတာ။
ထောင်အာဏာပိုင်တွေအဖို့ က ငွေရေးကြေးရေး ၊ အချိန်၊ လုပ်အား အဲဒီဘက် ကကြည့် လိုက်လို့
ရှိရင် ပြည်မထောင်တွေအတိုင်း အခွင့်အရေးတွေပေးဖို့ ဆိုတာ လုံးလုံးကို မဖြစ်နိုင်ဘူး။ အဲဒီတော့ အဲလိုလိုက်လျောလိုက်လို့ ရှိရင် အစစအရာရာ ကျနော်တို့ ကို အလျှော့ပေးရပြီ။ သူတို့ မှာသွားပြီ။ သူတို့ 
ဦးကျိုးပြီ။ သူတို့ ခေါင်းဖော်နိုင်စရာ မရှိတော့ဘူး။ နောင် ဘာပဲဖြစ်ဖြစ် ကျနော်တို့ တောင်းသမျှ သူတို့လိုက်
လျောရမယ့် အခြေအနေ ဖြစ်တော့မှာ။ အဲဒီတော့ ဒီဟာက အသည်းချင်းပေါက်ကြတယ်ဆိုတဲ့ တိုက်ပွဲမျိုး
ဖြစ်ရတယ်။

ဒီတိုက်ပွဲဟာ စံပဲ၊ ဓာတုဗေဒ လစ်တမတ်စက္ကူနဲ့  စမ်းသပ်သလိုပဲ၊ ဒီတိုက်ပွဲနဲ့  စမ်းသပ်တာပဲ၊အဲဒီတော့ ထောင်ထဲမှာ အသေခံ၊ အစာငတ်ခံ တိုက်တယ်ဆိုတာ ထောင်တိုက်ပွဲထဲမှာ အမြင့်ဆုံးသဏ္ဍာန်ပဲ။ ဒါ တရားဥပဒေဘောင်ထဲက တိုက်တာ။ ထောင်တိုက်ပွဲတွေထဲမှာ တခြား အန္တရာယ်ရှိတဲ့ တိုက်ပွဲသဏ္ဍာန်တွေရှိတာပေါ့။ ဥပမာ….ထောင်တွင်းပုန်ကန်မှုလိုဟာမျိုးပေါ့လေ။ ဒါကကျတော့ တည်ဆဲဥပဒေနဲ့  ဘယ်လိုမှလုပ်လို့ မရဘူး။ဒါပေမယ့် အင်မတန်မှ အန္တရာယ်ကြီးပါတယ်။ ဒါဟာအမျိုးမျိုးအဘက်ဘက်က စဉ်းစားတွေးဆပြီးတော့မှ ဆုံးဖြတ်ရတဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ ဗမာပြည်မှာ အစာငတ်ခံတိုက်ပွဲဝင်တယ်ဆိုတာက အနောက်တိုင်းကဟာတွေနဲ့ မတူဘူး။ကျနော်တို့ ဘာဆိုဘာမှ မစားတာ။ ရေကလွဲပြီး ဘာမှ ဗိုက်ထဲကို မသွင်းဘူး။ ဆားတောင် ကျနော်တို့ မသွင်းဘူး။ အဲဒါကြောင့်မို့  ကျနော်တို့ က အစာငတ်ခံတိုက်ပွဲ ဖော်ထုတ်မယ်ဆိုရင် အဘက်ဘက်ချင့်ချိန်ပြီးမှ ဆုံးဖြတ်တယ်။ တခြားတိုက်ပွဲသဏ္ဍာန်တွေ စမ်းကြည့် ၊ လုပ်လို့ မရတော့မှ ဒါနောက်ဆုံးအနေနဲ့ သုံးတာဖြစ်တယ်။စပြီဆိုရင်လည်းနောက်ဆုတ်လို့ မရဘူး။


ဆိုတော့ ၁၉၇၁ ခုနှစ် ၊ ဇွန်လ ၉ ရက်နေ့  ကစပြီး ဇူလိုင်လ ၃၁ ရက်နေ့ မှာ အဆုံးသတ်ခဲ့တဲ့ ၅၃ရက်တိုက်ပွဲ
ကြီးမှာ လူတန်းစားအသီးသီးကကျားကောင်းဇာနည် ၈ဦးတိတိ အသက်ပေးလှူခဲ့ ကြတယ်။ အလုပ်သမား၊
လယ်သမား။ကျောင်းသား။အနုပညာရှင်အစသဖြင့်ပေါ့။သူတို့အားလုံးညီညီညွတ်ညွတ် နောက်မဆုတ်တမ်း တိုက်ခဲ့ကျတဲ့ အတွက် အာဏာပိုင်တွေရဲ့  ယုတ်မာကောက်ကျစ်တဲ့ အကြံအစည်ဟာ
ပြိုလဲပျက်စီးအရှုံးပေးခဲ့ရတယ်။အဲဒီကစလို့နောက်နောင်ဘယ်နိုင်ငံရေးသမားမှကျွန်းပို့ ခြင်းခံရတာမျိုးမရှိတော့ပါ။ ကျွန်တော်တို့ ပြည်သူတွေလည်း အဲဒီလိုညီညွတ်မယ်ဆိုရင် အောင်ပွဲဟာ
ကျွန်တော်တို့နဲ့အလှမ်းမဝေးတော့ပါဘူး။ကျွန်တော်တော့ဆုံးဖြတ်ပြီးပြီ။ဖြစ်ရဲဖြစ်ကြည့်ဗမာပြည်ပြန်မယ်။
လုံးဝခေါင်းငုံ့ မခံတော့ဘူး။ခင်ဗျားကို လည်းဟိုဟာလုပ်ပါ ဒါလုပ်ပါလို့ တိုက်တွန်းနေတာမဟုတ်ပါဘူး။
တခုဘဲတောင်းဆိုချင်တာက ခင်ဗျားဘက်ကသဲတစ်ပွင့်လောက်ပါဘဲ။ ကျွန်တော်တို့ သာမာန်ပြည်သူတွေ
အစစအရာရာမှာ နိမ့်ကျပြီး လူဖြစ်ရှုံးနေပြီဗျ။ လူဖြစ်ရှုံးနေပြီ။

posted by သက်စံ
at 3:07 PM Permalink
2 comments | Saturday, September 02, 2006

ကျွန်တော်တို့ တိုင်းပြည်ဟာ သုတို့ ကယ်တင်ပြီးနောက်ပိုင်း(၁၉၆၂-၂၀၀၆)ကစပြီး
နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရေး အဖက်ဖက်ကနိမ့် ပါးပြီး ချောက်တောင်မဟုတ်တော့ဘူး
ချောက်ထဲကနွံထဲ တစ်ရက်ထက်တစ်ရက် အရှိန်အဟုန်နဲ့ နစ်ဆင်းနေတာ အားလုံးအသိဘဲ။

ကဲဟုတ်ပြီ။ ဒါဆိုရင် သူတို့ ကဘာလို့ သက်ဆိုးရှည်နေတာ လဲလို့ မေးရင်ခင်ဗျား က “ဟဲ့ မျောက်စုတ်ရယ် နင့်လိုဘဲ ငါတို့ လဲ သူတို့ သေနတ်တွေ ကြောက်လို့ ပေါ့ လို့ ဖြေမှာဘဲ”အဲဒီအဓိပ္ပါယ်က ငါလည်းကြောက် နင်လည်းကြောက် အားလုံးနီးပါးကြောက်(အထူးသဖြင့် ဒီစာကိုရေးတဲ့ ကျွန်တော်ရယ် ဒီစာကိုဖတ်နိုင် တဲ့ ခင်ဗျားရယ်ပေါ့ )ကျွန်တော် အပြစ်ပြောနေတာမဟုတ်ပါ။လူဆိုတာ ကိုယ့် အသက်အိုးအိမ်စည်းစိမ်ကိုဘဲအရင်ကြည့် ပါတယ်။ဒါကလည်း လူ့ သဘာဝပါ။
ဒါပေမယ့်ဗျာ ခင်ဗျားဘဲ စဉ်းစားကြည့် ဗျာ သူတို့ လုပ်ရပ်တွေကတနေ့ တခြားလွန်လာလိုက်တာတိုင်းပြည်ရှေ့ ရေးတွေးများတောင်မကြည့် နဲ့ ဟိုဟာတွေနဲ့ ပေဆိုသလိုမျိုးပေါ့  ။ခက်တာက ထိပ်ဆုံးက ခေါင်းဆောင်တွေမှာ “ငါတို့ ဟာ တိုင်းပြည်ကိုကယ်တင်သူများ၊ငါတို့ ဟာ တိုင်းပြည်ကို နယ်ချဲ့ လက်ပါးစေ တွေရဲ့ လက်ကကယ်တင်သူများ” ဆိုတဲ့ 
အလိမ်မှိုင်းကြီးမိနေတာကိုးဗျ။ အဲဒီတော့  လိမ်ပါများတော့  အမှန်ထင်ဆိုသလိုမျိုး ဖြစ်ပြီး မောင်မင်းကြီးသားတွေက ထင်တိုင်းစွတ်ကျဲရော။ NLD က အားလုံးသင်ပုံးချေပါမယ် တိုင်းပြည်ကို“၁”ကစပြီးတည်ထောင်ကြပါစို့ ဆိုတဲ့ သူလည်းလှုပ်သာ ကိုယ်လည်းလှုပ်သာ အဆိုပြုချက်ကိုလည်းလက်မခံငါတို့ သာလျှင်အမှန်ဆိုပြီး လုပ်ချင်သလိုလုပ်နေတာ ကျွန်တော်တို့ လို သာမာန်ပြည်သူတွေကိုလူသားတွေလို့ များသတ်မှတ်သေးရဲ့ လားမသိဘူး။ပြီးတော့ရှိသေးတယ် တိုင်းပြည်ချွတ်ခြုံ ကြမွဲပြာဆင်းရဲလို့ အမှန်တိုင်းပြောသူတွေကိုလဲနယ်ချဲ့  လက်ပါးစေတဲ့ ၊ အဆိုးမြင်ဝါဒီ တဲ့ ။ဟား ဟား။ရယ်ရတယ်ဟေ့ ဗြဲဆိုပြီး ပေါသွပ်လိုဘဲရယ်လိုက်မယ် ဗြဲ။ တစ်နိုင်ငံကနေ တစ်နိုင်ငံကိုကျူးကျော်စစ်ခင်းဖို့ ဆိုတာ ဘိုးတော်အလောင်းမင်းတရားခေတ်ကြီးထဲမှာ ကျန်ခဲ့ ပါပြီ။ အကြောင်းမယ်မယ်ရာရာမရှိဘဲ ကျူးကျော်လို့ 
ရမည်မဟုတ်ပါ။ သတင်းမီဒီယာတစ်ဟုန်ထိုး စီးဆင်းနေတဲ့ ခေတ်ကြီးမှာ သူတို့ လို စွတ်ဆတ်လုပ်ကြည့် ပါလား။သက်ဆိုင်ရာနိုင်ငံကပြည်သူတွေရော ကမ္ဘာနဲ့ အဝှမ်းကမီဒီယာတွေကပါ ဝိုင်းပြီးဗေဘုံတီးဘုံတီးဗျောင်လုပ်တာနဲ့ 
ချက်ချင်းကုလားထိုင်ပေါ်ကဆင်းပေးရမှာ။ ပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ကလည်းဗုံးတစ်လုံးသန်းချီရင်းရအောင် ချမ်းသာတယ်လေ။ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအစီရင်ခံစာတင်သွင်းတာတောင် အားလုံးကဖင်လှည့် ခေါင်းလှည့် ခေါင်းရှောင်နေကြတာ သူတို့ သိမလားတော့ မသိဘူး ရပ်ကွက်ထဲကကလေးကအစသိတယ်။
တောင်သူလယ်သမားကြီးတွေကတော့ ကိုမင်းကိုနိုင်တို့ ကျောင်းသားခေါင်းဆောင်တွေကို ဒီလိုပြောတာဗျ
“ခင်ဗျားတို့ ကျောင်းသားတွေကရှေ့ ကနေ လက်ဖျောက်တစ်ချက်တီးလိုက်စမ်းပါတဲ့ ကျူပ်တို့ တွေ
လမ်းပေါ်တတ်ပြီးသားတဲ့ ”အဲဒီတော့ ကိုမင်းကိုနိုင်တို့ ကျောင်းသားခေါင်းဆောင်တွေကဒီလိုဇြေသဗျ
“ကျွန်တော်တို့ အေးအေးချမ်းချမ်း နဲ့ လက်ရှိနိုင်ငံရေးအခြေအနေ ကိုဖြေရှင်းခြင်ပါတယ်”တဲ့ 
ကျွန်တော့် စိတ်ထဲမှာ အဲဒါဖတ်ပြီး ခေါင်းဆောင်ဆိုတာဒီလိုမျိုးလို့ ခံစားရတယ်ဗျာ။အများပြည်သူတွေက ချစ်တဲ့ ။ ထောက်ခံတဲ့  အစိုးရမျိုးအုပ်ချူပ်တဲ့ တိုင်းပြည်သာလျှင် တိုးတက်ခေတ်မှီမှာဗျ။ ပြည်သူတွေကလိုလားနှစ်သက်တဲ့ အတွက် အုပ်ချူပ်သူအစိုးရကိုလိုလိုလားလား ကူညီမှာပေါ့ ။ ဒါမှလည်း အုပ်ချူပ်သူအစိုးရကလဲ အုပ်ချုပ်ခံ ပြည်သူတွေရဲ့ 
အကျိုးကိုဆောင်ရွက်နိုင်တော့ မှာပေါ့ဗျ။အခုတော့ဖြစ်ဗျာ တတ်မတော်နဲ့ ပြည်သူလက်တွဲကူလေး ဘာလေး ညာလေး နဲ့ 
အသံကောင်းတွေဟစ်နေလိုက်ကြတာ ပြောမပြောချင်ပါဘူး။သေနတ်နဲ့ မချိိန်ဘဲ စစ်တမ်းသေချာကောက်ကြည့် ပါလား ရှက်တတ်ရင် အရှက်ဗြန်းဗြန်းကွဲသွားမယ်။အဲဒီတော့ သူတို့ မှာလမ်းတွေတံတားတွေဆောက် နောက်တော့ ပျက်စီး
သူတို့ လာတော့ ပြန်ဖာ နောက်တော့ ပျက်စီး ပတ်ချာလည်ကိုလိုက်လို့ ။ ဟုတ်တယ်လေ။
အဆင့်ဆင့်ဘုံးပြီးတော့ဆောက်လာလိုက်တာ နောက်ဆုံးတော့ ယိုင်တိယိုင်တိုင် တုတ်ချောင်းလေးတွေဘဲ ကျန်တော့မှာပေါ့။ မလိုလားအပ်တဲ့  ပြည်သူ့ ဘဏ္ဍာတွေကကုန်ပြီး လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေးတွေမှာ
ထိထိရောက်ရောက်အသုံးမချနိုင်။ နောက်ဆုံးဘာဖြစ်လဲဆိုတော့ ဦးပုညရဲ့ ရေသည်ပြဇာတ်ထဲကလို
လူတွေကဖွတ်ကတောင်အဖေခေါ်ရတဲ့  “ဖွတ်မင်းနောင်”တွေဇြစ်လို့ ။ ဆိုတော့ လူဖွတ် မဖြစ်ချင်တော့
ကြံ့ ဖွတ်ဖြစ်ရတာ သာကောင်းသေးရဲ့  ဆိုတဲ့  လူတန်းစားတရပ်ပေါက်ဖွားလားရော။
ပညာတတ်လူတန်းစားနဲ့  သာမာန်လူတန်းစားတွေက ခေတ်ပျက်ကြီးမှာလူဇြစ်ရတာစိတ်တွေနာ
သက်ပြင်းတွေတဟင်းဟင်းချ။တတ်နိုင်သူတွေက နိုင်ငံရပ်ခြားဒိုး ၊ မတတ်နိုင်သူတွေကပြည်တွင်း
မှာ ချဲ ၊ နှစ်လုံးထီ ။ ကိုရီးယားကား လေးတွေနဲ့ ဘဝ အမောဖြေ။အိုဗျာ ပြောရင်လည်းဆုံးတော့ မှာမဟုတ်ဘူး။ မိကျောင်းမင်းရေခင်းပြသလိုတောင်ဖြစ်နေပြီ။။ဒီတော့ကာကျွန်တော်တို့နိုင်ငံ၏အရေးကိုကျွန်တော်တို့ပြည်သူတွေကမှမလုပ်ရင် ဘယ်သူမှလည်းလာလုပ်ပေးမှာမဟုတ်ဖူး။ ကျွန်တော်တို့ တစ်ဦးချင်းညီညာမှအာဏာရှင်စနစ်ကိုဖြိုဖျက်နိုင်မှာဗျ။ တကယ်တမ်းပြောရရင် ကျွန်တော်လဲ ကိုမင်းကိုနိုင်တို့ ပြောသလိုနောက်ထပ်သွေးသံရဲရဲမကြည့်ချင်မမြင်ချင်တော့ ပါ။
ကျွန်တော်တို့ နိုင်ငံဖြစ်တိုင်းဖြစ် ပျက်ချင်တိုင်းပျက်နေတာမျိုး ကို ခင်ဗျားလို ဘဲစိတ်ကုန်နေပါပြီ။
ခက်တာက ကျွန်တော်ကပြည်ပရောက်နေတာဆို တော့  ပြည်တွင်းထဲကလူတွေကိုလုပ်ကြပါ လုပ်ကြပါလို့ 
ကြုံးကြုံးအော်ရမှာလဲ ရှက်တယ်။ခက်တယ်ဗျာ။ ဒီတော့ ကာ ဒီလိုစာလေးတွေရေး၊ တစ်ဖက်ကလဲ ငါဘာလုပ်ပေးနိုင်မလဲ ဆိုတာတွေးတွေး ပြီး အရှက်ဇြေ အခက်ဖြေနေရတယ်ဗျာ။
လောလောဆယ်တော့ တတ်နိုင်သလောက်အာဏာဖီဆန်မယ်ဗျာ။ အကြီးကြီး လုပ်နိုင်သည်
သေးသေးလေး လုပ်နိုင်သည် ပဓာနမဟုတ်။ကိုယ်တတ်နိုင်သလောက်ကိုယ်လုပ်မယ်ဗျာ။
ခင်ဗျားလည်း ခင်ဗျားလုပ်နိုင်သလောက်လုပ်ဗျာ။အရေးကြီးတာက အားလုံးနဲ့ တညီတညာထဲ သွေးစည်းနေဖို့ ဘဲမဟုတ်လား၊ဘာတဲ့  အက်ဆစ်အဖွဲ့  ဆိုသလိုမျိုးပေါ့ အားလုံးစုစည်းနေရင်ဘာမှမဇြစ် တဲ့။
ရင်ဖွင့်လိုက်ရလို့  နည်းနည်း အနေချောင်သွားတယ်။ မဟုတ်ရင်မလွယ်ဘူးဗျာ။
အိပ်တော့မယ်။

Click Link To Read
စာကိုး ။ ။ ကလပ်တိုကရေစီ နှင့် မြန်မာ
ဘူသံသရာကြီးထဲကမြန်မာပြည်
မြန်မာနိုင်ငံ၏စီးပွားရေးပြုပြင်မှုအလားအလာ
အာဏာဟာအုပ်ချုပ်ခံ လူတန်းစားအတွက်သာမက အုပ်ချူပ်သူလူတန်းစားကိုလည်းထိခိုက်သည်

posted by သက်စံ
at 2:50 AM Permalink