ဒါနဲ့ စက်ရုံကရတဲ့ ပညာတခုပြရဦးမယ်။ နေရာတခုရဖို့အတွက် ကိုယ့်ကိုယ်ယုံကြည်အောင် လုပ်တဲ့ နည်းတွေပေါ့။ ဒါတော့ ဆရာတပည့် လက်ဆင့်ကမ်းနေတတ်လို့ ပြောစရာမလိုဘဲ သူ့အလိုလိုဖြစ် နေတယ်။ ကျနော့်ဆရာတွေ သရုပ်ဆောင်ကောင်းလို့ ကျနော်လည်း သရုပ်ဆောင်တတ်လာတယ်။ ကျနော့်ထက်ငယ်တဲ့ ကျနော့်လက်အောက်ငယ်သားတွေလည်း ကျနော့်နောက်လိုက်တွေလည်း ကျနော့်လိုပဲ ပီပြင်လှပေတယ်။ လာဘ်စားတဲ့အကျင့်ဆိုးကြီးကိုတော့ ပြင်လို့မရတော့ပါဘူးကွာဆိုတဲ့ စကားကြီးက ကြားနေရတဲ့ စိတ်ဓာတ်ကျစရာစကားတွေပဲပေါ့။ “သူငယ်ချင်း မင်းလူကြီး (အထက် အရာရှိ) တယောက်ယောက်ကို ပီအောင်မပေါင်းနိုင်ရင် မင်းရဲ့တိုးတက်ဖို့လမ်းတွေ မသေချာဘူး သူငယ်ချင်း” အဲ့ဒီစကားဟာ ကျနော် အမြဲကြားနေရတဲ့ စကားပဲပေါ့။ အထက်လူကြီးတွေလည်း ကြည့်ဦးလေ၊ သူတို့ရဲ့နေရာမြင့်ဖို့အတွက် သူတို့ထက်ကြီးတဲ့ အထက်လူကြီးတွေကို ဘယ်လိုဖားလဲ၊ ဘယ်လိုလိမ်သလဲဆိုတာပေါ့၊
ခေတ်ပြိုင်ရဲ့ ကလောင်သစ်ခေါင်းစဉ်အောက်က “အချောင်ဘ၀မှ လွတ်မြောက်ခြင်း”ဆိုတဲ့ဆောင်းပါးထဲက စကားလုံးတွေပါ။စက်ရုံလူငယ်အရာရှိတစ်ယောက်ရဲ့ ရင်ဖွင့်သံပေါ့ဗျာ။ သူဖြတ်သန်းခဲ့တဲ့ လူငယ်ဘ၀၊ ပညာရေးဘ၀ ၊ အသက်မွေးဝမ်းကြောင်းမှုရာမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေကို ရိုးရိုးရှင်းရှင်းလေးရေးထားတာပါ။ သူကြုံတွေ့ဖြတ်သန်းရတဲ့ အဖြစ်အပျက်တွေက ပြည်မြန်မာတခွင် ပျဲပျဲစင်အောင် မြင်နေ ကြားနေရတဲ့အကြောင်းတွေပါ။သိပ်ပြီးတော့ မထူးဆန်းတော့ပါဘူး။ ထူးဆန်းတာက မင်းဆွေလို ဂျလေဗီငနဲတွေက တောင်ရေးမြောက်ရေး ရေးနေတာပါဘဲ။ သိသိကြီးနဲ့ဖြီးတတ်တဲ့နေရာမှာတော့ ဆလံသလောက်ပါတယ်။ အင်းလေ တကယ်တမ်းပြောရရင် သူတို့တွေ မရှက်တတ်တော့တာကလဲ မထူးဆန်းတော့ပါဘူး။ ဘာလို့လဲဆိုတော့...... posted by သက်စံ
0 Comments:
Post a Comment
<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။