<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- data-ad-client=pub-8069393761167719 --> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d20801606\x26blogName\x3d7Monkeys\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://7monkeys.blogspot.com/search\x26blogLocale\x3den_US\x26v\x3d2\x26homepageUrl\x3dhttp://7monkeys.blogspot.com/\x26vt\x3d-6179638430644425932', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>
0 comments | Tuesday, October 10, 2006

မနှစ်က ဂျပန်တွင် (၂၃) နှစ် အရွယ် ရထား မောင်းသူ၏ မကျွမ်းကျင်မှုကြောင့် မတော်တဆ ရထားတိမ်းမှောက်၍ လူအများအပြား သေကြေပျက်စီးခဲ့ပါသည်။ ဂျပန် နိုင်ငံ ရထားချွတ်ချော်တိမ်းဆောင်းမှု သမိုင်းတွေ လူအများဆုံး ပျက်စီးရခြင်းဖြစ်သည် ဟု သတင်းများတွင်ဖတ်ရှုခဲ့ရသည်။

ရထားမောင်းသူ၏ အမှား ဆိုသည်ကို ပြောစရာမလို အောင် လူတိုင်းသိပါသည်။ သို့ပေမယ့် အဆိုပါ JR ကုမ္ပဏီမှ ဥက္ကဋ္ဌနှင့်တကွ အကြီးအကဲများသည် ရုပ်မြင်သံကြားမှတဆင့် ဂျပန်ပြည်သူလူထုနှင့် သေဆုံးခဲ့ကြသော ကာယကံရှင်များ၏ မိသားစုများကို အနူးအညွတ်တောင်းပန်ခဲ့ကြသည်။ ဒါတင်မက ကာယကံရှင်တို့ ၏ ရက်လည်ဆုတောင်းပွဲများသို့ တအိမ်တက်ဆင်း သွားရောက် ၍ မကျေနပ်သူမိသားစု ဝင်များ၏ အဆူအဆဲ အငေါက်ကို ခံခဲ့ကြရတာ ကျွန်တော်ကြည့်ရှုခဲ့ရသည်။ ဘာကြောင့် သူတို့ တွေ ဒီလိုလုပ်ကြတာလဲ? လူ့အသက်တစ်ချောင်းသည် ပုရွတ်ဆိတ်အသက်တစ်ချောင်းမဟုတ်ပါ။ လူတစ်ယောက်၏ အသက်သည်အလွန်ရခဲသည် ဆိုသော ဘုရားဟောလည်းရှိသည်။သို့ဆိုလျှင် လူတစ်ယောက်မဟုတ်ဘဲ လူပေါင်း တစ်ရာကျော်ခန့် သေဆုံးခဲ့သော အဆိုပါဖြစ်ရပ်အတွက် JR ၏ခေါင်းဆောင်များက တာဝန်ယူရမည်မှာ ဓမ္မတာပင်ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုတွင်အဖွဲ့ ၏ကောင်းကျိုး ဆိုးကျိုးဟူ သမျှကို ထိုအဖွဲ့ အစည်း၏ခေါင်းဆောင်က တာဝန်ယူရမည်မဟုတ်ပါလော။

မနေ့ကကျွန်တော်နှင့်အတူနေသော ဦးလေးကြီးသည် အခုတလော လူပြောများသော သုံးလောင်းပြိုင် လူသတ်မှုဇာတ်ကားကြည့်နေသည်ကို ကျွန်တော်တွေ့လိုက်ရသည်။ အဆိုပါ ဇာတ်ကားမထွက်မှီ ထိုဇာတ်ကားနှင့် ပတ်သတ်သော သတင်းကို ဒီဗွီဘီမှာ ဖတ်ရှုပြီးကတည်းက ကျွန်တော် ကြည့်ချင်စိတ်လုံးဝမရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ထိုအမှုနှင့်ပတ်သတ်၍ သတင်းစာရှင်းလင်းပွဲတွင် ရဲချူပ်ခင်ရီ ပြောခဲ့သောတာဝန်မဲ့စကားများ။ မပြီးပြတ်သေးသောအမှုဖြစ်သောကြောင့် သက်ဆိုင်သူကာယကံရှင်တရားလို တရားခံတို့ ၏ အခွင့်အရေးကို ချိုးဖောက်ရာရောက်ခြင်း ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မည်မျှတော်ကြောင်း ဝါဒဖြန့်ယုံသက်သက်မျှသာဖြစ်ခြင်း စသည်တို့ ကြောင့်ဖြစ်သည်။ ပြီးတော့ ရဲချူပ်ခင်ရီကို အကယ်၍ အသတ်ခံရသော သူများမှာ လူကြီးမင်း၏ အိမ်သူအိမ်သားများ ဖြစ်ပါမူ မည်သို့တုံ့ပြန်မည်လဲလို့။ အမှုမပြီးပြတ်သေးသော်ငြား ခွင့်တောင်းခြင်းစိုးစဉ်းမရှိ ဗီဒီယိုဇာတ်ကားရိုက်ခွင့်ပေးပါမည်လောလို့  ကျွန်တော်မေးချင်ပါသေးသည်။

ဦးသန့်အရေးအခင်း၊ ၈၈၈၈လေးလုံးအရေးခင်းများ အတွက်ဆိုပါမူ မည်သူများက တာဝန်ယူဖြေရှင်းပေးခဲ့ပါသလဲ။ ယနေ့အထိ ဤဖြစ်ရပ်များ ကိုတာဝန်ယူမဖြေရှင်းပေးသေးပါ။ ဝန်မခံရဲသည့်အပြင် ဗြောင်ညာနေခဲ့သည်မှာယနေ့ထက်တိုင်ပင်ဖြစ်သည်။သေသူမှာ ထောင်ပေါင်းမြောက်များစွာသော ပြည်သူများ ၊သတ်သူမှာ အမိန့်မှလွဲ၍ ဘာမှမသိသော စစ်သားများ။ ပစ်မိန့်ပေးသောဗိုလ်ကြီးများနှင့်တကွထိုစဉ်ကပါဝင်ပတ်သတ်ခဲ့သောယနေ့မြန်မာပြည်စစ်ခေါင်းဆောင်များတွင် အပြည့်အဝ တာဝန်ရှိသည်မဟုတ်ပါလော။ သို့ တိုင်အောင် ၈၈မျိုးဆက် ကျောင်းသားများက အဆိုပါစပ်ဆုပ်ရွံရှာဖွယ် အဖြစ်ဆိုးကြီးများကို သင်ပုန်းချေ၍ အများပြည်သူကောင်းကျိုးအတွက်၊ အမျူိးသားပြန်လည်သင့်မြတ်ရေးအတွက်၊စေ့စပ်ဆွေးနွေးရေးလုပ်ရန်အရေးဆိုမှုများကို အမြော်အမြင်ရှိရှိ မစဉ်းစားဘဲ ထပ်မံဖမ်းဆီးသည်မှာ အလွန်ပင်ရှက်ဖွယ်လိလိဖြစ်ပါတော့သည်။ ကျွန်တော့်၏ နောင်မျိုးဆက်သားသမီးများ ကို အာဏာတည်မြဲဖို့ ဆိုလျှင် ဘုန်းကြီး၊ကျောင်းသား မည်သူမှမချန် မရှင်းဂန်း နှင့် အပြတ်ရှင်းတတ်သော ပြည်သတ် တပ်မတော်ခေါင်းဆောင်မျာ်းလက်အောက်တွင် မကြီးပြင်းစေလိုသည်မှာ ကျွန်တော်၏ ဆန္ဒပင်ဖြစ်ပါသည်။

posted by သက်စံ
at 1:02 PM Permalink