<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- data-ad-client=pub-8069393761167719 --> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d20801606\x26blogName\x3d7Monkeys\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://7monkeys.blogspot.com/search\x26blogLocale\x3den_US\x26v\x3d2\x26homepageUrl\x3dhttp://7monkeys.blogspot.com/\x26vt\x3d-6179638430644425932', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>
3 comments | Saturday, September 16, 2006

ဒီခေါင်းစဉ်လေးက သတင်းစာဆရာ၊ စာရေးဆရာကြီး ဆရာလူထုဦးလှရဲ့ခေါင်းစဉ်ပါ။ ကျွန်တော်လဲ ရောက်တတ်ရာရာ ရေးချင်ရာရာရေးပြီး ဘာခေါင်းစဉ်တပ်ရမလဲ မသိတာနဲ့  ဆရာကြီးရဲ့ ခေါင်းစဉ်ကိုပဲ ခပ်တည်တည် ကူးချလိုက်တာပါ။ နောက်လဲ ဘာပဲရေးချင်တာ ရှိရှိ နောက်မှာ အမှတ်စဉ်ထိုးပြီး ရေးသွားယုံပဲ။ (ပိုင်တယ်နော်။) တလောက ကျွန်တော်တို့ ရဲ့ မူလတန်းက ဆရာမ ၂ ယောက်ရယ် နဲ့  ကျွန်တော်တို့ု တပည့်တစုရယ် ဆုံမိကြတယ်။ တပည့်တို့ ရဲ့ အစဉ်အလာအတိုင်း ဆရာမ ချက်ကျွေးတဲ့ ခေါက်ဆွဲကို အဝတုတ်ရင်းပေါ့။

အင်းဆရာမတွေလဲသူတို့  ရဲ့တပည့်တွေကို ကြည့်ရင်း ပီတိဖြစ်နေပုံပါပဲ။ ငယ်ငယ်တုန်းက ဘာကောင်တွေ ဖြစ်လာမယ်မှန်း မသိတဲ့ကောင်တွေ ခုတော့တော်သေးတာပေါ့ လို့  တွေးနေပုံပါပဲ။ ဆရာမတွေ နဲ့  တွေ့ တော့ ကျွန်တော်တို့  ငယ်ငယ် က ကျောင်းလေးကို လွမ်းလာတယ်။ ကျွန်တော်တို့  ရဲ့ ကျောင်းလေးက တကယ်တော့ ကျောင်းပီပီသသ ပုံစံဆောက်ထားတဲ့ ကျောင်းတော့ မဟုတ်ပါဘူး။ ရှေးခေတ် အင်္ဂလိပ်ပုံစံ အိမ်ကြီးရဲ့ အောက်ထပ်ကို ကျောင်းလုပ်ထားတာပါ။ အိမ်ကြီးက အတော်ကြီးတာမို့  သူငယ်တန်းက လေးတန်းထိကို ချောင်ချောင်ချိချိပါပဲ။ လူလေးတွေကလဲ ပေါက်စနလေးတွေကို။ ( ငယ်ငယ်ကတော့ ဘာမဆိုအကြီးကြီးလို့ ထင်ရတာပဲ ။ ဘုရားပေါ်ရောက်လဲ ရင်ပြင်ကြီးက အကြီးကြီး ပြေးလို ဆော့လို့  အလွန်ကောင်းပေါ့။ မုန့်  စားရင်လဲ အကြီးကြီး အများကြီးလိုပဲ။ ခုတော့ကုန်ဈေးနုန်း နဲ့ စရိတ်စက က ပဲကြီးတာ ရှိတော့တယ် ထင်တယ်။)

ကျွန်တော် တို့  ကျောင်း ရဲ့ ဘယ်ဖက်ဘေးမှာ က ကားဝပ်ရှော့ တခုရှိတယ်။ ကျွန်တော်တို့ က ၀ပ်ရှော့ရှေ့  က ဘော်ဒီခွံပဲရှိတဲ့ ကားပေါ် တက်ဆော့ရတာ အပျော်ဆုံးပေါ့။ နောက်ဆော့နည်းတခုက ကျောင်းဆင်ဝင် လှေကားက ခုန်ချုပြိုင်ကြတာ။ (အခုန်ကောင်းလို့ခေါင်းကွဲ ပြီးဆေးခန်းလဲ ရောက်ဖူးပါတယ်။ ၃ တန်းတုန်းက မှတ်မှတ်ရရပါပဲ။) ကျွန်တော်တို့ ကျောင်းရှေ့က အင်းယားကန်ပေါ့။ ဒိုက်တွေပဲသေချာ မြင်ရပါတယ်။ အဲဒီ ဖက်ခြေဦးလှည့်ရင် ကတော့ ကြိမ်လုံးနဲ့  မိတ်ဆွေ ဖြစ်မယ် ဆိုတာက ကျောင်းသားတိုင်း နားလည်ထား ကြပါတယ်။

ကျောင်းနဲ့  ပတ်သက်လို့  မှတ်မှတ်ရရ အဖြစ်ဆုံးကတော့ ၄ တန်းမှာပါ။ ၈၈ မှာ ကျွန်တော် ၄ တန်းတက် ရပါတယ်။ ဒီတော့ ထုံးစံ အတိုင်း ၄ တန်းကို ၂ ကျော့ ပြန်တက်ရပါတယ်။ နောက်တခါ ၄ တန်းကို ပြန်တက်ရော ကျွန်တော်တို့  မူလတန်းကျောင်းလေးက တော်တော် အဆင့်မြင့် သွားရောဗျ။ ကျောင်းတက်တာတောင် အစောင့်အရှောက်နဲ့  ကမ္လာပေါ်မှာ ဘယ် မူလတန်းကျောင်းမှာ မှ ဘယ်လောက် အရေးပါတဲ့ ပုဂ္ဂိုလ်ရဲ့ သားသမီး တက်တက် ဒီလောက် အစောင့်အရှောက် တူမှာ မဟုတ်ပါဘူး။ သိကြရဲ့လား ကျွန်တော်တို့ ရဲ့ မူလတန်းကျောင်းလေးက “အ.မ.က (၂) ဗဟန်း” တဲ့ဗျာ။ ခုတော့ ကျောင်းက တခြား မူလတန်းကျောင်း နေရာမှာ ခွေးဝင်စား သွားလုပ်နေပြီတဲ့ဗျာ။ အင်း ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကမ္ဘာပေါ်မှာ လက်နက်ကိုင် အစောင့်အကျပ် အထူထပ်ဆုံး မူလတန်းကျောင်း က ကျောင်းသား ဖြစ်ခဲ့ရလို့  ဂုဏ်ယူရပါတယ်ဗျာ။ အစောင့်အရှောက်နဲ့  ကျောင်းတက်ရတာ နည်းတဲ့ ကုသိုလ်လားလို့ ။

posted by Kyal Sin
at 5:56 PM Permalink

3 Comments:

Anonymous Anonymous said...

ဟုတ်ပါတယ် အစောင့်ရှောက်နဲ့ကျောင်းမှာသင်ခဲ့ရတာ ကုသိုလ်မနည်းပါဘူး။ ဒါနဲ့ အခု အကိုစိန်မျောက်မျောက် ၊ အကိုသီဟ ၊ အကိုသီဟ ၊ အခုတစ်ယောက်က ကိုကြယ်စင်လား.. လင်းလက်နဲ့တော့ အမျိုးတော်မှာမဟုတ်ပါဘူးနော်.. အဖေမတူ မအေကွဲ ခံယူချက်တူသော မောင်နှမ (၇)ယောက်လို့ သဘောထားပါတယ်.. ၅ယောက်တော့တွေ့ပြီ.. နောက်၂ယောက် မထွက်လာသေးပါလား :O

6:56 PM

 
Blogger သက်စံ said...

ကိုယ်ကြယ်စင့်စာတွေအခုမှ ဒီဘလောဂ်ကနေ
ဖတ်ရတော့မယ်။ ဝမ်းသာတယ်ဗျာ။ ကျွန်တော်Friendsterမှာထဲကဖတ်လာတာ။ Friendster ကအင်္ဂလိပ်လိုဘဲရေးလို့ ရတာဆိုတော့ သိပ်မနိပ်ဖူးဗျ။ ဒီမှာတော့ မြန်မာလိုရော အင်္ဂလိပ်လို ပါဆိုတော့
ဂွဒ်တယ်၊ရှယ်ဘဲ။ ဟဲ ဟဲ။

7:55 PM

 
Blogger Kyal Sin said...

ကို မျောက် နဲ့  လင်း လက် ရေ
ကြို ဆို ကြ တာ ကျေး ဇူး တင် ပါ တယ် ဗျာ။

9:12 PM

 

Post a Comment

<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။