Popurls ဆိုတာ အင်တာနက် မှာ ခေတ်စားနေတဲ့ ဝဘ်ဆိုဒ်တွေရဲ့  လူအကြိုက်များဆုံးတွေကို တစ်နေရာထဲကြည့်လို့ ရအောင်လုပ်ပေးထားတဲ့ ဆိုဒ်ပါ။ စိတ်ကူးလေးကောင်းပါတယ်။ လင့်ခ်တွေပေါ် mouse ကို ထောက်လိုက်ရင် သတင်းအကျဉ်းကို ဖော်ပြပေးနိုင်တာက သုံးစွဲသူကို လွယ်ကူစေပါတယ်။
web2.0 နှင့် ajax ကိုအသုံးပြုထားတဲ့ စဝက်ဘ်ဆိုဒ် စာရင်းကိုတော့web2list မှာ Tagသုံးပြီးရှာနိုင်ပါတယ်။ မှန်တာပြောရရင်ကျွန်တော်က လေ့လာနေဆဲပါဘဲ။ တခြားလေ့လာခြင်တာတွေကလည်း အများကြီး။ ဒါကြောင့်ဟိုပင်သည်ပင်ကူးပါလို့  မျောက်ကြီး ဟိုဟာကျယ်ဆိုသလိုဖြစ်နေတယ်ဗျာ။
အဲဒါနဲ့ ဆန့် ကျင်ဘက်ကတော့ dead2.0 ပါ။ ဒါပေမယ့် Technology အကြောင်းတွေရေးတာများတယ်။
flickr and youtube က ပုံတွေ၊ ဗီဒီယိုတွေကို တပြိုင်နက်ထဲရှာလို့ လဲရ Favorite ထဲသွင်းနိုင်အောင်လုပ်ပေးနိုင်တာကတော့ TagTV ပါဘဲ။Flashကိုသုံးထားတာဆိုတော့ interface ပိုင်းကတော့ ကောင်းသမှသိပ်ကောင်းလို့ ပြောရမှာဘဲ။
အနုပညာနဲ့ အာရုံတွေကို ဆန်းသစ်အောင်လုပ်ပေးနိုင်တဲ့ ဂျာနယ် မဂ္ဂဇင်းတွေ ထဲက တော့ DQ Books
1000journals (အဲဒါကတော့ မည်သူမဆိုကိုရဲ့ အိုင်ဒီယာကိုဝင်ရေးလို့ ရပါတယ်)
filemagazine (ထူးထူးခြားခြား ဓါတ်ပုံတွေ စုဆောင်းတင်ပေးထားတဲ့ project ပါ။ )
ဘာသာရပ်အမျိုးမျိုး ။နိုင်ငံတကာ စာအုပ်အမျူိးမျိုးဖတ်ချင်သူများအတွက်တော့asiaingလေးကမဆိုးဘူးခင်ဗျ။
ကျွန်တော်တော့ တအုပ်မှ ဒေါင်းလုတ်မလုပ်ရသေးဘူး။ ပျင်းလို့ ။ နောက်အားရင် ဖတ်ဖို့ စိတ်ကူးတယ်။ အမှန်က ebook ထက် လက်ကနေ စိမ်ပြေတပြေ ကိုင်ဖတ်ရတာပိုကြိုက်တယ်။ Laptop မရှိတော့ အိပ်ဖတ်လို့ လဲမရဘူး။ Desktop ပဲရှိတော့ နဂိုထဲ ကပျင်းကြောထူတာနဲ့ ပြီးရောဘဲ။ ဟီး ဟီး ။စာဖတ်ရင် လှဲပြီး ဇိမ်ဆွဲဖတ်ရတာအကြိုက်ဆုံးဘဲ။
1 Comments:
Thanks alot for the link, bro!
we must learn more for the country!
2:53 AM
Post a Comment
<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။