<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- data-ad-client=pub-8069393761167719 --> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d20801606\x26blogName\x3d7Monkeys\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://7monkeys.blogspot.com/search\x26blogLocale\x3den_US\x26v\x3d2\x26homepageUrl\x3dhttp://7monkeys.blogspot.com/\x26vt\x3d-6179638430644425932', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>
2 comments | Thursday, September 28, 2006

အေးစက်စက် အထိအတွေ့ကြောင့် အသိစိတ်က ပြန်ပြီး နိုးထလာသည်။ ကရောင်ခြောက်ခြားနှင့် နာရီကို လှမ်းကြည့်မိတော့ လက်တံက ၅ နာရီ ၃၀မိနစ် နီးနီးထိ ခရီးပေါက်နေ၏။ သို့နှင့်ပင် ပြတင်းပေါက်မှ မှောင်ပြပြ အလင်းရောင်ကို ကြည့်၍ ဒါ ညနေ ၅ နာရီခွဲ ပင်ြဖစ်သည်ဟု စိတ်ကဇဝေဇဝါနှင့် မှတ်ယူလိုက် အပြီး.. အူကြောင်ကြောင် မေးခွန်းတခုက ကန့်လန့်ဖြတ် လိုက်ပါလာသည်။ ငါဘယ်ရောက် နေတာဘာလိမ့်။ မသေချာ မရေရာခြင်းများ နှင့်အတူ.. ဒါရန်ကုန်လား၊ ကျနော် နေထိုင်အခြေချ၊ ပြီးဖြစ်နေတဲ့ ရေခြား မြေခြားက မြို.ကြီး တမြို.လား၊ ဒါမှ မဟုတ်ရင် ကျနော့်ရဲ့ မြို.လေးလား၊ နောက်ဆုံး မေးခွန်းကို မေးအပြီးမှာ ကျနော် အတော့်ကို စိတ်လှုပ်ရှားသွားသည်။ အမှန်အတိုင်း ဝန်ခံရလျှင်ဖြင့် ဒီလိုအူကြောင်ကြား ကိစ္စမျိုးတွေ ဖြစ်လေ့ရှိသည်မှာ မဆန်းလှတော့။

တကယ့်ကိုပင် အခိုက်အတန့်ကာလ တခုထိ ကိုယ်လက်ရှိ နေထိုင်ရာဒေသ တခုကို မှတ်မိနိုင်စွမ်း မရှိလောက်အောင် စွမ်းအားထုထည်ကြီးမားလှသည့် အိပ်မက်တမျိုး မက်ပြီး နိုးထလာတိုင်းပေါ့။ ကျနော်ကလည်း ကျနော်၊ ဒီမြို.လေးနဲ့ ပတ်သတ်လာလျှင် သိပ်ပြီးSensitive ဖြစ်လွန်းအားကြီးလှသည်။ ဘေးဘီဝဲယာကို သေချာဂရုစိုက် ကြည့်မိချိန်တွင် ၊ပြတင်းပေါက် မှ တပိုင်းတစ ဝင်လာသော နေဝင်ရီတရော အလင်းရောင်က ပြန့်ကျဲနေသော စာအုပ်နှင့် စာရွက်များ၊ မီးပူ မတိုက်ရသေးသော အဝတ် ဖိုးရိုဖားရားများကို ပြီတီတီနှင့် လှစ်ပြနေသည်။ အေးစိမ့်စိမ့် ဆောင်းဝင်ချင်စ လေကလည်း ပြတင်းနှစ်ခုလုံး မှ ဘယ်သူမ ဂရုမစိုက်တဲ့ လုရမ်းကား တယောက်လို ကျနော့် အရေပြားကိုလာရောက် ရိုက်ခတ်သည်။

ဩော်... အင်း. ဒါဆိုသေချာပါပြီ.. ဒါရန်ကုန် မဟုတ်ဘူးလေ၊ ကျနော့်ရဲ့ မြို.လေးလည်း မဟုတ်ဘူး။ တယောက်တည်းပေမည့် ခတ်တိုးတိုးသာ ကျိန်ဆဲ လိုက်မိသည်။ အိပ်မက်ထဲက မြို့လေးကို သိပ်နှမျောနေမိတာကိုး။ အရင်က အကြိမ်ပေါင်း ထောင်သောင်းလို ဘဲ အိမ်မက်ထဲတွင် ကျနော့် မြို.လေး၏ ပုံရိပ် ကတိကျ ပြတ်သား လွန်းနေသည်လေ။ ဒါတွင်မက.. ရေငွေ့များတဲ့ လေထု၊ ရနံ့၊ နောက်ဆုံး ကုန်ကုန် ပြောရရင် သစ်ရွက်တို့ ရဲ့ စိမ်းလမ်းပုံ အရောင်အသွေး ကအစ အသေးစိတ် တူညီလွန်းလှသည်။ တခါတရံ ကျနော့် ဝိငြာဉ်သို့ မဟုတ် မသိစိတ်သည် အိပ်ပျော် နေစဉ်အတွင်း၊ မိုင်သောင်းချီ ဝေးသော ကျနော့် ဇာတိ မြို.ကလေးသို့ ခရီးများနှင်နေသလားဟု ဂမ္ဘီရဝတ္ထု ဆန်ဆန် စဉ်းစားမိသေး၏။

အိပ်မက်ထဲတွင်တော့ ကျနော် လမ်းလျှောက်နေသည်။ အိမ်ရှေ့ တွင်ကျနော် လမ်းလျှောက် နေသည်။ ၁၀တန်း ကျောင်းသားဘဝက နောက်ဆုံးစီိးထားသော ကတ္တီပါဖိနပ် အသစ်လေးစီးပြီး အိမ်ရှေံ တွင် ကျနော် လမ်းလျှောက်နေသည်။ မင်းကုသ၏ မျက်နှာနှင့် ဆင်ဆင်တူသည်ဟု ယူဆရသော.. ချိုင့်ခွက်အပေါင်းနှင့် ကတ္တရာ လမ်းဟောင်းလေးပေါ်တွင် ကျနော် လမ်းလျှောက်နေသည်။ ထုံးစံအတိုင်း လူတစ်ဦးမှမရှိ။ တပြိုင်တည်းမှာပင် ရောက်တုန်း ရောက်ခိုက်ဘာအရင်လုပ်ရင် ကောင်းမလဲဟုအကြံလည်း ထုတ်နေမိသည်။ ခပ်လှမ်းလှမ်း ဆိပ်ကမ်းမှ သင်းဘောတစီး၏ ဆွဲဆွဲငင်ငင် ဥဩဆွဲသံနှင့် အတူ အတော်အသင့် ပြင်းသော လေကလေး တစ်ချက်ကလည်း ဖြတ်တိုက်အသွား.... ခြံနောက်ဖေး၊ ဘေးအိမ်များတွင် စီတန်း စိုက်ပျိုးထားသော အုန်းပင်များမှ အုန်းလက်များ တရှဲရှဲမြည်အောင် လှုပ်ခတ်သွားပုံကို ကျနော် ကျေကျေ နပ်နပ် ပြုံးပြီး ကြည့်နေမိသည်။ ဘာရယ်ကြောင့်တော့ မသိ။ မြို.လေးကို အိပ်မက်တိုင်း အုန်းပင်တွေ ယိမ်းထိုးပုံ မပါလျှင် မပြည့်ဆုံ သကဲ့သို့ ဖြစ်နေသည်။

ဟုတ်တယ် လေသင်းနံ့၊ ဒီ လေသင်းနံ့ပေါ့.. ကျနော် ၁၆ နှစ်နီးပါး နေစဉ် ရှုရှိုက်လာတဲ့ လေ၊ ငဝန်မြစ်ကို ဖြတ်ပြီး ရောက်လာတဲ့ လေ၊ နုပျို လတ်ဆပ်ခြင်းတွေ သယ်ဆောင်လာတဲ့ လေ၊ ဒီလို လေသင်းနံ တစ်ကမ္ဘာလုံးမှာ ဒီတစ်မြို့ ပဲရှိတယ်။

ဒီလိုနှင့် ကျနော် လမ်းဆက်လျှောက်လာရင်း လမ်းထောင့်မှ စာအုပ်ဆိုင်အိုလေး ဘက်သို့ ခြေဦး လှည့်မိသည်။ ကျနော် စာစဖတ်တတ်သည့် အရွယ်မှစ၍ ၁၆နှစ်သားခန့် အထိ၊ ..ကျောင်းဖတ်စာ၊ ဗလာစာအုပ်မှ စပြီး ရွေသွေး၊ တေဇ၊ သရီးဒီဂျာနယ်၊ တံခွန်နှင့်အင်အားတို့လို ခေတ်ဦး အားကစား ဂျာနယ်များ အထိ ဝယ်ယူခဲ့ဘူးသည်။ ဆိုင်နံမည် ရှိသော်ငြားလည်း ဆိုင်ရှင် အဖိုးကြီး၊ အဖွားကြီး လင်မယားအား အစွဲပြု၍ ကျနော်နှင့် ဘော်ဒါတသိုက်က အဘိုးကြီးအဘွားကြီးဆိုင်ဟုသာ ခေါ်ကျလေသည်။ ယနေ့လက်ရှိတွင် သူတို့နှစ်ဦးလုံး သက်ရှိထင်ရှား ရှိမရှိ မသေချာ လှသော်လည်း အိပ်မက်ထဲတွင်တော့ ဝမ်းသာအားရ နှုတ်ဆက်ရှာသည်။ ဆိုင်လေးရော သူတို့နှစ်ဦးလုံးပါ လွန်ခဲ့သော ၇နှစ်ခန့်ကအတိုင်း ဖြစ်သည်။

ထိုနောက်တွင်တော့ ရေချိုးရန် အိမ်သို့ ခပ်သွက်သွက် ပြန်လာခဲ့မိသည်။ သံဇကာကွက် အိမ်ရှေ့တံခါးအား အသာလေး ဆွဲမ၍ အိမ်တွင်းသို့ ဝင်လိုက်၏။ အိမ်တွင်းရှိ မှောင်ပျပျ အလင်းရောင် အောက်တွင် ကျနော်မှ လွဲ၍ မည်သူမှ ရှိမနေပါ။ အဖေ့ ဆေးကုခန်း၊ အဖေ့ အလုပ်စားပွဲ၊ အိပ်ခန်းငယ်များကို ဖြတ်သန်းပြီး ရေချိုခန်း ရှိရာသို့ ရောက်ရှိ လာခဲ့သည်။ ထိုစဉ်မည်သို့ မျှ မျှော်လင့်မထားသော ပစ္စည်းဟောင်းလေး တခုက ကျနော့်ကို မှင်သက်သွားစေ မိသည်။ ဖုံအလိမ်းလိမ်း နှင့်မွဲခြောက်ခြောက် လိမ္မော်ရောင်ခြင်း တောင်းအိုလေးတစ်လုံး။ မူလတန်းနှင့် အလယ်တန်း ကျောင်းသားဘဝ တစ်လျှောက်လုံး.. အမေ ထည့်ပေးသည့် ထမင်းဘူး၊ ရေဘူးရယ်၊ လက်သုတ်ပဝါလေး တထည်ရယ်၊ ဒီတောင်းလေးထဲ ထဲ့ ပြီး ကျောင်းတက်ခဲ့ တာပေါ့။ အထက်တန်း အရောက်တွင်တော့ စုတ်ချာလာပြီး အမေက အသစ်ဝယ်ပေး တော့သည်။ ယနေ့ထိ ကာလတစ်လျှောက်လုံး အစွဲအလမ်း မကြီးလှသူဟု ကိုယ့်ကိုကိုယ် အထင်ကြီးခဲ့သမျှ ယခု ဤတောင်းစုတ်ကလေး နှင့် အိပ်မက်ထဲတွင် ပြန်တွေ့မှ မည်မျှ အစွဲအလမ်းကြီးကြောင်း သတိထားမိတော့သည်။ တောင်းလေးအား ပွတ်သပ်ကြည့်လိုက် မိ၏။ ပွန်းနေသော ပလတ်စတစ် သားများမှ ရှတတ အထိအတွေ့ကို လက်က ထင်ထင်ရှားရှားပင် ခံစားမိသည်။ အိပ်မက်ထဲမှ ကျနော် အိပ်မက်မက်နေမှန်း တပြားသားမျှ ရိပ်မိပုံမပေါ်။

သို့နှင့် သုံးထပ်သားများ ကာရန်ထားသော ကျနော့် ကိုယ်ပိုင် အခန်းလေးအတွင်းသို့ ချိုးအဝင်လိုက်တွင် နှစ်ပေါင်းများစွာ ဝေးကွာနေပြီးသော ငယ်သူငယ်ချင်း တဦးကို ဘွားကနဲ တွေ့လိုက်ရသည်။ သူကတော့ အံ့ဩဟန်မပြ၊ ဂရုလည်း မစိုက်ဘဲ ကျနော့် အိပ်ယာပေါ်တွင် လှဲလျောင်းကာ လက်ကိုင် တီဗီဂိမ်းလေးအား သဲကြီးမဲကြီး ကစားနေသည်။ အခန်းထဲတွင် တီဗီဂိမ်းလေးမှ တတီတီမြည်သံ အပြင် မှော်ရုံတောသို့ မတော်တဆရောက်ရှိ သွားသည့် သာမာန်လူတဦး၏ အံ့ဩဝမ်းသာ ထိတ်လန့်ခြင်းမျိုး ကျနော့်ကိုယ်တွင်းမှ ဖိတ်စင်ကျ နေသည်။ သူ့ပုံကို ကြည့်ရတာ လွန်ခဲ့တဲ့၇နှစ်၈နှစ်လောက်တုန်းက အတိုင်ဘဲ ပိန်ကပ်ကပ်။ ကျနော်က ပြာပြာသလဲ ဟေ့ကောင် မင်းမိန်းမရပြီး တောင်ဒဂုံမှာနေတယ်ဆို။ သူက ငယ်ငယ်က အကျင့်အတိုင်း ပြုံးစိစိနဲ့ ဘာမှ ပြန်မပြောဘဲ၊ မင်းစက်ဘီး ထုတ်လိုက်လေ.. ငါတို့ ကော်ရည် သွားသောက်ကြ ရအောင်။ ဟာ.. ဟုတ်ပ ခုမှသတိရ မိတယ်။ ကျနော်မြို.လေး၏ အထူးစပယ်ရှယ် အစားအသောက်မှာ မုန့်ဟင်းခါးနှင့် ကော်ရည်ခေါက်ဆွဲ ဖြစ်သည်။ မုန့်ဟင်းခါး နာမည်ကြီးပုံ ကတော့ လူတိုင်းနီးပါး သိပြီးဖြစ်သည်။ သို့သော် ကော်ရည်ခေါက်ဆွဲ အကြောင်းတော့ အတော် လူ သိနည်း လေသည်။ ရန်ကုန်ကော်ရည် နှင့် မတူ၊ အရည်ကြဲကြဲ၊ ညှပ်ခေါက်ဆွဲ (ဒေသအခေါ် ဆန်ခေါက်ဆွဲ) ထည့်စားလေ့ရှိသည်။ ကန်စွန်းရွက်နှင့်ငပိတောင်းတို့ လုံးလုံး အသုံးမပြု။ ယခင် ချာတိတ်ဘဝတုန်း ကတော့ အဲဒီ သူငယ်ချင်းရယ် တခြား သူငယ်ချင်းများ အုပ်လိုက်နဲ့ စက်ဘီးတွေ စီးပြီး ကော်ရည်ဆိုင် သွားကြပုံကို သတိရမိ၍ ဟေ့ကောင် အရင်တုန်းက အတိုင်းဘဲလား ဟုအရင်းမရှိ အဖြားမရှိ မေးလိုက်မိ၏။ သူကလည်း ကျနော့် စိတ်ထဲကို မြင်ရသည့် အတိုင်း အင်း ဟု... တုံးတိတိနှင့် ပြန်ဖြေ သည်။

ထိုအချိန်တွင်... ထိုအချိန် အရောက်တွင် အေးစက်စက် ခြောက်ကပ်ကပ်နိုင်လှသော.. တောင်ပိုင်းကယ်လီဖိုးယား၏ မိစ္ဆာ သဲကန္တာရ လေမျိုးသည် ကျနော့်နှင့် ကျနော့်မြို့ကလေးအား ရက်စက်စွာ ဖြတ်တောက် လိုက်လေ တော့သည်။

-------------------------------------------------------------------------------------------------------------------------------------------

နောက်ဆက်တွဲများ

ဖြတ်သွား ဖြတ်လာ နည်းပါးလှသော ကျနော့် အိမ်ရှေ့ လမ်းကလေးသည် ယခုအခါ အိမ်ဘေးတွင် အသစ်တည်ဆောက်ထားသော တည်းခိုခန်း၊ ကာရာအိုကေခန်း၊ ဘောလုံးပွဲရုံ တို့နှင့် အတူ သက်ဝင် လှုပ်ရှားနေသည် ဟု ကြားသိ ရသည်။

အိပ်မက်ထဲမှ သူငယ်ချင်းမှာ အမှန်တကယ် အိမ်ထောင်ကျသွားသည်ဟု ဆိုကြပြီး ယနေ့အထိ ပြန်မတွေ့ရတော့ချေ။

ကျနော့်မြို့ လေးမှ ယနေ့ ချာတိတ်များသည် အုပ်စုဖွဲ့ ဆိုင်ကယ်များစီးပြီး ကြေးအိုးနှင့် ဘီယာဆိုင်များသို့ သွာသည်ဟု ပြောကြသည်။

ဧရာဝတီတိုင်း၏ မြို့ တော် အားမြို့ လေးဟုခေါ်ဆိုနေခြင်းကို သူငယ်ချင်းများ ကန့်ကွက်ကြသော် လည်းကျနော်ကတော့ ဆက်ခေါ်မြဲ ဖြစ်သည်။ ကျနော့် အတွက်တော့ မြစ်ဝကျွန်းပေါ်မှ တောဆန်ဆန် မြို.လေး တစ်မြို့ သည်... မွေးဖွားကြီးပြင်းရာ မြို.လေးတစ် မြို့ သာ ဖြစ်ပေသည်။

posted by boedawgyi
at 6:31 PM Permalink

2 Comments:

Anonymous Anonymous said...

အကိုပြောမှ ညီမဇာတိကို သိပ်လွမ်းလာမိပြန်တယ်… ဒီလိုပဲအကိုရေ ယုတ်မာတဲ့လူတစ်စုကြောင့် အားလုံး ဒုက္ခရောက်နေကြတာ.. ကိုယ်ချင်းစာပါတယ်…

6:45 PM

 
Anonymous Anonymous said...

ုကိုမျောက်ရဲ့ ဘလောက်ကိုလင်းလက်ရဲ့ဘလောက်ကနေတဆင့်ဝင်ပြီးဖတ်ဖြစ်တာကပါ။
ကျွန်တော်ကစာဖတ်ပရိတ်သတ်အသစ်ပါ။
ကိုယ်တိုင်ဘလောက် ရေးဖို့တော့ကြိုးစားနေတုံးပါဘဲ။
အစ်ကိုအိမ်မက်က...လန့်နိုးသွားတော့...ကော်ရည်ခေါက်ဆွဲတောင်
မစားလိုက်ရတော့ဘူး....ဟဲဟဲ...
နောက်လဲအမြဲဝင်ဖတ်မယ်နော်....

5:22 PM

 

Post a Comment

<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။