အဲဒီတောရိုင်းမြေမှာ
ခြေချစရာ မရှိလောက်အောင်
နွားခြေရာခွက်တွေနဲ့ ပြည့်နှက်နေတယ်
မိုးလုံးကျွတ်
တအုံးအုံး တအွမ်အွမ်
အော်မြည်နေတဲ့
ဖားမျိုးစုံနဲ့  ကြပ်ပျံမကျစည်ကားနေတယ်
ခွေးရိုင်းအူသံတွေ
ကြောက်မက်ဖွယ် ဗွက်ထနေတယ်
ညွတ်ညွတ်ကိုင်းကိုင်း
ပျွတ်သိပ်ပေါက်နေတဲ့ ကိုင်းပင်တွေလည်းရှိတယ်
မြစ်မချမ်းသာတဲ့
ဖွတ်ကျားကြီး တွေလည်းဗုံးဘောလအောရှိတယ်
မင်းသားက ကနေတဲ့
ဘီလူးကြီးတွေလည်းဗုံးဘောလအောရှိတယ်
အယက်ပါရဂူ
မောင်မောင်လိပ်တွေလည်း ဗုံးဘောလအောရှိတယ်
ဂျွိုက်စ်ရဲ့ ဒပ်ဘလင်နာက
ဝက်ကလေးတွေလည်း ဗုံးဘောလအောရှိတယ်
ဘာမသိညာမသိ
အမျှားခံနေရတဲ့ ငါးလေးတွေလည်း ဗုံးဘောလအောရှိတယ်
တစာစာ အစာတောင်းနေတဲ့
စာကလေးတွေ့လည်း ဗုံးဘောလအောရှိတယ်
အဲဒါတွေနဲ့ ဆန့်ကျင်ဘက်
ကျားတွေ ခြင်္သေ့တွေ တဖြည်းဖြည်း မျိုးတုံးကုန်ပြီ
အရိပ်အာဝါသ သစ်ပင်ကြီးတွေ တဖြည်းဖြည်ွး မျိုးတုံးကုန်ပြီ
ညရောက်မှ တိတ်တဆိတ်အစာရှာရတဲ့
ဇီးကွက်တချို့လည်း မစိုစလောက်ဘဲ ကျန်တော့တယ်
အိုးဝေ အိုးဝေ
တွန်ကြူး အကထူးတဲ့
ဒေါင်းတွေလည်း မစိုစလောက်ဘဲ ကျန်တော့တယ်
ရာသီဥတုဆိုရင်လည်း မိုးခါးမိုးတွေ ဒလဟောရွာလို့ 
ပူလိုက်တာလည်း ဝက်ဝက်ကွဲ
ဟိုးအရင်ကလောက် မစိမ်းလမ်းတော့ဘူးတဲ့။
ထွီ….
အဲဒီတောရိုင်းမြေကြီးကိုဘဲ
ငါ့လို သောက်သုံးမကျတဲ့
ဗုံမဟုတ်ပတ်မဟုတ်ကောင်က
လွမ်းလိုက်ရတာ....... လွမ်းလိုက်ရတာ
ရင်ဘက်တောင်နာတယ်။
ဒီအမ်
1 Comments:
ဒီကဗျာကိုကြိုက်တယ်အကို ထိတယ်
7:01 PM
Post a Comment
<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။