<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- data-ad-client=pub-8069393761167719 --> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d20801606\x26blogName\x3d7Monkeys\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://7monkeys.blogspot.com/search\x26blogLocale\x3den_US\x26v\x3d2\x26homepageUrl\x3dhttp://7monkeys.blogspot.com/\x26vt\x3d-6179638430644425932', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>
3 comments | Sunday, September 17, 2006


မနေ့ကကိုသီဟနဲ့စကားအတော်များများပြောဖြစ်ဆွေးနွေးဖြစ်တယ်။ ပြောရင်းပြောရင်း
နဲ့ ဒေါက်တာမတင်ဝင်းတို့ ဘာတို့ အကြောင်းရောက်သွားရော။ အဲဒါနဲ့  ငယ်ငယ်ကသင်ရတဲ့ 
သမိုင်းဖတ်စာအကြောင်း
ပြောဖြစ်ကြတယ်ဆိုပါတော့။ နှစ်ယောက်လုံးအယူအဆ အတူတူဘဲဗျ။

ခင်ဗျားလည်း သတိထားမိမှာပေါ့။ ဒီလိုလေဗျာ။ ထိုင်းတို့ လောတို့ နဲ့ ပတ်သတ်ရင် ကျွန်တော်တို့
သင်ရတာက
မြန်မာမင်းတွေက ဘယ်လိုသိမ်းပိုက်တယ်၊ အဲဒီတုန်းကဘယ်လိုတန်ခိုးထွားတယ်
ဘာညာပေါ့ဗျာ။
ကျွန်တော်တို့ ကိုအင်္ဂလိပ်ကသိမ်းတော့ ကျူးကျော်တယ်လို့ သင်ရတယ်မဟုတ်လား။
ဆိုတော့“သိမ်း”တယ်ဆိုတာ
နဲ့ “ကျူးကျော်”တာဆိုတဲ့ဝေါဟာရနှစ်ခု ကွာခြားမနေဘူးလားဗျာ။အင်္ဂလိပ်
နယ်ချဲ့ တွေကျွန်တော်တို့ နိုင်ငံကို ကျူးကျော်တုန်းကလဲ သူတို့တိုင်းပြည်မှာ မယဉ်ကျေးသူတွေကို
စောင့်ရှောက်ဖို့ အတွက်
“သိမ်း”ရပါတယ်ဆိုပြီး ဝါဒဖြန့် ကျွန်ပြုတာပေါ့ဗျာ။ ကျွန်တော်တို့ မြန်မာမင်းတွေ
ဘုန်းမီးနေလ တောက်တုန်းကလဲ ဒီလိုဘဲ အကြောင်းပြပြီးနယ်မြေ ချဲ့ ထွင်ကြတာပါဘဲ။ အရာကြီးနဲ့
ကုလားကြီးပါဘဲ သိပ်ထူးလှတာတော့မဟုတ်ဖူး။ ခင်ဗျားသိတဲ့ အတိုင်းဘဲ စစ်တိုက်တယ်ဆိုတာ
နိုင်သူ
ူအကုန်စား၊ နိုင်သူကတရားတယ် ဆိုတဲ့သဘောဘဲ။
ဘယ်စစ်ဘုရင်မှ လက်အောက်ခံနိုင်ငံကို
ငဲ့တာမဟုတ်ဖူး။ စကားလှအောင်ကြည့်ရှုစောင့်ရှောက်တယ်ဘာညာဆိုပြီးပြောတာ။
အဲတော့ဗျာ
ကိုယ့်အလှည့် ထိုင်းတွေကိုကျွန်ပြုတော့ တရားတဲ့သဘောမျိုး
ဖတ်စာအုပ်ကနေတဆင့် ဦးနှောက်ထဲ
ဆွဲနေအောင်သင်ရတယ်။
ကိုယ့်ကို အင်္ဂလိပ်ကကျွန်ပြုတော့ မတရားဘူးတဲ့။ သမိုင်းကိုသင်တယ်ဆိုတာ
ဆရာကြီးဒေါက်တာသန်းထွန်းရဲ့နာမည်ကြီး
စကားအရပြောရရင် မတုံးအောင်သင်ရတာမဟုတ်လား။

အခုတော့ ကျွန်တော်တို့  ခင်ဗျားတို့ အပါအဝင် နောင်လာမယ့် ညီငယ် ညီမငယ်အားလုံး အစွန်းရောက်အမျိုးသားရေးဝါဒကို အလိုအလျောက်ရိုက်သွင်းခံရတာဘဲ။ ဒီနေရာမှာပြောရဦးမယ်
ကျွန်တော်တို့ ပညာရေးစနစ်က(ခေါင်းထဲကို အတင်းရိုက်ထည့် တဲ့စနစ်)
အခုဆိုရင် ကြောက်ဖို့ ကောင်း
အောင်အမြစ်တွယ်နေပြီဆိုတာဘဲ။ ဒါလည်း ခင်ဗျားကို အထူးပြောနေစရာ မလိုပါဘူး။ အဲဒီတော့ဗျာ
ကျွန်တော်တို့ မြန်မာနိုင်ငံ
လွတ်လပ်ရေးမရခင်တုန်းက မျိုးချစ်စိတ်ဓါတ်ပြင်းထန်ဖို့အတွက် ဒီလိုမျိုး
သင်ခန်းစာတွေ သင်ရတယ်ဆိုရင် ဟုတ်သေးရဲ့ ။
အခုဟာက လွတ်လပ်ရေးလည်းရပြီးပြီ။ ဒီလိုမျိုး
တဖက်စောင်းနင်း
သမိုင်းသင်ခန်းစာတွေ ကို ကျွန်တော်တို့  သင်စရာအကြောင်းမရှိတော့ဖူးဗျ။
သင်မယ်ဆိုရင်လည်း ကိုယ်ကကျူးကျော်ရင်လည်း မကောင်းဘူး၊ ကိုယ့်ကိုသူများက ကျူးကျော်တာ
လည်းမကောင်းဘူး လို့ 
မှန်မှန်ကန်ကန်တွေးတတ်အောင် သင်ကြားသင့်တယ် မဟုတ်ဖူးလားဗျာ။
ကံရာဇာကြီး ၊ ကံရာဇာငယ် အကြောင်း ပညာရှင်တွေရေးကြတာ ဖတ်ဖူးမှာပေါ့ ။ ကျွန်တော်လည်းဖတ်
ပြီးမှဟုတ်လိုက်လေဗျာလို့ တွေးမိတယ်။ကျွန်တော်တို့ တွေခေတ်နောက်
ကျကျန်ခဲ့တာ လည်းမပြောနဲ့ 
အဲဒီလို သင်ရိုးညွှန်းတန်းတွေကို အချိန်ကုန်ခံ အပင်ပန်းခံ
ကျက်မှတ်လေ့လာနေရတာလဲ ပါတာပေါ့။

မနှစ်က ဂျပန်တွေ အလယ်တန်းသမိုင်းဖတ်စာ သင်ရိုးတွေပြောင်း သမိုင်းလိမ်ဖို့ ကြိုး စားလို့ 
အကြီးအကျယ်ပြဿနာတတ်တုန်းက ကျွန်တော်တို့ မြန်မာတွေ အေးဆေးဘဲ။
လုံးဝမနာဘူး အဲ့ဒါ နဲ့
ဆန့်ကျင်ဘက် လွန်ခဲ့တဲ့သုံးနှစ်ကျော်လောက်က ထိုင်းမြန်မာနယ်စပ်ပြဿနာဖြစ်လို့  နအဖက သူတို့
သတင်းစာ ကိုသုံးပြီးဝါဒလည်းဖြန့် ရော အားလားလား ကျွန်တော့်ရပ်ကွပ်ထဲ မှာ အလံတွေ
ထိန်ထိန်နီ
တော့တာဘဲ။ မထူမနေရအမိန့် လည်းပါတာပေါ့ ။ထိုင်းလောက်တော့ ပျင်းတောင်ပျင်းတယ်ဆိုတာလဲ
ပါတယ်။
ကျွန်တော်တို့ အစိုးရက လည်းကျွန်တော်တို့ မြန်မာတွေအကြောင်း နောကြေနေပြီ လေ။
အမျိုးဘာသာနဲ့ သာတိုက်ပေးလိုက် ငိုက်ခနဲကို ပါလာတော့တာဘဲ။
အာဏာရူးနေဝင်းက တော်တာ
တော့ တော်တော့်ကိုတော်တာ၊ စစ်အုပ်ချူပ်ရေး ယန္တယားကောင်းကောင်း မွန်မွန်လည်ပတ်နိုင်အောင်
ပညာရှင်တွေကို ဘယ်လိုသုံးရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ နောက်ပိုင်း မောင်ခင်ညွှန့် တို့ လဲ
အတူတူဘဲ။ ဆိုတော့ အလယ်တန်း သမိုင်းဖတ်စာဆိုပြီးတော့ ပေါ့ပေါ့လေး သွားတွေးလို့ မရဘူး။
သူတို့ က ဒီလိုသင်ခန်းစာတွေသင်ပေးပြီး
နုနုနယ်နယ် ဦးနှောက်တွေကိုဆေး ခိုင်းခြင်တဲ့ အချိန် လိုသလို
ခိုင်းလို့ ရတဲ့စက်ရုပ်လေးတွေဖြစ်အောင် လုပ်ထားတာဗျ။
ကျွန်တော်က အဲ့ဒါကိုခံပြင်းတာ။ ကျွန်တော်တို့ 
ဦးနှောက်တွေက သူတို့ ခိုင်းခြင်ရာခိုင်းဖို့ မဟုတ်
ဖူးဗျ။ ကိုယ့်သမိုင်းထဲကနေပြီး အမှန်အမှားဝေဖန်ပိုင်းခြား
နိုင်ဖို့ ၊ ဒါတွေကျွန်တော်လည်း သိလွန်းလို့ တတ်လွန်းလို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ဖတ်ရဘူးတဲ့
စာအုပ်တွေထဲ ကနေတဆင့်ပြန်ဖောက်သည်ချတာဗျ။

ကျွန်တော်တို့ မြန်မာ့သမိုင်းမှာ သူတပါးကို မထိခိုက်ဘဲ ကိုယ့်အမျိုးကို မှန်မှန်ကန်ကန် ချစ်တတ်အောင်သင်ကြားနည်းတွေ အများကြီးရှိပါတယ်။ခက်တာက အဲဒီလိုသင်ရိုးညွန်း တန်းတွေကို ပြဌာန်းဖို့ အတွက်အသိပညာရှင်။ အတတ်ပညာရှင်တွေမှာ အခွင့်အရေးမရတာဘဲ၊ ဘာလို့ လဲ ဆိုတော့ ......သိတဲ့အတိုင်းဘဲ။

ကျွန်တော်ဒါတွေပြောနေလို့ ပညာတတ် ဘွဲ့ ရ

တော့မဟုတ်ပါဖူးဗျာ။ကိုယ့်မွေးရပ်နိုင်ငံကို မေတ္တာတရားရှေ့ထားပြီးညဏ်ရှိရှိအုပ်ချူပ်နိုင်

မယ့်အစိုးရတရပ်လိုချင်တဲ့သူလိုငါလိုထဲကပါဘဲ။


စာကိုး၊ ၊ငါပြောချင်တဲ့ ငါ့အကြောင်း (ဒေါက်တာသန်းထွန်း)
အုပ်ချူပ်သူသုံးမျိုးနဲ့ မကောင်းသောဆု ကောင်းသောဆု (မောင်သစ်ဆင်း)

posted by သက်စံ
at 3:14 AM Permalink

3 Comments:

Anonymous Anonymous said...

Thanks! I saw Japanese propaganda.

3:34 PM

 
Blogger Nay Nay Naing said...

အရမ်း မှန်တယ်... ကျွန်မလည်း ငယ်ငယ်တည်းက အဲ့လို အမြဲ စဉ်းစားမိတယ်။ ကျွန်မ အမေက သမိုင်းသင်တဲ့ ဆရာမဆိုတော့ သူ့ ကို အမြဲသွားမေးတယ်။ ဘာလို့ ကိုယ်သွားသိမ်းတာ သင်တော့ တစ်မျိုး၊ ကိုယ့်အသိမ်းခံရတာ သင်တော့ တစ်မျိုး သင်ရတာလဲလို့ ။ ကျွန်မ မေမေကပြောတယ်.. အကြောင်းအရာကို ပဲဖတ်ပါ၊ ဒီထဲမှာ ကောင်းတယ်ပြောတိုင်းမယုံနဲ့ ၊ ကိုယ့်ဟာကို စဉ်းစားချင့်ချိန်တဲ့။ ကျွန်မတို့  သင်ရသလို မြန်မာတွေလုပ်တာတိုင်းကို ကောင်းတဲ့ ဟာတွေကြီးပဲ လုပ်ခဲ့တယ် မမှတ်နဲ့ တဲ့ ။ ကျွန်မ ငယ်ငယ်ထဲက သမိုင်း အကြောင်းတွေ ကိုဖတ်ရတာ ကြိုက်တယ်။ ဖတ်ပြီးတိုင်းလည်း စိတ်တည်း မကျေမနပ် ဖြစ်ခဲ့ရတာတွေ အများကြီး၊ လက်မခံနိုင်တာတွေ အများကြီးပါ။ မြန်မာပြည်မှာ တက္ကသိုလ်ဆိုတာကို တခါမှ မတတ်ခဲ့ဘူးလို့  အဲ့ဒီမှာ ဘယ်လို သင်တယ်ဆိုတာ ကျွန်မ မသိပါဘူး။ အထက်တန်း ကျောင်းတွေမှာ သမိုင်းသင်တဲ့ ပုံကိုတော့ ကျွန်မ လုံးဝမကြိုက်ခဲ့ဘူး။ ကျွန်မ ကတော့ သမိုင်းသင်ရင် အမှန်ကို အမှန် အတိုင်း ပြောပြီး သင်စေချင်တယ်။ အမိုင်းကြောင်းတွေကို ခု၊လ နှစ်တွေ အကြောင်းအရာတွေကို အလွတ်ကျက်ခိုင်းမယ့် အစား၊ သမိုင်းကို သွားလိမ်ရေးနေမယ့်အစား ဘယ်နိုင်ငံရဲ့ သမိုင်းကြောင်းကို သင်သင် ကလေးတွေကို အမှန်အတိုင်း ချပြလိုက်ပါ။ ပြီးမှ သူတို့ တွေကို စဉ်းစားခိုင်းပါ။ အဲ့ဒီထဲက အကြောင်းအရာတွေကို ဘယ်လိုမြင်လဲ၊ ဘာတွေက ကောင်းတယ်ထင်လဲ၊ ဘာလို ဟာတွေမှာ သင်ခန်းစာ ယူသင့်လဲ .... အဲ့လိုမျိုးလေးတွေကို သမိုင်းသင်တဲ့ ဆရာတွေက ဦဆောင်ဆွေးနွေး စေချင်တယ်။ အဲ .. ဦးဆောင်ဆွေးနွေး သင်ကြားပေးမယ့် ဆရာတွေက လည်း အမှန်တရားကို လက်ခံ၊ အမှန်ကို ပြောရဲ ဖို့ တော့ လိုမှာပေါ့နော်။

ကျန်တဲ့ နိုင်ငံရေးတွေကတော့ ခုချိန်မှာ ထင်မြင်ချက် မပေးတော့ပါဘူး။ မပြောချင်လို့  မပြောခြင်းမဟုတ်ပါ။ ကျွန်မ သေချာ နားမလည်သေးတဲ့ ကိစ္စတွေမို့ လို့ ပါ။ ဆက်ရေးကြပါ။ နောက်တင်မယ့် ပိုစ်တွေကို စောင့်ပြီး ဖတ်နေပါမယ့်။

6:07 PM

 
Anonymous Anonymous said...

OK.What about "countries" currently under Burma. Rakhine was a formerly independent country which was annexed by burmese kings during late 16th century.What about chin, kachin, karen and shan "countries". It can be said that they are living under burmese imperialism. people living in these "countries" should be allowed to make their own choices whether they want to live under burma as federal states or as separate countries.

8:53 PM

 

Post a Comment

<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။