posted by Nharni
ပြည်သူချစ်သော ကဗျာဆရာကြီး ဦးတင်မိုး အမေရိကန်နိုင်ငံ LA တွင် ကွယ်လွန်သွားပါသဖြင့် အလွန်ဝမ်းနည်းကြေကွဲရပါသည်။
အလင်းပေးကြယ်များသို့
ရှိရှိသမျှ အလင်းတွေ
အစွမ်းကုန် ဖျစ်ညှစ်သွန်ကျဲပေးခဲ့တဲ့
နောက်ထပ်ကြယ်တစ်ပွင့်လဲ
လွင့်ကြွေသွားပြန်ပြီပေါ့။
ရှိနေတာလေးကို
သိနေရာက
ဖျတ်ခနဲ ကွယ်ပျောက်သွားတာ
သိလိုက်ရတော့လေ
စိတ်က ပြောတယ်
အားငယ်တယ်တဲ့။ posted by သက်စံ
အခုတလော ရီစရာလေးတွေကို အာရုံရနေတယ်။ ဒီကနေ့တော့ ဘာရယ်မဟုတ်ဖူး မြန်မာလက်ဖက်ရည်ဆိုင် ဖိုရမ် ကို ရောက်သွားပြီး သတင်းနဲ့ပတ်သတ်တဲ့ တော့ပ်ပစ်တစ်ခု အောက်မှာ တစ်ခါတစ်ခါ မှ ဟိုလှန်ဒီလှန် မလုပ်ဖူးတဲ့ မြန်မာ့စောင့်ဖျင်း သတင်းစာရဲ့ စာလုံးမည်းမည်းကြီးတွေနဲ့ ရေးထားတဲ့ ခေါင်းစဉ်ကို သွားဖတ်မိတယ်။ ဖျင်းချက်ကတော့ ကမ်းကိုကုန်ယုံဘဲ။ ဖိုရမ်မှာက လဲ ဒီလိုလေး လှောင်ထားတယ်။ ဘာတဲ့
တရုပ်နဲ့ရုရှားက ဗီတိုသုံးပြီးကန့်ကွက်တယ်ဆိုမှပဲ စကားကျယ်ကျယ်ပြောရဲကြတော့တယ်။ဟား ဟား။ အူလိမ့်အောင် ရီရတယ်။ တခါတလေ ပျင်းနေရင် အဲ့ဒါလေးတွေ ဖတ်ရင် နည်းနည်း အပျင်းပြေတယ်။ ရီလည်းရီရတယ်။ ခင်ဗျားလည်း အပျင်းပြေချင်ရင် ဒီလင့်ခ် လေးသာ နှိပ်လိုက်ဗျာ။ တခုတော့ရှိတယ် တခါတလေလို့ပြောတာနော်။ အမြဲတမ်းဖတ်လို့ ဖျင်းသွားရင်တော့ တာဝန်မယူနိုင်ဘူး။ posted by သက်စံ
မြန်မာ အဖွဲ့အစည်းများရဲ့အမြင်ကျယ်မှုနဲ့ ရဲဝံ့မှုကို အများကြီးဂုဏ်ယူပါတယ်ဗျာ။
North Korea's 007 (part 1)A short movie by "Hu Ge" and Chinese netizens, mocking Kim Jong Il andhis secret agent buying Hennessy XO wine from Chinese black market.Original Chinese version (in WMV format) torrent:http://www.hugedv.com/007.rar
As of 3:27 AM, January 20, 2007, China Standard Time, the movie has been watched 1,993,567 times on a single site (6rooms.com) and received 1620 comments.
Available online in one large file via BitTorrent, or lots of little bits via YouTube: Link to the 8-part, streamable, English-subtitled version made by enthusiasts. posted by သက်စံ
"Under Senate Bill S.1, political bloggers with a readership of over 500 who comment on policy matters or hope to incite 'grassroots' action amongst their readers would be forced to register with the Federal Government as lobbyists."
:P လွတ်လပ်စွာပြောဆိုခွင့်ကို ကျယ်ကျယ်လောင်လောင်ပြောနေတဲ့ သူရို့ဆီမှာတော့ ပြဿနာတတ်မှာမြင်ယောင်သေးတယ် posted by သက်စံ
Dr. Martin Luther King, Jr.'s powerful oratory skills are just as impressive today as when he gave his seminal civil rights speech.
From Washington, D.C. - August 28, 1963 posted by သက်စံ
ဒါနဲ့ စက်ရုံကရတဲ့ ပညာတခုပြရဦးမယ်။ နေရာတခုရဖို့အတွက် ကိုယ့်ကိုယ်ယုံကြည်အောင် လုပ်တဲ့ နည်းတွေပေါ့။ ဒါတော့ ဆရာတပည့် လက်ဆင့်ကမ်းနေတတ်လို့ ပြောစရာမလိုဘဲ သူ့အလိုလိုဖြစ် နေတယ်။ ကျနော့်ဆရာတွေ သရုပ်ဆောင်ကောင်းလို့ ကျနော်လည်း သရုပ်ဆောင်တတ်လာတယ်။ ကျနော့်ထက်ငယ်တဲ့ ကျနော့်လက်အောက်ငယ်သားတွေလည်း ကျနော့်နောက်လိုက်တွေလည်း ကျနော့်လိုပဲ ပီပြင်လှပေတယ်။ လာဘ်စားတဲ့အကျင့်ဆိုးကြီးကိုတော့ ပြင်လို့မရတော့ပါဘူးကွာဆိုတဲ့ စကားကြီးက ကြားနေရတဲ့ စိတ်ဓာတ်ကျစရာစကားတွေပဲပေါ့။ “သူငယ်ချင်း မင်းလူကြီး (အထက် အရာရှိ) တယောက်ယောက်ကို ပီအောင်မပေါင်းနိုင်ရင် မင်းရဲ့တိုးတက်ဖို့လမ်းတွေ မသေချာဘူး သူငယ်ချင်း” အဲ့ဒီစကားဟာ ကျနော် အမြဲကြားနေရတဲ့ စကားပဲပေါ့။ အထက်လူကြီးတွေလည်း ကြည့်ဦးလေ၊ သူတို့ရဲ့နေရာမြင့်ဖို့အတွက် သူတို့ထက်ကြီးတဲ့ အထက်လူကြီးတွေကို ဘယ်လိုဖားလဲ၊ ဘယ်လိုလိမ်သလဲဆိုတာပေါ့၊
ခေတ်ပြိုင်ရဲ့ ကလောင်သစ်ခေါင်းစဉ်အောက်က “အချောင်ဘ၀မှ လွတ်မြောက်ခြင်း”ဆိုတဲ့ဆောင်းပါးထဲက စကားလုံးတွေပါ။စက်ရုံလူငယ်အရာရှိတစ်ယောက်ရဲ့ ရင်ဖွင့်သံပေါ့ဗျာ။ သူဖြတ်သန်းခဲ့တဲ့ လူငယ်ဘ၀၊ ပညာရေးဘ၀ ၊ အသက်မွေးဝမ်းကြောင်းမှုရာမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေကို ရိုးရိုးရှင်းရှင်းလေးရေးထားတာပါ။ သူကြုံတွေ့ဖြတ်သန်းရတဲ့ အဖြစ်အပျက်တွေက ပြည်မြန်မာတခွင် ပျဲပျဲစင်အောင် မြင်နေ ကြားနေရတဲ့အကြောင်းတွေပါ။သိပ်ပြီးတော့ မထူးဆန်းတော့ပါဘူး။ ထူးဆန်းတာက မင်းဆွေလို ဂျလေဗီငနဲတွေက တောင်ရေးမြောက်ရေး ရေးနေတာပါဘဲ။ သိသိကြီးနဲ့ဖြီးတတ်တဲ့နေရာမှာတော့ ဆလံသလောက်ပါတယ်။ အင်းလေ တကယ်တမ်းပြောရရင် သူတို့တွေ မရှက်တတ်တော့တာကလဲ မထူးဆန်းတော့ပါဘူး။ ဘာလို့လဲဆိုတော့...... posted by သက်စံ
မင်းဆက် ပြုတ်ခဲ့ရသတဲ့
ဟုတ်ကဲ့
ထောက်ခံတဲ့အလုပ်
ငြင်းဆန်တဲ့အလုပ်
ကျွန်ုပ်တာဝန် မဟုတ်ပါ။
မင်းတုန်းမင်းရဲ့ ရတနာပုံ
ကမ္ဘာကုန်ကျော်တဲ့ မန္တလေး
ဘုံကျော်ဆရာတော် မကြိုက်တဲ့ မန္တလေး
ဘုရား လက်ညှိုးထိုးတဲ့ မန္တလေး
ဦးရာမကို ဗန်းမော်ပို့တဲ့ မန္တလေး
မင်းသွေးတို့ မြေခတဲ့ မန္တလေး
မြို့မငြိမ်း အခြေမလှခဲ့တဲ့ မန္တလေး
“အောင်ကျော်ချမ်းအေး မန္တလေး” တဲ့
ချမ်းအေးရဲ့ မချမ်းအေးရဲ့ ဆိုတာ
အောင်ကျော်နဲ့ တွေ့မှ မေးကြည့်ပါ…။
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား
တို့ဗမာအစည်းအရုံးရဲ့ ကြွေးကြော်သံများ
အရုပ်စာတွေကြားမှာ ရွဲ့စောင်း
(ဦးကောင်း)ရေ
ခင်ဗျား လိမ်ထုတ်ထုတ်၊ မထုတ်ထုတ်
……………………………………………..
(ဟုတ်ကဲ့)
ထောက်ခံငြင်းဆန်တဲ့အလုပ်
ကဗျာဆရာ ဘယ်နဲ့လုပ်သိပါ့မလဲ။ ။
လူသစ်ထက်
၁၉၉၆ ထုတ် ရာစုသစ် မြစ်ကျဉ်း ၊၄၊ မှ ကဗျာပါပဲ။ ကဗျာစာမျက်နှာမှာ မီးပွုင့်ပုံလေးနဲ့ စက္ကန့်အချိန်ပြနံပါတ်ကို တရုတ်စာနဲ့ ထိုးထားပါတယ်။ scanner မရှိလို့ ခံစားလို့ ရအောင် ပြောပြတာပါ။ နားလည်ကြမယ်လို့ မျှော်လင့်ပါတယ်။
အားလုံးပဲ ပျော်ရွှင်ဖွယ် ၂၀၀၇ ဖြစ်ပါစေ။
posted by boedawgyi
u|efawmfwdk@&J@pD;qif;aeqJjrpfw
owd,jcif;awGeJ@
u|efawmhfaumif;uifwpfckvHk;
tHkr_dif;vdk@omaeawmhw,f²²²
udkxufrdk;a&²²²
}uHav;wpfacsmif;
cdk;pm;rd,HkeJ@uav;av;awGudk
axmif(6)vcswJh EdkifiHrSm
olykefjzpf&wm
cifAsm;twGuf *k%f,lp&m
ausmif;om;uae
olykefjzpf
cifAsm;uvrf;jycJhayrJh
u|efawmfucifAsm;udk
enf;enf;av;awmif raz;rEdkifcJh²²²
ar@r&EdkifwJh
17²&²2004 &ufae@n
cifAsm;eJ@u|efawmfwdk@
aomufwJht&ufcGufxJrSm
cifAsm;pum;awG
rD;[kef;[kef;xawmufw,f²²²
“ausmif;om;wyfrawmfqdkwm
iSufzsm;rdaewJhaoewfwpfvuf
r[kwfbl;²²
wpfae@rSm
jynfolawGtwGuf
ppfbDvl;awG&J@tpG,fudkvufeJ@
wufcsLd;rJholawGomjzpfw,f”wJh
“²²²²²²²²²²²²²&,f
wwd,EdkifiHawGudk
roGm;ygeJ@²²²²²
u|efawmfwdk@twlwltvkyfvkyf&atmif”wJh
cifAsm;u ,Hk=unf&mvrf;rSm
csDwuf&if; usqHk;&olyg
u|efawmfu a=uuGJ&if; &yfwef@aeolyg
wu,fqdk
cifAsm;raooifhygbl;²²²²²²
rdk;pJae
မိုးစဲနေ ဆိုတဲ့ အထက်က ကဗျာရေးတဲ့ အစ်ကိုကြီးဘဲ ပို့ပေးတာပါ။
Beautifully made, this mesmeric film captures the heartbreaking ruin of Burma’s young girls.
Click here to watch the 10mins trailer posted by boedawgyi
အာဏာရှင်တို့၏ လူသားချင်းမစာနာ အမျိုးမျိုးအဖုံဖုံ ညှင်းပန်းနှိပ်စက်မှုကြောင့် အောက်တိုဘာ ၁၆ ရက်နေ့တွင် ကျဆုံးသွားသော အာဇာနည်ကျောင်းသား ကိုသက်ဝင်းအောင်ကိုရည်စူး၍ အမှန်တရားလိုလားသူ ဗမာပြည်သူပြည်သားတိုင်းရင်းသားတို့၏ှ လွမ်းဆွတ်မှုကဗျာများ ဆုတောင်းမေတ္တာပို့သမှုများကို မှတ်တမ်းတင်ထားသော ဗီဒီယိုဖြစ်ပါတယ်။ ဗီဒီယိုဖိုင်လ်ကို ပေးပို့သူကတော့ ကိုကြည်မိုး ခေါ် ကိုသံလွင်မိုးပါ။ ရိုက်ကူးထုတ်လုပ်သူကတော့ မြန်မာနိုင်ငံလွတ်လပ်သည့် သတင်းအေဂျင်စီကပါ။
သူငယ်ချင်းရေ....
ဒီည အမေ့ကို အရမ်းလွမ်းတယ်ဗျား.... ကလေးတွေရဲ့အသက်ဘေးရယ် ကိုယ့်အသက်ရယ်ကို ကာကွယ်ဖို့
သေနတ်မကိုင်ချင်ဘဲနဲ့ကိုင်နေရတဲ့ဘဝတွေ တကယ်ဘဲကျွန်တော်တို့အမိမြေမှာရှိနေခဲ့ရတာကြာပါပြီဗျာ....
တကယ်ဘဲအသဲကွဲရပါတယ်ဗျား
ခင်မင်မှုများဖြင့်
နေဦးအောင်
ကျွန်တော့်မေးလ်ကို ဖရန့်စတားကနေမှတဆင့်သိတဲ့ သံလွင်မိုးဆိုတဲ့ အစ်ကိုကြီးက ဓါတ်ပုံတွေနဲ့တကွ အထက်က စာကိုပါ တွဲပို့ပေးပါတယ်။
ဓါတ်ပုံတွေကြည့်ပြီးတော့လဲစိတ်မကောင်းပါဘူး။
ရိုးရိုးလေးရေးထားတဲ့ ကိုနေဦးအောင်ဆိုတဲ့ ကျွန်တော်မသိတဲ့ တောတွင်းစစ်သားတစ်ယောက်ရဲ့စာက လည်း စိတ်ဘဝင်ကို ဆွဲယမ်းနိုင်တယ်ဗျာ။ ကိုနေဦးအောင်လို မျိုး စစ်သားတွေလဲ အများကြီးပါဘဲ....မြန်မာပြည်တင်မဟုတ်ပါဘူး ကမ္ဘာ့နိုင်ငံတွေမှာပါ။ အာဏာကိုခုတုံးလုပ်ပြီး အာဏာရှင်တွေကရမ်းချင်သလိုရမ်းတယ်။ဒါပေမယ့် တကယ်တမ်းခံရတာကျတော့ ဘာမှမသတ်ဆိုင်တဲ့ အပြစ်မဲ့လူသားတွေပါဘဲဗျာ။ တော်သင့်ပါပြီ။ ရပ်သင့်ပါပြီ။စိတ်တွေလဲထောင်းလို့ ကိုယ်တွေလဲကြေနေပါပြီ။ နံနက်မိုးလင်းရင် အပြုံးကိုယ်စီနဲ့ ငြိမ်းချမ်းတိုးတက်တဲ့ နိုင်ငံတွေမှာလို တစ်ဦးနဲ့တစ်ဦး မင်္ဂလာပါလို့ ကောင်းကောင်းမွန်မွန် နှုတ်ဆက်ချင်ပါပြီဗျာ။
ကျွန်တော်မသိတဲ့ ဘဝတွေကို ဓါတ်ပုံ စာတွေနဲ့တကွ ဝေမျှပေးလို့ ကျေးဇူး ကိုသံလွင်မိုး
မှတ်ချက်။ ။ ခေတ်ပြိုင် တွင်လဲ ထိုင်းအခြေစိုက်မြန်မာတိုင်းရင်းသားတို့၏ ရင်နင့်ဖွယ် ဘဝများကို လည်း အသည်းကောင်းရင် ဖတ်ရှုနိုင်ပါတယ်။ ဓါတ်ပုံတွင်တွေ့ရသော ကရင်တိုင်းရင်းသားအမျိုးသမီးဘေးတွင်ရှိသော သေနတ်မှာ တကယ်တိုက်ပွဲတွင်သုံးသောသေနတ်လား ဓါတ်ပုံရိုက်ခါနီးမှ ဘေးမှာချပေးသောသေနတ်လားဆိုသည်ကိုတော့ ကျွန်တော်လည်းမသိပါ။ ကျွန်တော်သိသည်မှာကတော့ အမှန်တကယ်ပင် ဆင်းရဲနွမ်းပါပြီး နည်းမျိုးစုံနှင့်အနှိမ်ခံနေရသည်ဆိုတာပါဘဲ။ posted by သက်စံ
ကျွန်တော့်ကို အွန်လိုင်းသူငယ်ချင်း ဘလောဂ်ရေးဖော် လဲဖြစ် ယုံကြည်ချက် တူတာခြင်းလဲဖြစ်တဲ့ ကိုကြယ်စင်က မေးလ်လေးပို့ပေးပါတယ်။ မေးလ်နဲ့အတူ အတက်ခ်ျဖိုင်လေးပါလာပါတယ်။ စာအုပ်တစ်အုပ်ပါ။ စာအုပ်နာမည်က အရေးတော်ပုံ(၄)စောင်တွဲတဲ့။အောက်ကဟာက သူရေးထားတာပါ။
History is not just written in book. It's also written in heart. Can change history from books but not from souls.
အဲဒီစာအုပ်လေးဖတ်ကြည့်တော့ အတော့်ကိုကောင်းတာနဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာပြည်နိုင်ငံရေးသမိုင်းကို ကျွန်တော့်လိုဘဲ မမှီလိုက်တဲ့ သူငယ်ချင်းတို့ကို ထပ်ဆင့် မျှဝေလိုက်ပါတယ်။
အရေးတော်ပုံတွေကတော့
၁၉၇၄ မေ-ဇွန် အလုပ်သမားအရေးတော်ပုံ
၁၉၇၄ ဒီဇင်ဘာဦးသန့်ဈာပနအရေးတော်ပုံ
၁၉၇၅ ရွှေတိဂုံအရေးတော်ပုံ
၁၉၇၆ မတ် မှိုင်းရာပြည့်အရေးတော်ပုံ
ကျေးဇူး ကိုကြယ်ရေ
download posted by သက်စံ