ဗလာများ
ဖြတ်ပစ်လိုက်ကြ
ကြားရက်နဲ့ ပင်းနေတဲ့ နားတွေ
ဖောက်ထုပ်လိုက်ကြ
မြင်လိုက်ရက် ကန်းတဲ့ မျက်စိတွေ
ပိတ်ပစ်လိုက်ကြ
လှလှပပ ဆွံ့အနေတဲ့ ပါးစပ်တွေ
ဟေ့…..
အတီးအမှုတ်သံ တညံညံနဲ့
ညစာစားပွဲ တည်ခင်းနေတဲ့
ဟင်းလင်းပြင် မျက်နှာတွေရေ
ဒီမှာ
မျက်စိမြင်သူတွေ
ငတ်နေကြလေရဲ့…..။
ဒွန်
၁၉၉၆ ဖေဖော်ဝါရီ ထုတ် ရာစုသစ် မြစ်ကျဉ်း ကဗျာ စုစည်းမှု ၊၄၊ မှ ကူးယူပါတယ်။ ဒီကဗျာလေးကို ဖတ်ပြီးရင် နားတွေ(ပင်းနေခဲ့ရင်) လည်း ကြားပါစေ၊ မျက်စိတွေ(ကန်းနေခဲ့ရင်)လည်း မြင်ပါစေ၊ ပါးစပ်တွေ(ဆွံ့အနေခဲ့ရင်)လည်း ပွင့်နိုင်ပါစေ လို့…..။ posted by Anonymous
1 Comments:
ကိုဂျန်- မြစ်ကျဉ်းစဆုံးလေးများရှိရင် မ-စပါလားဗျာ။ ကျနော့်မှာတော့ (၄) နဲ့ (၂) ရှိတာ (၂)က ခုလောလောဆယ်ပျောက်နေတယ်။
1:32 PM
Post a Comment
<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။