0
comments
|
Friday, November 10, 2006

သင်နွားနှစ်ကောင်ပိုင်တယ် ဆိုတာ နိုင်ငံရေး အယူအဆတွေကို သရော်ထားတဲ့ ရယ်မောစရာ ဝါကျတိုလေး တွေရဲ့ အစကနဦးစာကြောင်းပါ။ ဘာသာပြန်ဖို့ အရည်အချင်းမရှိလို့ ဖတ်ချင်ရင် အဲဒီမှာ သွားဖတ်နိုင်ပါတယ်။
အဲဒီဆိုဒ်မှာ ဗမာအကြောင်း မပါလို့ ဒီမှာ ဖြည့်စွက်ရေးလိုက်ပါတယ်။
ဗမာ့ဗျူရိုကရေစ်ီစနစ်
သင်နွားနှစ်ကောင်ပိုင်တယ်။ တစ်ကောင်ကို အစိုးရကို လှုလိုက်ပါ။နောက်နွား၁ဝ ကောင်သွင်းဖို့ ပါမစ်ကျလာမယ်။
ဗမာ့ဗျူရိုကရေစ်ီစနစ်
သင်နွားနှစ်ကောင်ပိုင်တယ်။ အဲဒီနွားတွေကို ပိုင်ဆိုင်ကြောင်းစာရင်းသွင်းရမယ်။ အဲဒီအတွက်နေပြည်တော်ကိုသွားရမယ်။ ပြီးရင် နွားနို့ညစ်ဖို့ ပုံစံ ၁၈ မျိုးလောက်ဖြည့်ရမယ်။ နို့ညစ်ဖို့ အချိန်မရှိတော့ဘူး။
ဗမာ့ဗျူရိုကရေစ်ီစနစ်
သင်နွားနှစ်ကောင်ပိုင်တယ်။ နွားနှစ်ကောင်လုံးကို ကြီးကြီးမာစတာ တစ်ယောက် ကိုလှူလိုက်၊ ပြီးရင်သူ့သမီးကိုယူလိုက်။ သင်နောက်ထပ် နွားအကောင်ပေါင်းများစွာ ပိုင်ပါလိမ့်မည်။
ကြံ့ဖွတ်
သင်နွားနှစ်ကောင်ပိုင်တယ်။နွားနှစ်ကောင်လုံး နို့ထွက်ကောင်းတယ်။ ကြံ့ဖွတ်က ဝင်သိမ်းမယ်။ မပေးရင် သင့်တာဝန်နဲ့ သင်သာဖြစ်တယ်လို့ သတိပေးခံရလိမ့်မယ်။
မူရင်းဆောင်းပါး posted by သက်စံ

0 Comments:
Post a Comment
<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။