1
comments
|
Friday, November 03, 2006
၁၉၈၈ စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းကြောင့် လက်နက်ကိုင် တော်လှန်မှသာ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ခဲ့ကြတဲ့ ကျနော်တို့ရဲ့ နောင်တော် ကျောင်းသားများရဲ့ ကဗျာပါ။ ၁၁နှစ်သား ဘ၀ ထဲက သူတို့လိုမုန်း၊ သူတို့လို နာကြည်းခဲ့လို့ ဒီကဗျာကို အလွတ်ရနေခဲ့ပေမယ့် ကဗျာရေးတဲ့ သူကိုတော့ မှတ်မထားမိခဲ့ပါဘူး။ အဲဒီအတွက် နောင်တော် ကဗျာဆရာကို ဒီနေရာကနေပဲ တောင်းပန်ရင်း ပေးဆပ်ခဲ့ကြတဲ့ အကိုတွေ၊ အမတွေနဲ့ ပေးဆပ်နေကြဆဲ အကိုတွေ၊ အမတွေ၊ ညီတွေ၊ ညီမတွေကိုပါ ဦးညွှတ်ပါတယ်။
ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် စသော မြစ်ကြီးများ
ခမ်းခြောက် သွားပါစေ။
သိမ်းဆည်း သိုမှီးထားသော စပါးကျည်ကြီးများ
ကုန်ခမ်း သွားပါစေ။
ငြိမ်းချမ်းရေး ချိုးငှက် အသက်ရှု ရပ်ထားပါ၊
ငြိမ်းချမ်းရေး ချိုးငှက် အသက်ရှု ရပ်ထားပါ။ posted by Anonymous

1 Comments:
lord praise the dove!!
12:49 PM
Post a Comment
<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။