ဓါးမွမ်းရာဗလပွနဲ့ မျက်လုံးထဲကပုံရိပ်တွေ
နားထဲက သံရည်ပူငရဲပွက်သံတွေ
တစစီဆုတ်ဖြဲခံခဲ့ရတဲ့ ဘဝတွေ
အမေအိုတို့ရဲ့ သည်းချေပျက်မျက်ရည်တွေ
ညစ်တီးညစ်စုပ် မျက်နှာဖုံးတုတွေ
ဒါတွေကို ဘယ်လိုနည်းလမ်းတွေနဲ့မေ့လို့ရမှာလဲ
ပြောစမ်းပါဦး
ချစားနေတဲ့ ကုမ္ပဏီယဉ်ကျေးမှုတွေနဲ့လား
နိုက်ကလပ်တွေထဲက ချောကလက်ရောင်မိတ်ကပ်တွေနဲ့လား
အုတ်အော်သောင်းတင်း ဘီယာဆိုင်တွေနဲ့လား
မာယာကြွယ်တဲ့ သချာင်္တွေနဲ့လား
အဲဒါတွေနဲ့ မေ့လိုက်စမ်းလို့
ခင်ဗျားတို့ပြောစမ်းပါဦး
ပြောစမ်းပါဦး
ခင်ဗျားတို့ ထပ် ထပ်ပြီး ပြောစမ်းပါဦး
နယ်ချဲ့ရန်ကနေ ကယ်တင်ခြင်းဆိုတာတွေ
အလိမ်မိုးမွှန်နေတဲံ့ အီးယောင်ဝါး ညီလာခံဆိုတာတွေ
ယောင်တိယောင်ချာ အမျိုးသားစည်းလုံးမှုဆိုတာတွေက
အတိတ်တစ္တေကို ကုစားနိုင်လိမ့်မယ်လို့
“ဂလု”ခနဲနေအောင် တံတွေးကိုမျိုချပြီး
ပြောစမ်းပါဦး
မျက်လုံးစုံကန်းအောင်မှိတ်ပြီး မေ့ပစ်ချင်လို့ပါ။ posted by သက်စံ
2 Comments:
ကြိုက်တယ်
1:54 AM
great poem!
12:58 PM
Post a Comment
<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။