ကျွန်တော်ဒီနေ့ သိလိုက်ရတဲ့ အဇြစ်အပျက်တစ်ခုအကြောင်းပါ။
အမြဲတမ်းလိုလိုဝင်ဖတ်ဇြစ်တဲ့  လင်းလက်ကြယ်စင်ရဲ့  Account ကို
ရန်ကုန်က လူတစ်ယောက်က ဝင်ဖျက်(Hack)လိုက်တယ်ဆိုတာပါ။
လင်းလက်ကြယ်စင်ဆိုတာ ၁၈နှစ်ပဲရှိပါသေးတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ 
ကျွန်တော်တို့ နိုင်ငံအကြောင်းကို သူသိသလို သူထင်မြင်ယူဆသလို
ရိုးရိုးသားသား လွတ်လွတ်လပ်လပ် ရေးနေသူ မိန်းကလေးတစ်ယောက်ပါ။
ဆိုတော့  ဖျက်တဲ့ လူက (နအဖ)ကိုယ်စားမနာလိုမရှူဆိမ့်နိုင်ဘဲ ညီမ(လင်းလက်ကြယ်စင်)
password ကို ခိုးယူပြီး အားလုံးဖျက်ပြစ်လိုက်တယ်ဗျာ။
ကာယကံရှင် ညီမကိုယ်တိုင် ဘယ်သူဖျက်တယ်ဆိုတာပြောပြပါတယ်။
ကာယကံရှင်တော့ မသိဘူး ကျွန်တော်တော့ တော်တော်လေး နှမြောမိတယ်။
ပိုပြီးနှမြောမိတာက ဖျက်တဲ့သူရဲ့  ပညာအရည်အချင်းပါ။
သူဒါမျိုးတွေဒီလောက်တတ်နေရင်ဗျာ ကျွန်တော်တို့ နိုင်ငံဒီမိုကရေစီအမြန်ဆုံးရဖို့  အတွက်တဖက်တလမ်းကနေ ပါဝင်ကူညီလို့ ရရဲ့ သားနဲ့ ။ အခုဟာက သူကိုယ်တိုင်လည်းမလုပ်နိုင် လုပ်နေသူတွေကိုလည်းနှောင့်ယှက်ဖျက်ဆီး။အဲဒီလူကို နှမြောလည်း နှမြောတယ်။ပြီးတော့  ကျွန်တော်သနားလည်းသနားတယ်။ အထက်ကလူကခိုင်းလို့  ကြောက်ပြီးတော့လုပ်ရတာဘဲဖြစ်ဖြစ်၊ သူကိုယ်တိုင် လာဘ်လာဘမျှော်ကိုးပြီး မျက်နှာလိုမျက်နှာရလုပ်တာဘဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်ဘဲဖြစ်ဖြစ် အဲဒီလိုလူတွေကိုဆိုရင် အသက်ကောင်းကောင်းမရှူတတ်သေးဘူးဆိုပြီး တွေးသနားတယ်။
အာဏာရှင်အလိုကျလုပ်ရတာဟာသိပ်ပြီးအန္တာရယ်ကြီးတယ်ဆိုတာ
အလိုကျတုန်းခဏဘဲ။အလိုမကျတော့ရင် စိစိညက်ညက်ကျေအောင်နင်းခြေဖျက်ဆီးပစ်တယ်ဆိုတာ
သူမသိဘူးလားမသိဘူး။ဆိုတော့ သူ့ ဘ၀တလျှောက်လုံး အာဏာရှင်အလိုကျကပြရတော့မယ်။
အာဏာရှင်ကဒါမှန်တယ်ဆိုရင် မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ သူပါလိုက်မှန်ရတော့မယ်။
ဘယ်မှာလဲ သူ့ ရဲ့ ကိုယ်ပိုင်အယူအဆ၊ဘယ်မှာလဲ သူ့ ရဲ့ လွတ်လပ်မှု။လူဖြစ်ရတာ မတန်လိုက်တာ။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောသလို ထမင်းတလုပ်အတွက်ထင်းခုတ်စားလို့ ရတယ် လို့  ဘဲပြောချင်လိုက်တာ။ဒီဘက်ခေတ်ကြီးမှာ သူ့ လိုအရည်အချင်းမျိုးနဲ့  ထင်းခုတ်စားနေစရာလည်းမလိုပါဘူး။အခုတော့ လူတကာရဲ့ ပြစ်တင်ရှူံ့ ချမှူ ကိုခံရတော့မယ်။အဲဒီလိုလူတွေအတွက် ကဲ့ရဲ့ ခုနှစ်ရက် ချီးမွမ်းခုနှစ်ရက်ဆိုတဲ့စကားကမမှန်တော့ဘူး။
တသက်လုံးသူမပြင်မခြင်း သွားပြီ။ သူု့ ကိုအကောင်းဆုံး အကြံပေးချင်တာ ကတော့ အမှားပြင်ပြီး
မတရား တဲ့အာဏာရှင်စနစ်ဆိုးကြီးကို အများနဲ့ အတူတူ ဆန့် ကျင်ဖီဆန်တွန်းလှန်ဖို့ ပါဘဲ။ ညီမလေးလင်းလက်ကြယ်စင်က တော့ ဒီဘလောဂ်ပျက်လည်း နောက်ဘလောဂ်တစ်ခုလုပ်ပြီးရေးနေဦးမှာဆိုတာကိုလည်း အဲဒီလူကိုသိစေချင်တယ်။
အမှန်တရားရဲ့ အသံကို အမိုက်ခံ မပိတ်ချင်စမ်းပါနဲ့  ကိုယ့်လူရေ။
ရေထဲအရုပ်မရေးချင်စမ်းပါနဲ့ ။ posted by သက်စံ
3 Comments:
Dear Sein Myauk Myauk
Kindly request you not to hot link my rip way font file pls. Cuz ripway has bandwidth limitation. Thank!
12:03 PM
Dear Sein Myauk Myauk,
Request you not to hot link my ripway font file directly. You can create and host there easily. Cuz ripway has bandwidth limitation. Thank.
12:05 PM
ပြသနာမရှိဘူးအကို… စာကိုပဲဖျက်လို့ရမယ်.. ညီမလက်ကို ရိုက်ချိုးလို့မရဘူး.. ပါးစပ်ရှိသေးတယ်. ဦးနှောက်ရှိသေးတယ်.. လက်၂ဖက် ခြေ၂ဖက်နဲ့ အမြဲတမ်း မှန်ရာကို မပြောရဲတဲ့လူတွေရှုံ့ချနေတဲ့ကြားက ပိတ်နေတဲ့နားတွေ မျက်လုံးတွေအတွက် ညီမဆက်ရေးသွားမှာပါ….. ညီမဘလော့ခ်ကို ဖျက်သွားတဲ့သူ့ကိုပဲ အတော်နှမြောမိသလို ရွံရှာသွားမိတယ်… သူ့အတွက်ပဲ စဉ်းစားစိတ်မကောင်းဖြစ်မိပါတယ်..
5:32 PM
Post a Comment
<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။